အိုက်ဒီယာများ ပေါလွန်လွန်းလို့

>> Tuesday, June 10, 2008


အိုက်ဒီယာများ ပေါလွန်လွန်းလို့

ကျနော်တို့သူငယ်ချင်း ကိုလူအေးကြီး သူ့ဌာနမှာ ဆရာများစွာနဲ့ အလုပ်လုပ်နေရတော့ သူဒုက္ခရောက်တာကို ပြောပြတာကို ဝေမျှလိုက်ပါတယ်။

ဒီနေ့ ငါစာထိုင်လုပ်နေတုန်း အခန်းထဲကို တစ်ခြား Lab က ပရော်ဖက်ဆာတစ်ယောက်လာတော့.. ပရော်ဖက်ဆာဆရာမကြီးက ငါ့အကြောင်းသူ့ကို.. ဟာသလေးနဲ့ပြောပြတယ်....
ရုရှားခရီးသွားအဖွဲ့က မွန်ဂိုတွေဆီယောက်တော့ တည်းတဲ့အိမ်ကလူက ရုရှားတွေက ပညာတတ်တွေဆိုတော့ အကူအညီတောင်းတယ်။ ဒီလိုဗျာ.. ကျွန်တော့အိပ်ရှေ့က ရေအိုးအကြီးကြီးထဲမှာ အိမ်ကကြက်တွေ ကျကျသေလို့။ ဘယ်လုပ်ရင်ကောင်းမလဲဆိုတော့... ရုရှားတွေတိုင်ပင်ပြီး အိမ်ရှင်ကိုပြောသတဲ့။ အိုးအဖုံးကို သုံးနားညီတြိဂံပုံလုပ်ဖုံးပေါ့နော်။ အိမ်ရှင်ကလည်း လုပ်ပြီးဖုံးလိုက်တယ်။ မနက်လင်းတော့ ကြက်နှစ်ကောင်က အဲဒီထဲမှာ ဂန့်နေပြန်ရောတဲ့။
အဲဒါနဲ့ရုရှားတွေက တိုင်ပင်ပြီး အိုးအဖုံးကို စတုဂံပုံလုပ်ဖုံးလို့ပြောတော့ လုပ်ပြီးဖုံးလိုက်သတဲ့။ နောက်နေမနက်မှာ သုံးကောင်အထဲရောက်နေသတဲ့။
အဲဒါနဲ့ရုရှားတွေတိုင်ပင်ပြီး အိုးအဖုံးကို ဆဌဂံပုံလုပ်ဖုံးလို့ပြောလို့လုပ်ဖုံးလိုက်သတဲ့။ မနက်လင်းတော့ နောက်ဆုံးကျန်တဲ့နှစ်ကောင် အထဲမှာ ဂန့်နေပြန်ရောတဲ့။ အဲဒါနဲ့ အိမ်ရှင်ပြောသတဲ့ ကိုင်းကြက်တွေလည်းကုန်ပြီဗျာဆိုတော့။
ရုရှားတွေကပြန်ပြောသတဲ့... ဟာကွာ.. ဒို့မှာ အိုက်ဒီယာတွေအများကြီးကျန်သေးတယ်။ ကြက်တွေကကုန်ပြီလားတဲ့။

သူငယ်ချင်း ကိုလူအေးကြီးလည်း ဌာနက များစွာသော ပရော်ဖက်ဆာတွေရဲ့ အိုက်ဒီယာများစွာရဲ့ဒဏ်ကို ခံနိုင်ပါစေဗျာ။

2 comments:

Anonymous June 10, 2008 at 1:54 PM  

ကိုလူအေးလည်း ရုရှားပရောဖက်ဆာတွေရဲ့တစ်ယောက်တစ်မျိုးအိုင်ဒီယာတွေအပေးခံ နေရတော့...အင်း....ကျပ်အပြည့်မှ ကျန်သေးရဲ့လားမသိဘူးနော် ကိုဇနိ...:P

မေအောင် June 10, 2008 at 2:09 PM  

နာနာရိုက်မှအိုးကောင်းထွက်မယ်လို့
ပရော်ဖက်ဆာတွေယူဆပုံရတဲ့အတွက်
ကိုလူအေးတစ်ယောက်တော့
အလူးအလဲခံနေရလောက်ပြီ.....ဒန်.ငွေခဲသွပ်ကြေးနီ။
ကိုဇနိလိုပဲ
ကျနော်တို့လည်းဆုတောင်းပေးနေပါတယ်။

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP