ကျွန်တော်ဘွဲ့ရပါ

>> Friday, May 30, 2008

ကုန်ပဒေသာဆိုင်ကြီးတစ်ဆိုင်မှ ငှားရမ်းခြင်းခံရသော လူငယ်တစ်ဦးသည် အလုပ်စတင်ဝင်ရောက်ကြောင်းသတင်းပို့သည်။ မန်နေဂျာက လှိုက်လှဲပျူငှာစွာ ပြုံးပြလက်ဆွဲနှုတ်ဆက်ပြီး တံမြက်စည်းတစ်ချောင်းပေးသည်။
“မင်းရဲ့ ပထမဆုံးအလုပ်က ဆိုင်အနှံ့ တံမြက်စည်းလှည်းဖို့ပဲ”
“တံမြက်စည်းလှည်းရအောင် ကျွန်တော်က တက္ကသိုလ်ဘွဲ့ရပါ” ဟု လူငယ်က ဘုဆတ်ဆတ်ပြန်ပြောသည်။ ထိုအခါ မန်နေဂျာက
“သြော် ဝမ်းနည်းပါတယ်။ ကျွန်တော်မသိလို့ပါ။ ကျွန်တော့်ကို တံမြက်စည်းပေးပါ။ ဘယ်လိုလှည်းရမယ်ဆိုတာ ကျွန်တော်ပြပါ့မယ်” ဟု ပြောလေသည်။

2 comments:

Anonymous May 30, 2008 at 10:32 AM  

ဟား ဟား အတော်လည်တဲ့ လူနှစ်ယောက်ပဲဗျာ

tmn May 30, 2008 at 3:10 PM  

ကိုဖြူက သူ့အတွေ့အကြုံလေးကို ရေးထားတာ.... :P

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP