အိုးဝေရဲ့ဆုတောင်း

>> Monday, May 5, 2008

နှာကစ်တဲ့နာဂစ်
ဘာဖြစ်လို့လာရစ်တာလဲ
ဆဲဆိုဖို့မရဲပေမယ့်
မွဲတေတဲ့လူတွေကိုပဲ
နင်ကအသဲတွေခွဲတယ်။

ဟယ်…ကမ်းကုန်တဲ့မုန်တိုင်း
လမ်းကြုံလို့ဝင်ရိုင်းတာလား
အနေအထားကဗြောင်းဆန်
ကောင်းရန်ကမရှိ လူတွေလည်းငိုမိကြပြီ။

ရာသီတွေအလီလီပြောင်း
ခေတ်စနစ်တွေထောင်းလို့ ညက်ညက်ကျေ
ဒီကြားထဲနင်က၀င်မွှေတော့
သေပါလေရောကွယ်။

အနယ်နယ်အရပ်ရပ်မှာ
ဈေးနှုန်းတွေခုန်တက်
အရှင်လတ်လတ်ငရဲပြည်ပို့တော့
ဘယ်လိုလုပ်အသက်ဆက်မလဲ။

ဖရိုဖရဲနဲ့ ငိုပွဲတွေလည်း မစဲဘူး
မပဋာ တို့မြေလူး
နင်ကရူးအောင်ရက်စက်
တကယ်ပဲလုပ်ရက်တယ်။

အဝေးကတို့တစ်တွေ
ချစ်တဲ့မြန်မာပြည်မှာ
ကပ်ဆိုးတွေ မဆိုက်ပါစေနဲ့ရယ်လို့
အမျှဝေရင်းဆုတောင်း
ဒီအကြောင်းတွေ.....
သိကြားမင်းကြီးသိပါစေတော့ကွယ်။
ဘုရားဆင်းပြီးကြည့်ပါစေတော့ကွယ်......။

5 comments:

Anonymous May 5, 2008 at 5:12 PM  

Без слов.
5+

ဆုတောင်းယုံပဲတတ်နိုင်တော့ ဆုပဲတောင်းရတာပေါ့ဗျာ။

Anonymous May 5, 2008 at 5:40 PM  

တကယ်ဆင်းပြီးကြည့်ရင်းဆုတောင်းတဲ့လူတွေကိုအရင်ကြည့်မှာနော။ ခြောက်စားတာမဟုတ်ဘူး။

Anonymous May 5, 2008 at 6:56 PM  

ကိုလူအေးကဗျာအတွက် ၀မ်းသာမိပါတယ်..မြန်မာပြည်သူပြည်သားအပေါင်း....
ကျန်းမာချမ်းသာကြပါစေ...

tmn May 5, 2008 at 9:39 PM  

Отлично!!!

အညာသား May 6, 2008 at 3:05 AM  

မြန်မာပြည် အေးချမ်းသာယာပါစေ။

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP