နတ်သမီးသို့တမ်းချင်း (သို့) မိုးရာသီအလွမ်း

>> Saturday, June 7, 2008

ကြယ်စင်ကိုစီးပြီး
နှုတ်မဆက်ပဲ
ကျွန်တော့ဘ၀ထဲက
အပြီးထွက်သွားတဲ့ နတ်သမီး…

မိုးရာသီနဲ့ ရင်းနှီးသလောက်
မိုချုန်းတာကို ကြောက်တတ်တဲ့
ကျွန်တော့်ဘ၀ရဲ့ နတ်သမီး…
တကယ်ကို မနီးတော့ဘူးပေါ့နော်။

မိုးချုန်းသံတွေကြားတိုင်း
ကျွန်တော် ပြုံး-ပြုံးနေပေမယ့်
စိတ်ကူးထဲမှာတော့
စံပါယ်တွေ တ၀ုန်းဝုန်းကြွေ…
ရင်ဘက်ထဲမှာလည်း နုံးလို့နေပါတယ်။

ဒီလောက်မှောင်တာ
ဘယ်အခါမှာမှ မရှိခဲ့ဘူးလို့
လျှပ်စီးတွေက သက်သေထူတယ်။


ဒီမယ် “ကံဇာတ်ဆရာ”
အဲဒီဇာတ်ထုတ်ကို ကျုပ်မကချင်ဘူး…။
ကျွန်တော့်ရင်ထဲမှာ
နတ်သမီးကဘယ်တော့မှ မသေဘူး။

တစ်ခုမပေးရင် တစ်ခုမရတာ
လူ့ဘ၀တဲ့လား
ရတယ်လေ ဒီလိုဆိုလည်း…
ကျွန်တော်ရယူခဲ့ သမျှအောင်မြင်မှု့တွေပြန်ပေးပြီး
နတ်သမီးရဲ့အနားမှာ တစ်ဖ၀ါးမခွါပဲပြန်နေမယ်။


ကံဇာတ်ဆရာက
ဆေးလိမ်ရောင်းတဲ့ မှော်ဆရာလိုပါပဲ
မထုံတတေးနဲ့။

စိတ်ပေါက်ပေါက်နဲ့ “တောက်”ခေါက်
အသုံးမ၀င်တော့တဲ့ အိပ်မက်တွေပြန်ကောက်ထည့်
နောက်ပြန်လှည့်မရတဲ့ဘ၀မှာ
ရပ်နေလို့လည်းမရခဲ့ဘူး။

ခြေလှမ်းကျဲကျဲနဲ့
တွေ့သမျှကို ကျိမ်ဆဲ…
စိတ်ရိုင်းတွေကြီးစိုး
စီးချင်းထိုးဖို့ နတ်သိကြားတွေကိုတောင်
စိန်ခေါ်မိခဲ့တယ်။


ခရီးပန်းလို့မှေးစက်
အိပ်မက်မှာ
နတ်သမီးလက်နဲ့ ဖန်ဆင်းပေးတဲ့
သံစဉ်တေးတွေ
အခုတော့
ကျွန်တော့ရင်ခွင်လေးထဲမှာ
အမြဲရှင်သန်လို့ နေပါတယ်…၊

ကြွေကာဝဲတတ်တဲ့ အနိစံ္စတွေကိုလက်ခံ
လောကဓံလို့လည်း ဖြေပါတယ်
ကံဇာတ်ဆရာကိုလည်း ကျေပါတယ်……။

11 comments:

Anonymous June 8, 2008 at 8:48 AM  

ကဗျာလေးက အတော်ခံစားပြီးရေးထားတယ်ထင်တယ်။ ကောင်းတယ်ကိုလူအေးရေ။ နောက်ထပ်တွေလည်းတင်ပါအုံးနော်။

Anonymous June 8, 2008 at 9:12 AM  

ကြွေကာနီးရင်ဝဲသွားတာပေါ့နော်
အင်း.....အနိစ္စ၊အနိစ္စ
ကိုလူအေးမှာမှ.....ကျွတ်.ကျွတ်။

Anonymous June 8, 2008 at 10:37 AM  

ကိုလူအေး...ခံစားချက်တွေတော်တော်ပျင်းနေပုံရတယ်...ကဗျာလေးလည်းတော်တော်ကောင်းနေတယ်...

Anonymous June 8, 2008 at 12:58 PM  

ကိုလူအေးရေ တကယ့်ခံစားချက်နဲ့ရေးရင် ကဗျာတွေ စာတွေက ပိုကောင်းတယ်လို့ ကြားဖူးတယ်။ ဖတ်လို့ အရမ်းကောင်းတယ်။ တကယ်ခံစားပြီးရေးထားတာဆိုရင်တော့ နတ်သမီးလေးက အပြီးထွက်သွားတာ မဟုတ်ဘဲ ပြန်လာပါစေလို့ ဆုတောင်းပေးတယ်နော။

ဇနိ June 8, 2008 at 2:27 PM  

ကိုလူအေးရေ...
လက်တစ်ဖက်ပြုတ်သွားပြီ
လောကဓံကိုခံနိုင်အောင်ခံပြီး ဒီအဖွဲ့လေးဆီတစ်နေ့ ပြန်ရောက်အောင် ပြန်လာပါဦး...
အမြဲတမ်းအတွက် တံခါးဖွင့်ထားပါတယ်။

Anonymous June 8, 2008 at 5:07 PM  

ကိုလူအေး... နတ်သမီးက ကြယ်စင်ကိုစီးပြီး အပြီးထွက်သွားတော့လည်း... ဒုံးပျံကြီးစီးတဲ့ နတ်သမီးတွေ နောက်ထပ်ရောက်လာမှာပါ...

RePublic June 8, 2008 at 7:49 PM  

ကျွန်တော်အစ ကဒီအိမ်(blog)လေးကို မဇနိပဲသိတာ၊
ခုတော့ ကိုဇနိ ရော ကိုလူအေးရော အားလုံး ရော စသိပြီ
သေချာတာကတော့ ဒီအိမ်(blog) ကလေးက စာတွေကောင်းတယ်ဗျာ
ဒီထက် ဒီထက် ပိုမိုအောင်မြင်မှာပါ ၊ ကျန်းမာပျော်ရွှင်ကြပါစေ

RePublic June 8, 2008 at 7:49 PM  

ကျွန်တော်အစ ကဒီအိမ်(blog)လေးကို မဇနိပဲသိတာ၊
ခုတော့ ကိုဇနိ ရော ကိုလူအေးရော အားလုံး ရော စသိပြီ
သေချာတာကတော့ ဒီအိမ်(blog) ကလေးက စာတွေကောင်းတယ်ဗျာ
ဒီထက် ဒီထက် ပိုမိုအောင်မြင်မှာပါ ၊ ကျန်းမာပျော်ရွှင်ကြပါစေ

ဇနိ June 8, 2008 at 8:09 PM  

republic ရေ ကိုလူအေးက နောက်ဆုံးကဗျာလေးနဲ့ နှုတ်ဆက်သွားတာ..ကဗျာရေး စာရေးကောင်းတဲ့ သူငယ်ချင်း ဘလော့(ဂ်)ကိုနှုတ်ဆက်သွားလို့ စိတ်မကောင်းဖြစ်ရပါတယ်..
ဒီဘလော့(ဂ်)လေးက သူငယ်ချင်းတွေ စုပြီးရေးတာပါ Contributor တွေ စုံတော့ စာတွေလည်း စုံတတ်ပါတယ်...
အချိန်ကုန်ခံလာဖတ်တဲ့သူများအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်ဗျာ..

ကိုရင်နော်ခင်လေးငယ် June 8, 2008 at 8:09 PM  

ကိုလူအေး...က
တစ်ခုမပေးလို့ တစ်ခုဘဲ မရတာ တော်သေးတယ်..
ခင်လေးက အခု ၁၀၀၀၀၀၀၀၀၀၀၀၀...
ပေး လည်း ပြန်ရဘူးရှင့်..
အဲဒါ “ကကြီးရေး သေးသေးတင်” ထင်တယ်...

အညာသား June 9, 2008 at 3:11 AM  

အရမ်းကောင်တယ်ဗျာ။
.........`ခြေလှမ်းကျဲကျဲနဲ့
တွေ့သမျှကို ကျိမ်ဆဲ…
စိတ်ရိုင်းတွေကြီးစိုး
စီးချင်းထိုးဖို့ နတ်သိကြားတွေကိုတောင်
စိန်ခေါ်မိခဲ့တယ်။´............
အဲဒီအပိုဒ်လေး အကြိုက်ဆုံးပဲ။

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP