တံတားများ
>> Friday, October 31, 2008
ဒီနေ့ bridge construction technology နဲ့ ပတ်သက်လို့ တိုကျိုမှာ seminar လုပ်တယ်။ seminar မစခင်မှာ Sumida river ထဲကို တံတားတွေဆရာက လိုက်ပြတယ်။ Sumida river က တိုကျိုကိုဖြတ်စီးနေပြီး တံတားပေါင်း ၂၆ ခုဖြတ်ဆောက်ထားတယ်။ Sumida river က တိုကျိုမြို့ကို ၂၇ ကီလိုမီတာနီးပါး ဖြတ်စီးနေတာဆိုတော့ တံတားတစင်းနဲ့တစင်းက (၁) ကီလိုမီတာခြားလောက် ရှိပါတယ်။ ရာသီဥတုက အုံ့မှိုင်းနေပြီး အတော်အေးလှတယ်။ ဓါတ်ပုံတွေတော့ သိပ်မလှဘူး။ အမှတ်တရအဖြစ် ဘလော့ဂ်မှာ တင်လိုက်တာပါ။ (ကျနော် ဇနိ ဓာတ်ပုံဆိုင်မှာ ပြင်ထားတယ်။) ညဆိုရင် ပိုလှတဲ့ rainbow bridge ကလည်း မိုးအုံ့နေလို့ မလှရှာဘူး။ suspension bridge၊ cable-stayed bridge၊ arch bridge၊ PC highway bridge အမျိုးစုံအောင် တွေ့ရတဲ့အတွက် ပင်ပမ်းရကျိုးနပ်တယ်ပေါ့။



































အရင်ကတင်ဖူးတဲ့ ကမ္ဘာမှာအရှည်ဆုံး suspension bridge ပုံလည်း ပြန်တင်လိုက်ပါတယ်။ Akashikaikyo bridge ဟာ center span 1990 meters ရှိတဲ့ အရှည်ဆုံးကြိုးတံတားဖြစ်ပါတယ်။ Honshu-Shikoku island ကိုဆက်ထားတဲ့ တံတားကြီးဖြစ်ပြီး တံတားဆိုင်ရာ နည်းပညာပေါင်းစုစည်းတွေ့နိုင်ပါတယ်လို့ ဆရာကပြောပြခဲ့ဖူးတယ်။

Tatara bridge ကို Matsuyama မြို့ကနေ သွားခဲ့တုန်းက ပုံပါ။ သူကတော့ 890 meters center span ရှိပြီး ကမ္ဘာ့အရှည်ဆုံး cable-stayed bridge အမျိုးအစားဖြစ်ပါတယ်။

Yokohama Bay Bridge ကတော့ center span 460 meters ရှိပြီး cable-stayed bridge ဖြစ်ပါတယ်။ Yokohama Port ကို အလှဆင်ထားတဲ့ တံတားတစင်းပါပဲ။

မဇနိ
14 comments:
လှလိုက်တဲ့ တံတားကြီးတွေဗျာ... မဇနိ က ဓာတ်ပုံရိုက်တာလဲ တော်တာပဲဗျို့... အခုလို ကိုယ်တိုင်လေ့းလာခဲ့ရတာတွေကို ဓာတ်ပုံလေးတွေနဲ့တကွ မျှဝေပေးတာ... ကျေးဇူးတင်တယ်ဗျို့... မဇနိ အားပေးနေတယ်နော်... :)
အဲ.. ဒို့ဆီမှာ တံတားတွေဆောက်လှမှတ်တာ၊ နီပွန်တွေကပိုများတာကိုး။ တံတားတွေကလှမှလှ။ မဇနိ သေချာသင်လာခဲ့နော်။ ဒါမှ မြန်မာရောက်ရင် မဇနိတို့အိမ်နဲ့ ကိုဇနိတို့အိမ်ကို မေတ္တာပေါင်းကူးတံတားဆောက်လို့ရမှာ။
ကိုဇနိ ရဲ့ ဓာတ်ပုံ ပြင်တဲ့ ပညာကလဲ လေးစားလောက်တယ်ဗျာ...ကျွန်တော်တို့ တစ်တွေရဲ့ ရုပ်ဆိုးနေတဲ့ပုံတွေပြင်လိုက်တာ..ဘီလူးပုံကို ဖြစ်ရော..အဟီး
တအိမ်ထဲ နေမှာပါဆို မောင်ဖြူနော်...
ကိုကြီးလုံး ဒါတောင် ပညာမကုန်သေးဘူးနော်.. ဟင်းဟင်း
မမနိ တံတားတွေများကြီးနော် ၊၊ တစ်ခုပီးတစ်ခု ဖြတ်ပြီး ကြည့်ရတာ မိုက်တယ်နော် ၊၊ ခုလိုများကြီး ရိုက်ပီး
ဝေမျှပေးတာ ကျေးဇူးပါ ၊၊ဗဟုသုတရပါတယ်ဗျာ ၊၊ ကွိကွိ
ကိုကြီးဝီ
ဂျပန်တွေက တံတားဆောက်တာ တော်တော် တော်တယ် ထင်မိတယ်။ ဒူဘိုင်းမှာလဲ Tunnelling နဲ့ bridge projects ဆိုရင် ဂျပန်ကုမ္ပဏီတွေ ရကြတယ်။ ပုံတွေအတွက် ကျေးဇူးပါ။ :)
ဖြတ်ညှပ်ကတ် က ကိုနိကိုး ။ ဒါကြောင့် မူရင်ပုံလောက်
ကောင်းနေတာ ။ :P နောက်တာ ဘရို။ :D
ကျေးဇူးပါ။
မမနိ တံတားတွေတဝ ကြီးကြည့်သွားပါတယ် ။ဘာလို့မှန်းမသိဘူး တံတားအရှည်ကြီးတွေဆိုရင်ရောက်ဖူးချင်တယ်။ BTW ကိုနိ သာမီးတို့ပုံတွေမပြင်နဲ့နော် :P
တံတားဆိုရင် တံတားပေါ်ကဖြတ်ဖြတ်၊ တံတားအောက်ကပဲ ဖြတ်ဖြတ် သိပ်ပျော်တာ။ အခု တံတားပုံတွေ ကြည့်ပြီးတော့လဲ သဘောကျတယ်။
ဒါနဲ့ နိနိတို့ မေတ္တာပေါင်းကူး တံတားလေးလဲ ရိုက်ပြအုံးမှပေါ့။
တံတားကြီးတွေ အရမ်းလှ...
screen saver လုပ်ဖို့ ခိုးထားလိုက်ပြီ
နိနိရေ...
များလိုက်တဲ့..လှလိုက်တဲ့တံတားတွေ
ငေးသွားပါတယ်...
လှလိုက်တဲ့ တံတားကြီးတွေ။ ပြန်လာရင် အဲလို ဆောက်နော် မဇနိလေး။
မဇနိလေး.. တံတားတွေ အများကြီးပဲ။ ပုံစံကလည်း မျိုးစုံ... ကိုဇနိနဲ့ မဇနိတို့ရဲ့ မေတ္တာပေါင်းကူးတံတားကရော ဘယ်လိုပုံစံလေးလဲ.. :)
စိတ်ရှည်ရှည်နဲ့ ပုံတွေ တင်ပေးတာ ကျေးဇူးပဲ ညီမလေးရေ.. သူတို့တံတား အမြင့်ကြီးတွေ ကြည့်ရတာ အသည်းယားတယ်.. :P
Post a Comment