မဇနိရဲ့ မွေးနေ့ပွဲ မှတ်တမ်းတင် ဓါတ်ပုံများ

>> Wednesday, May 7, 2008

ဒီနေ့ အိုးဝေမှာ သူငယ်ချင်းတွေ ဆုံပြီး အာလူးဖုတ်နေကြတုန်း မှတ်တမ်းတင် ဓါတ်ပုံလေးတွေ ရိုက်ထားပါတယ်။ ပထမဆုံးကတော့ ချောချောလှလှ သဘောကောင်း အပြောချို ပညာတတ် ဘာညာဘာညာ စသည်ဖြင့် အကောင်းတွေအကုန် ပြည့်စုံနေတဲ့ ကေလေး ပေါ့။



ဒါက မွေးနေ့ရှင်လေး မဇနိပါ။ သူ့မွေးနေ့ကိတ်ကို သူများမစားခင် ဦးအောင် အတင်းနင်းကန်စားနေတုန်း ရိုက်လိုက်တာပါ။ ဘယ်နှစ်နှစ်မြောက်လဲလို့ မေးတော့ ”သိချင်ရင် ဖေဖေ့မေး” လို့ ပလုတ်ပလောင်းနဲ့ ပြန်ဖြေပါတယ်။


မွေးနေ့ရှင်ရဲ့ ဒယ်ဒီ ကိုဇနိပေါ့။ သူလဲ ကူညီချက်ပြုတ်နေရတော့ မီးဖိုထဲမှာပဲ ရိုက်လိုက်တယ်

သူလေးက စစ်ကိုင်းသူ။ ဖျာလိပ်နတ်ကို ဘာမေးရပါ့လို့ စဉ်းစားနေတာလေ

တူဒေးကတော့ မုန့်တွေစားရလို့ ပျော်နေတာ။ ဘယ်သူတွေ ဘာပြောပြော ငါ ကတော့ မုန့်မှမုန့်ပဲတဲ့။

မောင်လုံးက သူ့နွားတွေ မနိုင်လို့ စိတ်တိုနေတယ်။ စကားကိုကောင်းကောင်းမပြောရဘူး နင်တို့နဲ့တော့ခက်တယ်လို့ ကြိမ်းမောင်းနေလေရဲ့။

မောင်ဖြူကတော့ သူ့ကို ဗိုက်ပူလို့ခေါ်လို့ ဆန်အကြွေးမပေးဘူးကွလို့ ခြိမ်းခြောက်နေတာပေါ့

ဒါကတော့ မဇနိအတွက် အိုးဝေက အမှတ်တရ မွေးနေ့ကိတ်လေးပါ။

မဇနိရေ သက်ရှည် ကျန်းမာ စည်းစိမ် ပညာတိုးလို့ ဘောလုံးပွဲတိုင်း နိုင်ပါစေ……

9 comments:

Anonymous May 7, 2008 at 1:09 AM  

ဟဟ ဘောပွဲတိုင်းနိုင်ပါစေတဲ့။
အယောက် ၁၀၀ ဆို အသင်းဘယ်လောက်ရပါ့…
ဘောလုံးအသင်း ၀ယ်ကြဦးမလား…
မ၀ယ်ချင်လည်း အလကားပေးမယ် ဟေ့။

Anonymous May 7, 2008 at 1:12 AM  

ကိုဇနိက သားပေးမယ်တဲ့
အပှိုကြီးတွေ တန်းစီ

Anonymous May 7, 2008 at 1:22 AM  

စစ်ကိုင်းသူရဲ့ ငှက်ပျောတော ဘောလုံအသင်းနဲ့ တို့ရဲ့ ပူပူပြောင်ဘောလုံးအသင်း တစ်ပွဲတစ်လမ်းတော့ အကဲအစမ်းချင်ပါသေးတယ်။
ကေဖိုး ရဲ့ ဘောလုံးအသင်းကရော နာမည်ဘာပါလိမ့်။
ကဲကဲ နာမည်မရှိသေးရင် နာမည်ပေးမည် သဘောတူရင် ယူ - “မန်ချက်စတာယူနိုက်တက်” ကို အတုခိုးပြီး “ဟော့စကီ ကူနိုက်တက်” ဆိုပြီး နာမည်ယူပါ့လား။

Anonymous May 7, 2008 at 11:55 AM  

ကေလေးရေ
မှတ်တန်းတင်ပုံတွေက အတော်လှတာပဲနော်
ဘယ်ချိန်က ခိုးရိုက်တာလဲ
နာ့ဖေဖေက အလှဆုံးကွ...
မောင်လုံးရယ် တူမှတူပလေ
ကိုဖြူညစ်ကျယ်ကျယ်တာ ခုထိပဲလား
မောင်လူအေးလေး ကျောင်းသွားနေတော့
မှတ်တမ်းထဲ မပါဘူးနော်
စစ်ကိုင်းသူက ဘယ်သူ့အဖြေပေးရမလဲ
စဉ်းစားနေပုံပဲ
ကေလေးကတော့ ပဲများနေတယ်
ကေလေး နာ့ဦးထုပ် ကျန်ပေးးး
နာ့ဖေကြီး ဗိုက်ဗိုက်ပူနေတယ်
ဘောလုံးပွဲက မီးမီးနဲ့ဆိုင်ဘူးနော်

Anonymous May 7, 2008 at 1:07 PM  

အမ်
သားကိုအဲလိုခေါ်နဲ့လေ။ ဆန်ကြွေးကအပျိုကြီးအဆောင်မှူးကိုပေးပြီးပြီ။ ကျေပြီနော် :P

tmn May 7, 2008 at 1:12 PM  

ဟား...ဟား...ဟား....ဗိုလ်အောင်ဒင်ပြန်လာပီ...မှားကုန်ပီ...ငါ့နွားတွေ သိမ်းပီးသွားပီ...:D

Anonymous May 7, 2008 at 1:28 PM  

သမီးတစ်ကောင်နွားတစ်ထောင်ဆိုတော့ ကိုကြီးလုံး နွားဘောလုံးအသင်းထောင်ပါ့လား။

Anonymous May 7, 2008 at 9:39 PM  

ခဏစောင့်
ကေလေးက ဘာတွေ တအံ့တသြဖြစ်နေတာလဲ။ မျက်လုံးအပြူး၊ ပါးစပ် အဟောင်းသားနဲ့။ မဇနိက ကိုဇနိကိုတောင် ခွန့်မကျွေးနိုင်တော့ဘူးပေါ့လေ။ အစားပုတ်နေလိုက်တာ။ သမီးရဲ့ဖေဖေက မျက်မှန်ကြီးဘယ်ရောက်သွားလဲ။ စစ်ကိုင်းသူတစ်ယောက်ခမျာ မဇနိပြောသလို စဉ်းစားချင်ပေမဲ့ ပြောထားတဲ့သူ တစ်ယောက်မှ မရှိလို့ ခက်နေတယ်။ တူဒေးကတော့ တကယ်ကို ပျော်နေပုံပဲ။ ဒီလို မစားရတာကြာပြီနေမှာ။ မောင်လုံးတစ်ယောက်ကတော့ ဒီအတိုင်းဆို အသက်တိုလိမ့်မယ်နော။ မောင်ဖြူပုံက အတူဆုံးထင်တယ်။ ကိုလူအေးက သူ့ပုံ ရုပ်ဆိုးဆိုး သူများ မြင်မှာမို့ ထွက်ပြေးနေတာလေ။ ဓာတ်ပုံ အရိုက်မခံနိုင်ဘူးတဲ့။

Anonymous May 7, 2008 at 9:43 PM  

မဇနိတို့မှား ကိုယ့်ပူပြောင်ကို ပိန်အံ့ထင်နေလိုက်တာ။ ကျန်တဲ့သူတွေလဲ လှပါတယ်ကွဲ့
စစ်ကိုင်းသူရေ ကေလေးက အံ့သြနေတာ..ဟယ် ငါဒီလောက်လှပါလားလို့..ဟိဟိ

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP