စပါယ်ရှယ်လတီ စာမေးပွဲ

>> Monday, June 2, 2008

ဒီနေ့ နံနက်ဆယ်နာရီ စပါယ်ရှယ်လတီ ဘာသာရပ်စာမေးပွဲဖြေရတယ်။ ညက အိပ်ပျော်သလိုလို မပျော်သလိုလိုပဲ။ စာမေးပွဲရှိနေတော့ စိတ်ထဲမှာ အဲလိုဖြစ်တတ်သလားမသိပါဘူး။ အိပ်ကောင်းနေတုန်း အိပ်မက်ကမက်သေးတယ်ဗျာ။ စာမေးပွဲက ဆယ်နာရီဖြေရမှာကို အိပ်ရာထ နောက်ကျနေလို့ဆိုပြီး ပြေးလိုက်ရတာ ကျောင်းကို အချိန်မီရောက်ဖို့။ မောကာမှ လန့်ပီး နိုးလာတယ်။ ဟာ ငါအိပ်မက်နေတာဟ တော်သေးတယ်ဆိုပြီး ပြန်အိပ်မလို့ပဲ နာရီကြည့်လိုကတော့ ရှစ်နာရီ ရှိနေတာနဲ့ စာမေးပွဲဖြေပို့အတွက်လိုအပ်တဲ့ စာအုပ်တွေကို ပြန်စစ်ပြီး ကျောင်းသွားပို့ ပြင်လိုက်တော့တာပဲ။ ဒီစာမေးပွဲဖြေပို့အတွက် မေးခွန်းငါးခု ကြိုတင် ရွေးထားခိုင်းတယ်။ ကျွန်တော်လဲ မေးခွန်းငါးခုရွေးပြီး စူပါဗိုက်ဆာကိုပြတော့ ကောင်းတယ်တဲ့ အဲဒီငါးခုပဲဖြေလိုက်ကွာ ဆိုတာနဲ့ ဒီနေ့ဖြေခဲ့တာ။ ဘာရမလဲ စာမေးပွဲက open book စာမေးပွဲလေ။ မေးခွန်းငါးခု လုံးကို ဖတ်စာအုပ်တွေထဲမှာလိုက်ရှာထားလိုက်တယ်။ ပီးတော့ အဲဒီစာအုပ်တွေကို အခန်းထဲယူသွားပီး အဖြေလွှာစာရွက်ပေါ်မှာ ကူးချလိုက်တာပေါ့။ ပထမ ပရိုတိုကော စာရွက်မှာ ကိုယ်ဖြေမယ့် မေးခွန်းငါးကို ဖြည့်လိုက်တယ်။ အခြေခံနားလည်မှုအပိုင်းက သုံးခု၊ ထပ်ဖြည့်စွက်တဲ့အပိုင်းက နှစ်ခု ပေါင်းငါးခု။ စာမေးပွဲစောင့်နေတဲ့ ပရော်ဖက်ဆာ ဆရာကြီးက အဆင်သင့်ဖြစ်ရင်လက်ညိုးထောင်တဲ့။ ကျွန်တော်လဲ အဆင်သင့်ဖြစ်နေတာနဲ့ ဆရာကြီးဆီကိုသွားမလို့ ပြင်နေတုန်း ဆရာကြီးက ကျွန်တော့်နားရောက်လာတယ်။ ဟိုဘက်တိုးကွာတဲ့ ကဲပြောစမ်းတဲ့ မင်းဖြေထားတဲ့ အဖြေတွေကို မင်းနာလည်သလိုတဲ့။ ပြောပီပေါ့ တစ်ပတ်လောက်ကြိုဖတ်ထားတာဆိုတော့။ လျှာတောင် ခလုတ်တိုက်တယ်။ မြန်မာလိုပြောရလဲတော် သေးတယ်… အခုတော့ ရုရှလိုပြောရတာ။ မေးခွန်းတစ်ခုဖြေပြီးတိုင်းဆရာကြီးက လိုအပ်တာလေးတွေကို ထပ်ပြောပြပါတယ်။ အားလုံးလဲဖြေပြီးတော့ ပရိုတိုကော စာရွက်နဲ့ အဖြေလွှာစာရွက်မှာ ဆရာကြီးက လက်မှတ်ထိုးလိုက်တယ်။ ပြီးတော့ မင်းကို ငါ ငါးမှတ် ပေးလိုက်တယ်တဲ့။ မင်း ပြန်လို့ရပီတဲ့။ ကျွန်တော်လဲ ဆရာကြီးကို နှုတ်ဆက်ပြီး ပြန်လာခဲ့တော့တယ်။
ကျောင်းအပြင်ဘက်ရောက်တော့ လောာကကြီးက သာယာလို့ပဲ။ ကိုယ်လုပ်ရမယ့် အလုပ်တစ်ခုပြီးသွားတော့လဲ စိတ်ထဲမှာ ပေါ့သွားတာပဲ။ စာမေးပွဲဖြေနိုင်ပို့ ဆုတောင်းပေးတဲ့ သူငယ်ချင်းများအားလုံးကို ကျေးဇူးတင်းရှိပါကြောင်း။

8 comments:

Anonymous June 2, 2008 at 1:34 PM  

Поздравлю.
Ты молодец.
:)

Anonymous June 2, 2008 at 4:48 PM  

そうですね。
それはおめでとございます。

Anonymous June 2, 2008 at 6:20 PM  

आप बहुत चतुर
बधाई

tmn June 2, 2008 at 8:10 PM  

ဘာတွေရေးလိုက်တာလဲ မမေအောင်နဲ့ စစ်ကိုင်းသူ... မမြင်ရဘူးဗျ

Anonymous June 2, 2008 at 10:01 PM  

ဘယ်မြင်ရမလဲ။ ဂျပန်လိုနဲ့ ဟင်ဒီလို ရေးထားတာလေ။ သိချင်ရင် ဘာသာပြန်ကြည့်လေ။

Anonymous June 3, 2008 at 2:42 AM  

ဖုန်းမက်ဆေ့ခ်ျ ရောက်မှနိုးလာတာမဟုတ်ဘူးလား....

tmn June 3, 2008 at 9:03 AM  

ဟုတ်တယ်.... hhh ... :)

Anonymous June 3, 2008 at 10:34 AM  

ကိုမောင်လုံးရေ ဂုဏ်ယူပါတယ်ဗျာ။ ကျနော်လည်း ဆုတောင်းပေးတဲ့သူတွေထဲမှာ ပါတယ်နော်။ အဟဲ။ တော်ကြာမုန့်ကျွေးရင် ကျန်နေမယ်စိုးလို့။

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP