ကျွန်တော် မန်ယူပရိတ်သတ်

>> Thursday, May 22, 2008




မင်းကတော့လုပ်ပြီ။ ဖလားရခါမှ ဒီစကားလာပြောနေတယ်ဆိုလည်း ငြိမ်ခံယုံပါပဲဗျာ။ ကျွန်တော် မန်ယူပရိတ်သတ်လို့ ပြောရတဲ့ အကြောင်းအရင်းက ဒီလိုပါ။ ကျွန်တော် တက္ကသိုလ်တက်ခဲ့တဲ့တစ်လျောက်လုံး အပေါင်းအသင်းတွေနဲ့ အတူ ညညမှာ ကျောင်းအဆောင်ကနေလစ်ပြီး ဘောလုံးပွဲ သွားကြည့်တယ်။ ဘောပွဲလောင်းတာလည်း အမြဲတော့မဟုတ်ပါဘူး၊ တစ်ခါတစ်ရံ လောင်းတတ်ပါတယ်။ ပိုက်ဆံရဖို့ကို ကြည့်ပြီးလောင်းတာ မဟုတ်ဘဲ ငါ့အသင်းဆိုတဲ့ စိတ်နဲ့ လောင်းရတာဆိုတော့ အထက်ကြေးပေါက်လည်း အပေါ်ကထိုင်လောင်းတော့ ရှုံးတဲ့အခါလည်း ရှုံး၊ ပြားပေါက်စလေး စားရတဲ့အခါကလည်း စားပေါ့။ ဒီလိုနဲ့ ကျောင်းတစ်ကျောင်းပြီးသွား၊ ငယ်ပေါင်းတွေနဲ့ဝေးသွားတော့၊ ကျွန်တော်လည်း ဘောလုံးပွဲတွေနဲ့ အလိုလိုဝေးသွားပါတယ်။ တစ်ခါတစ်ရံမှာ တီဗွီမှာလာရင် ကြည့်တတ်ပေမယ့်၊ ကြည့်ဖြစ်အောင်ကို အားထည့်ကြည့်တာတော့ အတော်ရှားသွားပါပြီ။ အသက်ကလေးမဖြစ်စလောက်ကြီးလားလို့ စိတ်ဝင်စားမှုတွေ ပြောင်းကုန်တာထင်ပါရဲ့လို့လည်း တွေးမိတယ်။


မနေ့ညက (၂၁၊မေ၊၂၀၀၈) ချန်ပီယံလိဂ်ဖိုင်နယ်ပွဲ တီဗွီကလာမည်ဆိုတော့ ကြည့်မယ်ပေါ့၊ ညီလေးတစ်ယောက်က အကိုနဲ့လာကြည့်မယ်ဆိုတော့ လာခဲ့၊ ကြည့်ရတာ အဖော်ရတာပေါ့ကွာဆိုပြီး ခေါ်လိုက်တယ်။ သူက ချဲ(လ်)စီး သမားပါ။ သူကတော့ ကျွန်တော့်အသင်းက ဘယ်လို ဘာညာဆိုပြီး အထူးမပြောသလို၊ ကျွန်တော်လည်း ဘယ်ဖက်ကို အားပေးမယ်ဆိုတဲ့ စိတ်က အထူးမရှိပါဘူး။ ကြည့်နေရင် မန်ယူက စီးနေတော့ ကိုယ်က သဘောတွေကျနေတာပေါ့၊ ရော်နယ်ဒိုလည်း ခေါင်းတိုက်သွင်းရော ကျွန်တော် ပါးစပ်က “အဲသလိုမှပေါ့ကွ” လို့ ထွက်သွားပါတယ်။ အော်တိုမက်တစ်ပါ။ ပြီး မန်ယူဂိုးရှေ့မှာ ချယ်(လ်)စီးတွေ အလုပ်ရှုပ်နေတော့ ကျွန်တော့်ရင်ထဲလည်း အတော် လှုပ်နေပါတယ်။ လမ်းပတ်ထင်ပါတယ် ကန်လိုက်တာ ဂိုးဘားကိုထိသွားတော့ ကျွန်တော်က “ဟာ တော်သေးတာပေါ့ကွာ” လို့ အော်မိသလို ကျွန်တော်နဲ့အတူကြည့်နေတဲ့ ညီကလည်း “ဟာ နည်းနည်းလေးလွဲတာကွာ” တဲ့။ အလိုလို ပါးစပ်ထဲက လျှံထွက်လာကြတာပါ။ အဲဒီတော့ ကျွန်တော် ကိုယ့်ဟာကို သတိထားမိလိုက်ပါတယ်။ ငါ့ဆီမှာ မန်ယူဆိုတဲ့ စိတ်တွေ ကျန်နေပါသေးလားလို့။

3 comments:

Anonymous May 22, 2008 at 5:52 PM  

ကိုဇနိ
မနေ့ကပွဲကတော့ အကြိတ်အနယ်ပါပဲဗျာ။ Penalty သွင်းတော့ ချယ်လ်ဆီးတော့အိုကေပြီမှတ်တာ၊ ဘယ်ဟုတ်လို့လဲ။
အစွဲကတော့ဒီလိုပါပဲဗျာ။ တော်ရုံနဲ့ပျောက်ခဲသားလား။

Anonymous May 22, 2008 at 5:59 PM  

ကိုမောင်ဖြူလဲ အစွဲလေးတွေ လျှော့နိုင်အောင် ကြိုးစားအုံးနော် နောင်လူချင်း ပြန်တွေ့ကြတဲ့ အချန်ဆိုရင်တော့ အစွဲလွတ် ကိုမောင်ဖြူဖြစ်နေပါစေလို့...

tmn May 23, 2008 at 10:51 AM  

ကိုဇနိ မော်စကိုည ချန်ပီယံလိဂ်ကတော့ ရသမျိုးစုံကိုပေးသွားတယ်နော… ကျွန်တော်က အားပေးတာက ချဲလ်ဆီးဗျ… နိုင်စေချင်တာက မန်ယူ… ကိုဇနိပြောသလို ကျွန်တော်လဲ ကျောင်းတုန်းက မန်ယူပဲအားပေးလာတာ… အဲဒီစိတ်က ကျန်နေသေးတယ်ထင်ပါတယ်… ချဲလ်ဆီးကို အားပေးတာက အသင်းသားတွေကို အားပေးတာ…နည်းပြကိုတော့ မကြိုက်ဘူး… ချန်ပီယံလိဂ်ဖလားက နတ်ကြီးတယ်ထင်တယ်နော… ရနေကျအသင်းတွေပဲ ဒီဖလားကို ရသွားတတ်သလိုပဲ…

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP