သူဆိုသောမိန်းကလေး

>> Saturday, June 28, 2008

တိုးတိုးလေး…
ဒါပေမယ့် ဟိုး..အနက်ရှိုင်းဆုံးထိ
အဲဒါသူ့အသံလေးပေါ့။
ဖွဖွလေး…
ဒါပေမယ့် အထိရောက်ဆုံးကျူးကျော်မှု
အဲဒါသူ့အနမ်းလေးပေါ့။
အညင်သာဆုံး…
ဒါပေမယ့် အားလုံးကိုသိမ်းကျုံးယူငင်သွားတယ်
အဲဒါသူ့အထိအတွေ့လေးပေါ့။
အနူးညံ့ဆုံး…
ဒါပေမယ့်အရာအားလုံးထက်သာတယ်
အဲဒါသူ့စကားလုံးတွေပေါ့။
အမြတ်နိုးဆုံး
အားလုံးနဲ့မလဲနိုင်တယ်
အဲဒါ ကျွန်တော့်ရဲ့ “သူ”ဆိုသောမိန်းကလေး။ ။

11 comments:

Anonymous June 28, 2008 at 5:43 PM  

မသူတော်စိန်ကို လွမ်းတာလားဟင်...
ကိုဖြူကအလုပ်တွေရှုပ်နေတာတောင် နုနုရွရွထွက်တယ်နော်

Anonymous June 28, 2008 at 5:50 PM  

ကဗျာလေးက နုလွန်းတော့ ပွိုင့်လာတိုးကြမှာ မြင်ယောင်မိတယ်နော။် သူငယ်ချင်းတယောက်ပြောတာ သတိရတယ်။ ကိုဖြူ့ကဗျာလို ကဗျာနုနုရွရွလေးတွေ လာပေးမယ့်သူရှိရင် သေပျော်ပါပြီတဲ့။ အဲဒီ သူငယ်ချင်းကို လက်တို့လိုက်ရမလား။

RePublic June 28, 2008 at 6:26 PM  

ကိုမောင်ဖြူ ကဗျာကနူးညံ့တယ်ဗျာ..
"သူ" ဆိုရင် ပိုးမျှင်လေးလိုနေမှာ..ဟီး

ကောင်းတယ်ဗျာ..အားပေးလျက်ပါ

ဖိုးသောကြာ June 28, 2008 at 8:40 PM  

လူပျိုကြီးကတော့ သူ့ကိုဘလော့ဂ်ပေါ်မှာ ကြော်ငြာထုတ်ပေးတာ မကြေနပ်လို့ "ငါ့ရင်ထဲမှာ သူဆိုတာ ရှိပြီးသားပါကွ။" ဆိုပြီး ကြွားလိုက်တဲ့ သဘောထင်တယ်။

နုတယ်ဗျာ။ good!!!

khin oo may June 28, 2008 at 9:32 PM  

ma zani. you said, mg Phyu is single but no chance to g talk with others bc not available. :D

ဇနိ June 28, 2008 at 9:36 PM  

အမရေ ..မောင်ဖြူက ကြောက်ကန်ကန်နေတာ..
ဒကယ်က သူက ဘာမှ ရှိတာ ဟုတ်ဝူး ကျနော်အသိဆုံးရယ်..ဟီးဟီး
လူအထင်ကြီးအောင် သူလျောက်လုပ်နေတာ..

Anonymous June 29, 2008 at 8:56 AM  

မောင်ဖြူရဲ့ ...“သူ”
ကာရံလဲမိပါ့ ကဗျာဆရာရယ်။
(အဟိ..လို့ မရီသွားဘူးနော)

တားမြစ် ထားသော... June 29, 2008 at 1:36 PM  

အော်။
“ သူ ” ဆိုသောမိန်းကလေးရေ...။
တိုးတိုးလေး..၊
ဖွဖွလေး...၊
အညင်သာဆုံး....၊
အနူးညံ့ဆုံး.....၊
အမြတ်နိုးဆုံး......၊
မင်းဟာ ..ငါ့အတွက်တော့
အချစ်ဆုံး “ သူ ” ပါ။...။

Anonymous June 30, 2008 at 8:05 AM  

ဖြေဖြေလေးနဲ့  ငြိမ့်ငြိမ့်လေး ဒါပေမယ့် ရင်ထဲမှာ ကလိကလိနဲ့
နုနုလေးခံစားသွားတယ် :)

Anonymous June 30, 2008 at 8:07 PM  

မောင်ဖြူရေ
မထင်ရဘူး
ဒီလိုကဗျာလေးတွေလည်း ရေးတတ်သားပဲ
ဒါနဲ့စကားမစပ် “သူ“ဆိုတာ စိတ္တဇနာမ်လားဟင်..ဟိ

manie July 8, 2008 at 4:36 PM  

သြော်...လူပျိုကြီးမောင်ဖြူရေ ... စိတ်ကူးယဉ်တာလေးတွေလျော့ပြီးလက်တွေ့  အကောင်အထည်ဖော်နိုင်အောင်ကြိုးစားသင့်နေပြီနော်..

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP