ဘကြီးအောင်ညာတယ်

>> Sunday, May 4, 2008


စာရေးဆရာကြီးမင်းသုဝဏ်ရဲ့ ၁၉၃၂ခုနှစ်က တက္ကသိုလ်ကျောင်းတိုက်မဂ္ဂဇင်းမှာ ရေးသားခဲ့တဲ့ဝတ္တုပါ။ ခေတ်အလိုက် အင်မတန်လူကြိုက်များတဲ့ ဒီတ္တုလေးဟာခုထိလဲ တစ်ချို့ဘဝတွေနဲ့ထပ်တူနေဆဲမို့ ဝေမျှလိုက်ခြင်း ဖြစ်ပါတယ်။ စွဲလန်းခြင်းဟာလောင်မြိုက်စေတဲ့ မီးတစ်ပါးပါ။ ဆင်ခြင်သုံးသပ်တတ်မှု့ကို အရာရာတိုင်းအတွက် အချိန်ပေးနေပြန်တော့လဲ သံသယကြီးသူလို့ ထင်မြင်ယူဆကြပြန်ရော။ ဒီဝတ္တုလေးဖတ်ပြီးရင်(ဖတ်ပြီးသားသူတွေလည်းပြန်နွှေးပြီးရင်)………ဘယ်လိုခံယူချက်တွေနဲ့ ဘဝကိုရပ်တည်သည်ဖြစ်စေ မိမိကိုယ်ကိုရောသူတစ်ပါးကိုပါနာကျင်ခြင်း ကင်းတဲ့အတွေးအခေါ်၊ အပြုအမူ၊ အပြောအဆိုကိုတတ်နိုင်သမျှ မွေးမြူကျင့်သုံးခြင်းဖြင့် ဆရာကြီးမင်းသုဝဏ်ကို ဂါရဝပြုကြရအောင် လို့ပြောပါရစေ.......


ထိုနေရာတွင် ဒေါင်းလုပ်လုပ်၍ ဖတ်နိုင်ပါသည်။

2 comments:

Anonymous May 4, 2008 at 7:30 PM  

မမေအောင်ရေ ကျေးဇူးပဲဗျာ...ကျနော်ကတော့ခုမှဖတ်ဖူးတာ...စကားလေးတစ်ခွန်းက လူတစ်ယောက်ကို မျှော်လင့်ချက်တွေနဲ့လည်း ရှင်သန်စေသလို...အဲဒီစကားလေးကြောင့်လဲ လူတစ်ယောက်ဘ၀ပျက်ခဲ့တာတွေပေါ့နော်....
အရေးကြီးတာတော့..
မျှော်လင့်ချက်ဖြစ်စေမယ့်စကားမျိုး...လွယ်လွယ်မပေးမိအောင်.
..ဆင်ခြင်စေတယ်ဗျာ...
ဖတ်လို့လည်းကောင်းတယ်....စာရေးဆရာကြီးနဲ့ ...ပို့စ်တင်တဲ့..မမေအောင်ကိုပါ...ကျေးဇူးနော်....
တစ်သက်စာမှတ်မိနေမဲ့စာပဲဗျာ...

အညာသား May 6, 2008 at 3:13 AM  

စာအုပ်လေး ဒေါင်းလုတ်ပေးထားတာ ကျေးဇူးအများကြီးတင်ပါတယ်ဗျာ။ ကျနော် ဒီစာအုပ်လေးကို လိုချင်ခဲ့တာ (၈) နှစ်လောက်ရှိပြီ။ စာအုပ်ကို မဖတ်ဘူးပါဘူး။
ကျနော် ရွာက ဇာတ်ပွဲတွေမှာ ဒီစာအုပ်လေးရဲ့ ဇာတ်လမ်းကြည့်ဘူးနေတာကြာပြီဗျ။ အဲဒီကတည်းက စာအုပ်ဖတ်ချင်ခဲ့တာပါ။ မမေအောင်ရဲ့ ကျေးဇူးကြောင့် ကျနော်လိုချင်တဲ့ စာအုပ်လေးရလိုက်ပြီဗျာ။ တကယ်ကို အများကြီး ကျေးဇူးတင်ကြောင်း ပြောပါရစေ။
ပျော်ရွှင်ချမ်းမြေ့ပါစေ။ :)

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP