ဖန်ခွက်နတ်နှင့် အင်တာဗျူးခြင်း

>> Friday, May 2, 2008


စစ်ကိုင်းသူ : နာမည် ဘယ်လိုခေါ်ပါသလဲ။
ဖန်ခွက်နတ်: Hein Aung
စစ်ကိုင်းသူ : ကိုဟိန်းအောင်က ဘယ်ဇာတိပါလဲ။
ဖန်ခွက်နတ်: Insein, Yangon
စစ်ကိုင်းသူ : အသက်ရော ပြောလို့ရမလား။
ဖန်ခွက်နတ်: 28
စစ်ကိုင်းသူ : ပညာအရည်အချင်းကရော။
ဖန်ခွက်နတ်: Y.I.T Third Year


စစ်ကိုင်းသူ : ဘယ်တုန်းက ဆုံးတာလဲ မသိဘူးနော်။
ဖန်ခွက်နတ်: Last 9 Years
စစ်ကိုင်းသူ : သြော် ကြာပြီပဲ။ အရင်ကရော ဒီလိုမျိုး အမေး အဖြေလုပ်ဖူးပါသလား။
ဖန်ခွက်နတ်: No
စစ်ကိုင်းသူ : ဘာလို့လဲ မသိ။
ဖန်ခွက်နတ်: None call like that.
စစ်ကိုင်းသူ : အခုလို အမေးအဖြေလုပ်ရတာရော ပျော်ပါသလား။
ဖန်ခွက်နတ်: Yes
စစ်ကိုင်းသူ : သြော် အဲဒါဆို နောက်ခေါ်ရင်ရော လာမှာလား။
ဖန်ခွက်နတ်: Yes
စစ်ကိုင်းသူ : ကိုဟိန်းအောင် ဘာပြောချင်ပါသေးလဲ။
ဖန်ခွက်နတ်: Contact my home and tell them I am here.
စစ်ကိုင်းသူ : အိမ်ကို၊ ဘယ်လိုပြောပေးရမှာလဲ။
ဖန်ခွက်နတ်: By phone. ---------
(ဖုန်းနံပါတ်တစ်ခုပေးပါတယ်။)
စစ်ကိုင်းသူ : ကိုဟိန်းအောင်အတွက် တစ်ခုခု အလှူဒါနပြုပြီး အမျှဝေပေး ရမလား။
ဖန်ခွက်နတ်: No
စစ်ကိုင်းသူ : ဘာလို့လဲ။
ဖန်ခွက်နတ်: I don’t want to be human being nowadays.
(ဒီခေတ်ကြီးထဲမှာ လူပြန်မဖြစ်ချင်ဘူးလို့ ဖြေတဲ့ အဖြေကို စစ်ကိုင်းသူတို့တတွေလဲ ဘယ်လိုနားလည်ရမှန်းမသိ ဖြစ်သွားပါတယ်။ လူက ဝိညာဉ်ထက် ပိုအဆင့်မြင့်တာကို။ အင်းပါ ကိုယ် လိုက်မမီတဲ့ ကိစ္စ မစဉ်းစားတာပဲ ကောင်းပါတယ်။)
အဲဒါနဲ့ပဲ အင်တာဗျူးကို လက်စသတ်နိုင်အောင် ကြိုးစားရပါတော့တယ်။ တော်ကြာ ကိုယ်နားမလည်တာတွေ ထပ်ပါလာရင် ဝိညာဉ်လောက်တောင် မသိဘူး ဖြစ်နေမှာ စိုးရတယ်။ ဒီလိုနဲ့ပဲ ကိုယ်မမေးတော့ဘဲ သူ့ကို ပြောဖို့ အလှည့်ပေးလိုက်ပါတော့တယ်။

စစ်ကိုင်းသူ : တခြားရော ဘာပြော စရာ ရှိသေးလဲ။
ဖန်ခွက်နတ်: No
စစ်ကိုင်းသူ : အခုလို ဖြေပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။

ပထမဆုံး တစ်ယောက်နဲ့ ပထမဆုံး အခေါက် အင်တာဗျူးခြင်းကို နမူနာ အနေနဲ့ ဖော်ပြလိုက်ပါတယ်။ နောက်ပိုင်းတော့ အဲဒါတွေတင်ဘယ်ကမလဲ အကုန် ပေါက်တတ်ကရ လျှောက်မေးကြတော့တာပါပဲ။ မောင်နှမ ဘယ်နှစ်ယောက်ရှိလဲကအစ၊ ရည်းစား ရှိလား အဆုံး၊ ရည်းစားက ချော မချောကပါသေး။ နောက်လူတွေကိုလဲ ထုံးစံအတိုင်းမေးကြတာပါပဲ။ ထူးဆန်းတာကတော့ ဝင်လာသမျှ Y.I.T က ချည်းပဲ ဖြစ်နေတာပါပဲ။ တစ်ခါပဲ Y.I.T က မဟုတ်တာ ဝင်လာဖူးပါတယ်။ အဲဒီတစ်ယောက်ကတော့ ဘာမှကို မေးလို့ မရပါဘူး။ မှန်ပေါ်မှာ လျှောက်ပြေးနေတော့တာပါပဲ။ စစ်ကိုင်းသူတို့လဲ ဘာလုပ်ရမှန်း မသိပေါ့။ နဲနဲကြာလာတော့ ပြန်ထွက်ပါဆိုတော့လဲ မထွက်။ အကုန်လုံးလဲ နည်းနည်းတော့ ကြောက်လာကြပြီ။ အဲဒီ အချိန်မှာပဲ တစ်ယောက်က ဘာစိတ်ကူးပေါက်လဲ မသိ၊ အသက် ဘယ်လောက်ရှိပြီလဲလို့ ကောက်မေးလိုက်ပါတယ်။ အဲဒီ တစ်ခုပဲ သူပြန်ဖြေပါတယ်။ ၂ လ တဲ့။ ရီရခက် ငိုရခက်။ အဲဒါကြောင့် မေးသမျှကို ဘာမှ ပြန်မဖြေနိုင်တာကိုး။ Glass Spirit ဖြစ်ဖို့ကလဲ အင်္ဂလိပ်စာ တတ်ဖို့လိုပါတယ်။ ဘာလို့လဲ ဆိုတော့ မေးသမျှကို အင်္ဂလိပ်လို စာလုံးပေါင်းပြရတာမို့ပါ။ မယုံတဲ့ လူက မယုံလောက်ပေမဲ့ ထူးဆန်းတာတော့ တော်တော့်ကို ထူးဆန်းတာပါ။ ဘာလို့လဲ ဆိုတော့ တချို့ ကိုဟိန်းအောင် ရေးလိုက်တဲ့ စာလုံးတွေကို စစ်ကိုင်းသူတို့ တစ်အုပ်စုလုံး တစ်ယောက်မှ မသိပါဘူး။ အဲဒါနဲ့ပဲ မှားပေါင်းသလားလို့ ထပ်မေးတော့လဲ အဲဒီ စာလုံးကိုပဲ ထပ်ခါ ထပ်ခါ ပေါင်းပြပါတယ်။ စစ်ကိုင်းသူတို့ကလဲ နားမလည်။ နောက်ဆုံး Glass Spirit လဲ စိတ်မရှည် ဖြစ်လာဟန်တူပါတယ်။ Use dictionary လို့ ရေးလာပါတယ်။ အဲဒီကျမှ ဟုတ်သားပဲ ဆိုပြီး အပြေးအလွှား စာအုပ်ရှာပြီး ကြည့်ရပါတယ်။ ရှိမယ်လို့တော့ မျှော်လင့် မထားမိပါဘူး။ ဒါပေမဲ့ အဲဒီ စာလုံးက တကယ်ကို ရှိနေပါတယ်။ တော်တော်အံ့သြစရာ ကောင်းတာပါ။ Glass Spirit ကလဲ ဝင်ရင် ဒေသစွဲလေးတော့ ရှိရှာဟန်တူပါတယ်။ စစ်ကိုင်းသူတို့ အုပ်စုခေါ်ရင် ကိုဟိန်းအောင် ဝင်တာ များပါတယ်။ အခန်းမှာက အင်းစိန်က တစ်ယောက်ရှိတယ်လေ။ ရှမ်းအုပ်စုခေါ်ရင်က တောင်ကြီးက တစ်ယောက်ဝင်တာ များပါတယ်။ ပုံမှန် ဝင်တာက ၃ ယောက်ရှိပါတယ်။ တစ်ယောက်ကတော့ သူ့နာမည်ကို အောင်ကျော်လို့ ပြောပါတယ်။ တောင်ကြီးက တစ်ယောက်ကိုတော့ သေချာ မမှတ်မိတော့ပါဘူး။ ကိုဦးဟန်လို့ ထင်ပါတယ်။ သြော် အင်တာဗျူးထဲမှာ ပြောထားတဲ့ ကိစ္စကို ဆက်ရဦးမယ်။ ကိုဟိန်းအောင်က ဖုန်းနံပါတ်ပေးတော့ စစ်ကိုင်းသူတို့ ခေါ်ကြည့်ကြပါသေးတယ်။ ကိုင်မဲ့လူ မရှိပါဘူး။ တကယ်တမ်း ကိုင်လာရင်တော့ ဘယ်လိုပြောကြမလဲ မသိ။ အခု ပြန်စဉ်းစားမှ မကိုင်တာပဲ တော်သေးတယ်လို့ အောက်မေ့ရပါတယ်။ မဟုတ်ရင် အလကားနေရင်း ဟုတ်လား မဟုတ်လားလဲ မသေချာ၊ ဟုတ်ရင်တောင်မှ အဲလိုဆို သူ့မိသားစုကရော ကြိုက်ပါ့မလား မသိ။ အဲဒီတုန်းကတော့ ငယ်သေးတော့ ဘာမှ မစဉ်းစားပါဘူး။ အထူးအဆန်းဖြစ်နေတာရယ်၊ သူက ဆက်ပေးပါဆိုတော့ သူများကို ကူညီရပါတယ်ဆိုပြီး ဆက်ကြတာလေ။ နောက်ပိုင်းလဲ ပျင်းတိုင်း ခေါ်ခေါ်မေးနေကြတော့ ကြာလာတော့ သူတို့တွေကို စိတ်ထဲမှာ ရင်းနှီးလာသလိုပဲ။ တခါတလေဆို ဝရန်တာမှာ ဖန်ခွက်သံ တဂျီးဂျီးတောင် ကြားနေရသလိုပဲ။ ဒါပေမဲ့လဲ ဘယ်သူမှ သိပ်မကြောက်ကြပါဘူး။ နောက်ပိုင်း အဆောင်မှူးသိသွားပြီ ဆူလို့သာ သိပ်မခေါ်ဖြစ်ကြတော့တာပါ။ နောက်တစ်ခေါက် MTU ကို ပြန်ရောက်တော့ ခေါ်ကြည့်မလို့ လုပ်ကြပါသေးတယ်။ မအောင်မြင်လိုက်ပါဘူး။ အဲဒီတော့ သူတို့တွေ ရှိသေးလား၊ မရှိတော့ဘူးလား မသိတော့ပါဘူး။ နောက်ကြုံရင်တော့ ပြန်တွေ့ချင်ပါသေးတယ်။

စစ်ကိုင်းသူ

5 comments:

မောင်ဖြူ May 3, 2008 at 8:47 AM  

ဖတ်လို့ကောင်းတယ်။
အဲဒီအကြောင်းတွေသေချာတော့မသိဘူး။ စိတ်ဝင်စားဖို့တော့ကောင်းတယ်နော်။ စစ်ကိုင်းသူသိမလားတော့မသိဘူး။ ခုနောက်ထပ် Spirit တစ်မျိုးထပ်ပေါ်နေပြန်ပြီတဲ့။ အဲဒါကတော့ Chatting Spirit တဲ့ :P။ ကြုံရင်မေးကြည့်လိုက်ဦးနော်။

tmn May 3, 2008 at 8:59 AM  

စစ်ကိုင်းသူတို့ခေါ်လိုက်တာ ယောကျာင်္းလေးတွေပဲ ၀င်လာတယ်နော်...မိန်းကလေးတွေရော ပါဘူးလား...:P ယောင်္ကျားလေးတွေခေါ်ရင် မိန်းကလေးဝိညာဉ်များဝင်လာမလားသိဘူး..စိတ်ဝင်စားဖို့တော့ကောင်းသား...

ဇနိ May 3, 2008 at 6:11 PM  

စစ်ကိုင်းသူရေ
ကျောင်းမှာ အခါကြီးရက်ကြီးပွဲလုပ်တာတွေ တိုင်းပွဲလုပ်တာတွေရော ရေးပါဦး။ မျှော်နေမယ်။

k4 May 5, 2008 at 11:39 PM  

ဟိတ်....မေးတာတွေအကုန်လျှောက်ရေးမနေနဲ့နော်
သူများမြှောက်ပေးတိုင်း...ဟင်း

Anonymous May 31, 2008 at 5:50 AM  

ah sa ka dar pae lar ...
kyan par tay tal ...
sat yae lay

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP