ကြားဖူးနားဝ ရီစရာများ(၁၀)

>> Thursday, May 8, 2008

ကျွန်တော်တို့ နိုင်ငံရဲ့ မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားမှူးဦးစီးဌာနရဲ့ တိကျမှန်ကန် မြန်မြန်ဆန်ဆန်နဲ့ အချိန်နဲ့ တပြေးညီ သတင်းပေးပုံလေးကို ဂုဏ်ပြုလို့ ဒီဟာသလေးကို ရေးလိုက်ပါတယ်။ ဖတ်ကြည့်ကြပါဦး…
ပင်လယ်ပြင်သို့ ငါးဖမ်းထွက်မည့်သင်္ဘောမှ မိုးလေ၀သဌာနသို့ ရာသီဥတု အခြေအနေနှင့်ပတ်သက်ပြီး တယ်လီဖုန်းဖြင့် သတင်းမေးမြန်းစုံးစမ်းလေသည်။
ငါးဖမ်းသင်္ဘော။ ။ ဟဲလို…မိုးလေ၀သဌာနကပါလားခင်ဗျာ… ပင်လယ်ပြင်ရာသီဥတုအခြေအနေကို သိချင်လို့ပါ။
မိုးလေ၀သဌာန။ ။ ဟဲလို…ဟုတ်ပါတယ်…မိုးလေ၀သဌာနကပါ…ပင်လယ်ပြင်မှာ မုန်တိုင်းရှိပါတယ်…အခု ကျွန်တော်တို့ဌာနနဲ့ မိုင် ၅၀၀ အကွာ ဘင်္ဂလားပင်လယ်မှာပါ…နာဂစ်လို့ အမည်ခေါ်ပါတယ်…အခု မြောက်စူးစူးကို ရွှေ့လျားသွားနေပါတယ်။
ငါးဖမ်းသင်္ဘော။ ။ နောက်တစ်နေ့သော်…ဟဲလို…မိုးလေ၀သဌာနကပါလားခင်ဗျာ…မုန်တိုင်း ဖြစ်တဲ့နေရာနဲ့ ရွှေ့လျားရာလမ်းကြောင်းကို သိပါပြီ။ ဘယ်လောက် လေတိုက်နှုန်းရှိပါသလဲခင်ဗျာ။
မိုးလေ၀သဌာန။ ။ ဟုတ်ကဲ့…အခု မြောက်စူးစူးကနေပြီး အရှေ့မြောက်အရပ် မြစ်ဝကျွန်းပေါ်ကို ဦးတည်နေပါတယ်။ စိတ်မပူပါနဲ့ခင်ဗျာ… အားပျော့သွားပါပြီ…မိုးအနည်းငယ်ရွာလိမ့်မယ်။
ငါးဖမ်းသင်္ဘော။ ။နောက်တစ်နေ့…ဟဲလို…ဟဲလို… မိုးလေ၀သဌာနကပါလား… မုန်တိုင်းအခြေအနေ သိချင်လို့ပါ…. ဟဲလို…ဟာ…ဧရိယာပြင်ဘက်ရောက်နေပီထင်တယ်… ဘာမှလဲမကြားရတော့ဘူး…
မိုးလေ၀သဌာန။ ။ ဟုတ်ကဲ့ပါ…”ကျွန်တော်တို့ကိုယ်တိုင် လေဘေးဒုက္ခသည်စခန်းမှာ ခိုလှုံနေရပါတယ်ခင်ဗျာ”

3 comments:

ဖိုးသောကြာ May 8, 2008 at 11:08 AM  

ကျွန်တော်တို့ နိုင်ငံကို အထင်အသေးပါနဲ့ဗျာ့။
သဘာဝ ဘေးအန္တရာယ်တွေသာ မကာကွယ်နိုင်တာပါ။
အကူအညီပေးချင်သူတွေတော့ ၀င်မရအောင် ကာထားနိုင်ပါတယ်ဗျာ့။

Anonymous May 8, 2008 at 12:36 PM  

ကိုမောင်လုံးကြီးကတော့
ကာလံဒေသံနဲ့လိုက်လျောညီတဲ့
ဟာသကို ဖန်တီးနိုင်တယ်ဗျာ

Anonymous May 8, 2008 at 2:21 PM  

ရယ်စရာဖတ်ပြီး
အတွေးတွေကရှည်
မေ့ပစ်ချင်တယ်tmnရေ

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP