နင်အဓိကဗျာ..နင်အဓိက

>> Saturday, June 7, 2008


နင်အဓိကဗျာ..နင်အဓိက

ကျနော်ငယ်ငယ်တုန်းက ကြားဖူးတဲ့ဟာသလေးပါ။ ဒီနေ့ထူးထူးခြားခြား သတိရနေလို့ ဒီဘလော့(ဂ်)ကို အလည်လာသူတွေကို ဝေမျှချင်လို့ပါ။ အားရပါးရ ရီလိုက်ကြပါဦး။

မိသားစုတစ်စုရှိသတဲ့၊ အဖေရယ် အမေရယ် သားတွေရယ် သမီးငယ်လေးတစ်ယောက်ရယ်ပေါ့။ အငယ်ဆုံးသမီးလေးဆိုတော့ အားလုံးကလည်း ချစ်၊ အလိုလိုက်ထားတော့ အချွဲလေးဖြစ်နေတော့တာပေါ့။ နေရာတိုင်းမှာ ဦးစားပေးလည်း ခံရတယ်လေ။ တစ်နေ့မှာ မိသားစုတွေ စုံစုံလင်လင် ထမင်းစားဖို့ပြင်ဆင်ကြသတဲ့။ ထမင်းစား စားပွဲဝိုင်း အပုလေးမှာ ဖင်ထိုင်ခုံအပုလေးတွေနဲ့ ထိုင်စားကြတာပေါ့။ ထမင်းဝိုင်းကို အားလုံး ပြင်ဆင်ပြီးတဲ့အခါ ထမင်းစားမယ်ဆိုပြီး အားလုံးက ကိုယ့်နေရာ ကိုယ်ယူပြီး ထိုင်လိုက်ကြတာပေါ့။ အဲဒီအချိန်မှာ အဖေလုပ်သူက ဖြတ်ကနဲမြင်လိုက်တယ်။ သမီးလေးထိုင်တာ အဆင်မသင့်လို့ လုံခြည်အောက်စလွတ်နေသတဲ့။ အဖေလုပ်သူကလည်း ဒီတိုင်းကြီးတော့ မဖြစ်သေးပါဘူး။ တခုခုလုပ်ဦးမှ ဆိုပြီး ဘာလုပ်ရမလဲ အလျင်အမြန်စဉ်းစားလိုက်သတဲ့။
အဖေလုပ်သူက တစ်ခုစဉ်းစားပြီး စကားစလိုက်တယ်
- ကဲ တို့အားလုံး ထမင်းမစားခင် မတ်တပ်ရပ်လိုက်ကြရအောင်..
အမေရော သားတွေရောက အဖေဘာဖြစ်လို့လဲ လို့ မမေးပါဘူး၊ ဟုတ်ကဲ့ ဆိုပြီး ၀ုန်းဆို မတ်တပ်ရပ်လိုက်ကြတာပေါ့။
အဲ သမီးလေးကတော့ အချွဲလေး၊ အလိုလိုက်ကလည်းခံရနေကြဆိုတော့ မတ်တပ်မရပ်ဘဲ အဖေ့ကို မေးသတဲ့..
- ဖေဖေ တမီးရော ပါသလားဟင်..တဲ့
ဒီတော့ အဖေလုပ်သူက ဒေါနဲ့ မောနဲ့ပြောလိုက်သတဲ့
- နင် အဓိကဗျာ နင် အဓိက…တဲ့။

7 comments:

Anonymous June 7, 2008 at 5:04 PM  

“ဖေဖေ တမီးပါဘူးနော်“ ဟဲ ဟဲ

Anonymous June 7, 2008 at 7:59 PM  

ဟုတ်တယ်ကိုဇနိရေ
တစ်ခါတလေ အဓိကတရားခံတွေက၊ အဲလိုပြန်မေးတတ်တယ်။ အဟီး :P

RePublic June 7, 2008 at 10:19 PM  

ကို ဇနိ တို့ ဘာရေး ရေး ရီ ရ တယ် ၊ ကြိုက်တယ်

ကိုရင်နော်ခင်လေးငယ် June 7, 2008 at 10:48 PM  

ဟီ....ဟိ...
အဲဒါတွေခက်တာ....
面白い。。。。。

Anonymous June 8, 2008 at 4:03 PM  

ကိုဇနိ
အဟီးဟီး....ဟီးဟီးဟီး.......

Anonymous June 8, 2008 at 4:05 PM  

ကိုဇနိ
အဟားဟား....ဟားဟားဟား......

အညာသား June 9, 2008 at 3:07 AM  

အော်... ငါ့နှယ်နော်.. ခက်စ်တော့ခက်စ် နေပြီ။ :D

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP