မွေးနေ့အကျွေးအမွေးနှင့် ကျေးဇူးတင်စကား
>> Tuesday, May 6, 2008
မွေးနေ့ဆုတောင်းပေးကြသော သူငယ်ချင်းများအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်လို့ ပြောပါရစေ။
စစ်ကိုင်းသူရေ နောင်နှစ်တစ်ရာတိုင် ကိုဇနိအပေါ် နားလည်ခွင့်လွှတ်နိုင်အောင် ကြိုးစားသွားပါ့မယ်။ ပေးတဲ့ဆုနဲ့ပြည့်ပါစေနော်။
ကိုမောင်ဖြူပေးတဲ့ ထပ်လောင်းဆုကိုလဲ အားရကျေနပ်စွာ ယူဆောင်သွားပြီ။
ကိုမောင်လုံးရဲ့ တိုတိုတုတ်တုတ် ဆုတောင်းလေးလဲ ကျေနပ်ပါတယ်။
ကဗျာရေးပြီး ဆုတောင်းပေးတဲ့ ကိုလူအေးကိုလည်း အများကြီးကျေးဇူးတင်ပါတယ်။
မကေ၄ ရေ လာလည်တာရော ဆုတောင်းသွားတာတွေရော ပျော်လိုက်တာ။
anonymous ကိုလည်း ကျေးဇူးတင်မိတယ်။
ညီမတော် ပေါက်စမ မုန့်စားချင်နေပြီလား။
လာလည်ဆုတောင်းသွားကြသော ကိုဇနိကို ပါရမီဖြည့်ပေးသွားကြသော သူငယ်ချင်းများအားလုံးကို ကျေးဇူးတင်တဲ့အတွက် ဒီနေ့တော့ အကျွေးအမွေး အစီအစဉ် ဖွင့်လှစ်တော့ပါ့မယ်။
ပထမဆုံးတော့ မြန်မာထမင်းဟင်းကိုပဲ သုံးဆောင်သွားကြပါလို့။
အိမ်နဲ့ဝေးနေကြသူတွေဆိုတော့ ဒီဟင်းလေးတွေကို နှစ်သက်မယ်လို့ မျှော်လင့်မိပါတယ်။
တတ်သလောက် မှတ်သလောက်နဲ့ ဧည့်ခံထားတယ်။









အားလုံးကို ကျေးဇူးတင်ပါတယ်။
မဇနိ
6 comments:
မဇနိရေ
မောင်ဖြူတော့ ထုံးစံအတိုင်း နေရာအရင်ဦးလိုက်ပြီ။ ကျန်တဲ့သူတွေ၊ နောက်ကျတဲ့ခြေထောက် သစ္စာဖောက်နော်။ စောနိုင်မှတော်ကာကျမဟေ့။
မောင်ဖြူတော့လွေးပြီဗျို့။ ကျေးဇူးမဇနိ။ နောက်နှစ်တွေလဲ ဒီထက်ပိုကျွေးနိုင်ပါစေဗျာ။
ဗိုက်ဆာဆာနဲ့အများကြီးစားပစ်လိုက်တယ်...အစာကြေဆေးပါကျွေးအုံးနော်..ဦးဦးမရမ်းပြားနဲ့လှည်းယာဉ်ကညီမစားလိုက်မယ်နော်..ကျန်တဲ့သူတွေကိုမကျွေးဘူးနော်...မကျွေးပါဘူးဆိုမမေအောင်ကလာလုစားနေတယ်...
ဗိုက်ဆာဆာနဲ့အများကြီးစားပစ်လိုက်တယ်...အစာကြေဆေးပါကျွေးအုံးနော်..
ဦးဦးမရမ်းပြားနဲ့လှည်းယာဉ်ကညီမစားလိုက်မယ်နော်..
ကျန်တဲ့သူတွေကိုမကျွေးတော့ဘူးနော်..မကျွေးပါဘူးဆိုမမေအောင်က
လာလုစားနေတယ်..
ဝက်ကလီစာ တစ်ဇွန်း...မျှစ်ချဉ်တစ်ဇွန်း..ဆီတို့ဟူးတစ်တုံး...ကြက်ဟင်းခါးသီးတစ်ဇွန်း...ငပိရည်နည်းနည်း...အတို့အပြုတ်ကို အကုန်စားတာ...ဟင် ထမင်းလဲပါသေးဘူး...ထမင်းဘယ်မှတုန်း...ပဲနီလေးနဲ့ ကြာဇံဟင်းပူပူနွေးနွေးလေးသောက်လိုက်တယ်....စားလို့ပီးသွားပီ...အချိုပွဲတည်းမယ် ဒကာမကြီး...အဲဟုတ်ဘူး..မဇနိ...အချိုပွဲမစားနိုင်ပမှာစိုးလို့ ထမင်းလျှော့စားထားတာ...အဟီး...လက်ဖက်သုပ် ကောင်းပစားလို့...အာလူးကြော်..ဖက်ထုပ်ကြော်...စားလို့ကောင်းသဟ...စတော်ဘယ်ရီချယ်ရီလဲ စားသွားတယ်...ဘာကျန်သေးတုန်း...ဘာမှကျန်တော့ဘူး..ကုန်ပီ..ကျေးဇူးပဲ..မဇနိ...နောက်နှစ်တိုင်း နှစ်တိုင်းမှာ ဆထက်တံပိုးတိုးပီး ကျွေးနိုင်ပါစေဗျာ...ဟာ မုန့်ဘူးတွေ ကျန်သေးတယ်...အကုန်သယ်သွားတော့မယ်...ဘယ်သူမှ မစားကြလို့...:P
စားချင်လိုက်တာ အကုန်အကြိုက်တူတယ်။ အောက်ဆုံးကမုန့် တွေတော့မပါဘူး။
အလည်ရောက်လာတာ ကျေးဇူးတင်ပါတယ် အမရေ၊
အကြိုက်တူတယ်ဆိုတော့ ၀မ်းသာပါတယ်၊
အောက်ဆုံးက မုန့်တွေက ကလေးတွေစားဖို့...
အဆင်ပြေပါစေ။
Post a Comment