Matryoshka doll

>> Sunday, June 29, 2008



ရပ်ရှားပြည်(မြန်မာဆရာတစ်ယောက်က အဲသလို အသံထွက်တာ သဘောကျလို့လိုက်ရေးတာ)က လက်ဆောင်ပစ္စည်းတခု အကြောင်းပြောပြချင်လို့ပါ။ Matryoshka(မာသရိုရှကာ) အရုပ်လေးတွေပါ။ မာသရိုရှကာ ဆိုတဲ့နာမည်ဘယ်ကရောက်လာပါလိမ့်။ ရုရှားမိန်းကလေးတွေအမှည့်များတဲ့ အမျိုးသမီးနာမည် Matrona(မာသရိုနာ)ကို ချစ်စဖွယ်ခေါ်လိုက်တော့ Matryoshka(မာသရိုရှကာ)လို့ဖြစ်သွားပါလေရော။


၁၈၉၀ ခုနှစ်တွေများက ရုရှားမှာ အရုပ်ထုဆစ်တဲ့သူ ဗာစီးလီ ဇဗျို့ဒေါချကင် က ပထမဆုံးသော မာသရိုရှကာရုပ်ကို ထုဆစ်ခဲ့ပါသတဲ့။ အဲဒီအရုပ်ယဉ်ကျေးမှုက ဂျပန်ကနေ ကူးစက်လာတယ်ပြောပါတယ်။ ကျနော်စပြီး မြင်ဖူးတုန်းကဆို တအံ့တသြနဲ့ပါ။ ဒီလိုလက်မှုပညာတွေလည်း ဒီမှာ ထွန်းကားတာပဲဆိုပြီး။ သစ်သားကိုထွင်းထုပြီး ပြီးတော့ အရုပ်ဆေးချယ်တာပါ။ အရုပ်ကလေးတွေကို ဆင်တူလေးတွေထုဆစ်ပါတယ်။ ကြီးစဉ်ငယ်လိုက်လေးတွေပါ။ အရုပ်အကြီးကြီးထဲကို အရုပ်သေးသေးလေးတွေထည့်ပါတယ်။ အဲဒီ အရုပ်ကြီးထဲထည့်ထားတဲ့ ပုံစံတူ အရုပ်သေးထဲကို နောက်ထပ် ပုံစံတူအရုပ်သေးလေးထပ်ထည့်ပါတယ်။ အဲသလို ပုံစံတူအသေးလေးတွေထပ်ထည့်ထပ်ထည့်နဲ့ နောက်ဆုံးအသေးဆုံးလေးထိဆိုရင် အရုပ်ကလေး ၆ခုကနေပြီး ဒီထက်မကရှိကြပါတယ်။ အရုပ်ပေါ်မှာလည်း ပုံတွေအမျိုးမျိုးဆွဲကြပါတယ်။ အကြီးဆုံးအရုပ်ကြီးကနေ အသေးဆုံးအရုပ်ကလေးအထိ မိန်းကလေးပုံဆို တစ်ပုံတည်းရေးဆွဲတတ်သလို၊ အခြားပုံအမျိုးမျိုးလည်း ရေးဆွဲတတ်ပါတယ်။ အဲ နိုင်ငံ့ခေါင်းဆောင်ပုံတွေလည်း ဆွဲတတ်ပါတယ်။ ဆေးတွေကလည်း အရောင်စုံရင် စုံသလောက် ဈေးတွေကလည်း အမျိုးမျိုးပါပဲ။ အရုပ်အရွယ်ကလေး အတော်သေးသေးလေးတွေရှိသလို တစ်တောင်လောက်ကြီးအောင်တွေ ဒီထက်ကြီးတာတွေလည်း ရှိပါတယ်။ လက်ဆောင်ပေးဖို့ဆိုတော့ တစ်မိုက်လောက် အရုပ်ကလေးတွေဆို အသင့်တော်ဆုံးပေါ့။ ပြီးတော့ မြန်မာပြည်က ယွန်းအစ်လိုဟာမျိုးတွေ၊ ယွန်းဗူးလိုဟာတွေ၊ ယွန်းပန်းချီခေါ်မလား အဲသလိုတွေလည်း အများကြီးပါ။ ကျနော်က အရင်က ဒီဘက်တွေမှာလည်း အဲသလို လက်မှုပညာတွေ ထွန်းကားတယ်ဆိုတာ မသိပါဘူး။ ကိုယ့်ဆီပဲ ရှိတယ်မှတ်နေတာကိုး။ သူတို့ဆီက လက်ရာတွေကပိုပြီး သပ်ရပ်၊ ပိုလှနေသလိုလိုပါ။ သပ်ရပ်တာတော့ ပိုတယ်ထင်ပါတယ်။ ဘာရယ်မဟုတ်ပါဘူး ဒီဘလော့ဂ်ဖတ်တဲ့သူတွေလည်း ရုရှားကလက်ဆောင်ပစ္စည်းအလှအပလေးတွေ မြင်ဖူးအောင်ရယ်၊ အခြားသူတွေကိုလည်း ကိုယ်ရောက်နေတဲ့ ဒေသမှာ အဲသလိုလေးတွေ ရှိရင်လည်း ပြန်လည်ဝေမျှပေးဖို့တောင်းဆိုချင်လို့ပါ။ ကျနော်ကတော့ အင်တာနက်မှာ ပုံတွေရှာတင်ပေးလိုက်ပါပြီ။ အလှကြည့်ကြရတာပေါ့ဗျာ။

မြန်မာပြည်က ယွန်းပစ္စည်းလိုမျိုးတွေ





သော့ချိတ်ကလေးတွေ

ကြက်ဥလုံးလေးတွေ အလှပေါ့


မာသရိုရှကာ အရုပ်ကလေးတွေ






အရုပ်ကလေးတွေကို ဒီလိုအတွင်းထဲ ငုံပြီးထည့်တာ
အထင်ကရ နိုင်ငံရေးသမားတွေ

13 comments:

nu-san June 30, 2008 at 4:07 AM  

မာသရိုရှကာ အရုပ်ကလေးတွေက ချစ်စရာလေးတွေနော်.. အရုပ်သေးသေးလေးအထိကို လက်ရာမြောက်အောင်လုပ်ထားတာ။ ကြည့်ရင်းနဲ့ အသည်းယားဖို့ကောင်းတယ် ။ ရုတ်တရက်ကြည့်ရင် ကြွေရုပ်လေးတွေနဲ့တူတယ်... အထူးအဆန်းလေးတွေ သိသွားရတာမို့ မျှဝေပေးတာ ကျေးဇူးပါ။

Republic June 30, 2008 at 4:43 AM  

မာသရိုရှကာ...
ကိုနိ..ကိုဖြူနဲ့ပေါင်းပြီး မာသရိုရှကာ...၁၁ ယောက်လုပ်လိုက်...
ဒါဆို world cup ယူလို့ရပီ....
မာသရိုရှကာလေးတွေ ကောင်းတယ် ကိုဇနိ.. ကျေးဇူး..
အနော်လည်း ရုရှားက product တွေကိုအမြဲအားပေးပါတယ် ၊၊
(e.g Absolute Vodka ) :P

မဇနိ June 30, 2008 at 6:26 AM  

မာသရိုရှကာအရုပ်လေး လက်ဆောင်ရတုန်းက အတော် ပျော်ခဲ့တယ် ကိုဇနိ။ အရုပ်ကြီးကြီးထဲက အသေးလေးတွေ နှိုက်လိုက်တိုင်းထွက်ထွက်လာတာ ပျော်စရာကောင်းတယ်နော်။ ၀.၅ လက်မလောက်လေးကလည်း လက်ရာအတော်မြောက်တော့ မမနုစံပြောသလို ကြည့်ရတာ အသည်းယားစရာကောင်းတယ်။ ကိုဇနိကို သတိရရင် အဲဒီအရုပ်လေးတွေကို ပြန်ထည့်လိုက် ပြန်ထုတ်လိုက်လုပ်ကြည့်နေခဲ့တာ။ သူငယ်ချင်းတွေက ပြန်ထည့်လိုက် ပြန်ထုတ်လိုက် လာလာလုပ်လို့ နောက်ခါကျ ဖွက်ထားလိုက်တယ်။ နောက်ခါပြန်လာရင်လည်း လက်ဆောင်ပေးအုံးနော်။ ဟဲ ဟဲ။

မောင်ဖြူ June 30, 2008 at 9:09 AM  

ကိုဇနိရေ ကျွန်တော်လဲ အဲဒီအရုပ်တွေမြင်ဖူးစတုန်းက အထဲမှာအရုပ်အသေးလေးတွေထပ်ရှိနေတယ်ဆိုတာမသိဘူးဗျ။ ဆရာမကဖွင့်ဖွင့်ပြတော့မှရီလိုက်ရတာ။ မဇနိကိုလက်ဆောင်ထပ်တောင်းနေပြီကိုဇနိရေ။

တားမြစ် ထားသော... June 30, 2008 at 1:22 PM  

စိတ်ဝင်စားစရာ အရုပ်လေးပဲဗျ။ လက်ဆောင်ပေးမယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့။

ဘလူးဖီးနစ် June 30, 2008 at 5:20 PM  

အင်း...ကျွန်တော် ရုရှ ရောက်နေတာ ၆ နှစ်ရှိပြီ။ ဘာမှ မသိဘူး။ ငှက်ကုလားအုပ်တွေလို စာအုပ်ပုံထဲ ခေါင်းနှစ်နေရတယ်ဗျာ။ ဘယ်မှလဲ မရောက်ဘူးဘူး။ အဲဒီအရုပ်လေးတွေကို သေချာကို ကိုင်မကြည့်ဘူးသေးဘူး။ အဟဲ ဒီနွေတော့ အပြင်လေးထွက်ရင် တစ်ရုပ်လောက် ၀ယ်ထားဦးမှ။ ...

khin oo may June 30, 2008 at 6:43 PM  

thank you. unappreciated for your contribution

khin oo may June 30, 2008 at 6:44 PM  

sorry. i type wrongly. accidently
thank you appreciated for you contribution

Kyawt June 30, 2008 at 7:36 PM  

အရုပ်ကလေးတွေကြည့်ရတာချစ်စရာကောင်းလိုက်တာ။
ပုဂံကယွန်းတန်းကိုမျက်စိထဲမြင်ယောင်မိတယ်။
ကိုယ်ရောက်နေတဲ့ဒေသရဲ့အထင်ကရတွေကိုဝေမျှတာ
ကျေးဇူးတင်ပါတယ်။
နောက်ထပ်ဒီလိုPostအသစ်တွေမျှော်နေပါတယ်။

စစ်ကိုင်းသူ June 30, 2008 at 9:11 PM  

ကိုဇနိ အရုပ်လေးတွေကို လိုချင်အောင် ရေးထားတယ်။ ပြန်လာရင် တစ်ရုပ်ဝယ်လာရမယ်။ ဝယ်လာမယ်လို့ ကတိမပေးရင် အိုးဝေက နှုတ်ထွက်မယ်။

Dream July 1, 2008 at 6:02 AM  

မီးမီးယဲအဲဒီယုတ်ယုတ်ရိုရှင်ဒယ်။။။။
မီးမီးဂိုယဲဝယ်ပေးရမယ်နော်... :P

မေအောင် July 1, 2008 at 8:05 AM  

မှာလိုက်ပါပြီ လေ လေ လေ
မာသရိုရှကာလှလှလေးတွေ ရတော့မှာ။
ကိုဇနိကိုလဲတစ်ဝက်ကျေးဇူးတင်မယ်။

မောင်မျိုး October 18, 2008 at 6:36 PM  

အခုမှတွေ့ တယ် ဒီအရုပ်လေးတွေကို ချစ်စရာလေးတွေ ဆန်းသားနော့် သော့ချိန်လေးတစ်ခုလောက်ဗျို့  စိန်သေတ္တာခတ်မလို့း)

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP