လက်ဖက်နှပ်

>> Tuesday, October 28, 2008


မဇနိတစ်ယောက် လက်ဖက်တွေ အိမ်ကရောက်လာတော့ ကြာရှည်ခံအောင် ပြုရပြင်ရပါတယ်။ ပြုပြီးပြင်ပြီးသား ပုံတွေကို ကျနော်က စာရေးပြီးတင်လိုက်တာပါ။ လက်ဖက်လေးတွေက အညွှန့်လေးတွေ မပျက်အောင် နှပ်ရတာပါတဲ့။

ကဲ ကျနော်နဲ့တော့ မဖြစ်ပါဘူး။ သူက ရေးဆိုလို့ရေးတာ အဆင်မပြေတော့ သူ့ (မဇနိ)ပဲ ဆက်အရေးခိုင်းလိုက်တော့တယ်။


လက်ဖက်သားကို ညက်နေအောင်နှပ်ကြတယ်။ ကျွန်မအမေကတော့ အရွက်ပျက်ရင် မကြိုက်ဘူးတဲ့။ ဒါနဲ့ ထောင်းရတာလည်း သက်သာအောင် အမေနှပ်သလိုလေး နှပ်ထားတာပါ။ လက်ဖက်ကို ရေဆေး၊ ရေညှစ်လိုက်ပြီး ဆား၊ သံပုရာရည်၊ ကြက်သွန်ဖြူရယ် နယ်လိုက်ပြီး ဆီပါထည့်လိုက်တယ်။ ဖန်ပုလင်းထဲမှာ ဆီများများလောင်းပြီး ရေခဲသေတ္တာထဲ ထည့်ထားလိုက်ရင် အကြာစားလို့ရတာပါပဲ။

ဒါကတော့ စားချင်တဲ့အခါမှ ပုလင်းထဲက လိုသလောက်လေးခွဲပြီး ချဉ်ငံစပ်သုပ်လိုက်တာပါ။ ပဲကြော်လေးရှိတုန်း ဒါမျိုးသုပ်စားရတာ။ မဟုတ်ရင် လက်ဖက်နှပ်လေးပဲ ဖြစ်သလိုစားရတာများပါတယ်။ မြန်မာပြည်မှာနေရင်တော့ မထူးဆန်း၊ မရှားပါးတဲ့အရာတွေပါ။



ချင်းကြိုက်တတ်တဲ့ကျွန်မက လက်ဖက်သားထဲကို ချင်းလှီးထည့်ပြီး တပုလင်းနှပ်လိုက်သေးတယ်။ ချင်းကြိုက်တဲ့သူဆိုတော့ မွှေးတယ်ပေါ့။

စောစောကပြောသလို ချင်းကြိုက်တော့ ဒီမှာ ချင်းပေါက်မတွေ့တဲ့အခါ စိတ်ကူးတည့်သလို ချင်းတက်များများ ၀ယ်ထားလိုက်တယ်။ တချို့ကိုလဲ အပပ်စိုက်ထားတယ်။ တချို့ကိုလည်း ဟင်းချက်တဲ့အထဲထည့်။ တခါတလေတော့ ပါးပါးလှီးပြီး သုပ်စားပါတယ်။ အိမ်မှာဆို အမေက ကျွန်မအတွက် ချင်းပေါက်မပြတ်အောင် ၀ယ်ထားပေးရတယ်။ ရန်ကုန်မှာ ကော်ပြန့်ကြော်စားရင် ချင်းချဉ်လေးနဲ့ တို့စားရတာ သိပ်ကြိုက်တာပါ။ ဆိုင်ကလည်း ချင်းဈေးကြီးလို့လားမသိ ပန်းကန်ပေါက်စလေးနဲ့ နည်းနည်းလေးပေးတယ်။ “ကိုဇနိ ချင်းတောင်းပေးနော်” လို့ပြောရင် တောင်းပေးရှာတယ်။ တခါက နှစ်ခါဖြစ်လာရင် သူလည်းရှက်ရှာတယ်ထင်ပါရဲ့ “ချင်းကို အဲလောက်ကြိုက်သလား” လို့ မေးဖူးတယ်။ ကဲ ဒါနဲ့ပဲ ချင်းလှီးပြီး ပဲမှုန့်အကျက်၊ ပုဇွန်ခြောက်လေးနဲ့သုပ်စားလိုက်တော့ အာသာပြေသွားတယ်ဆိုရမယ်။


မဇနိ

12 comments:

အိမ်လွမ်းသူ(မှန်နီကုန်း) October 28, 2008 at 2:44 PM  

ဟွန်....! မဇနိကလဲ လက်ဖက်နှပ်တာ ...ဘယ်လိုနှပ်သလဲဆိုတာတော့ မပြောဘူး။
လက်ဖက်ကလေးတွေ က စားချင်စရာကောင်းတယ်ဗျ...။လုပ်ပါအုံးနောက်တခါ.. ဘယ်လိုနှပ်တယ်ဆိုတာလေး ကို...စိတ်ဝင်စားလို့ပါဗျ..။

Anonymous October 28, 2008 at 2:52 PM  

လဖက်နှပ်ထားတာလေးကို ထမင်းလေးနဲ့ နယ် နှမ်းလေးဖြူးပြီး လဖက်ထမင်းစားချင်စိတ်ပေါက်သွားပြီ။
ဂလု ဂလု
လင်း

RePublic October 28, 2008 at 4:42 PM  

မမကွိ ရေ ၊၊ စုံလင်လိုက်တာဗျာ ၊၊ မမနိ ဆီမှာ စားစရာတွေ စုံတယ်ဗျာ ၊၊ ပုံထဲ က လက်ဖက်နှပ်ကို စားချင်တယ် ၊၊ပို့ပေးပါ ၊၊ ကွိကွိ

ကိုကြီးဝီ

nu-san October 28, 2008 at 4:57 PM  

မဇနိရေ... လက်ဖက်နပ်က လူကြီးကြိုက်လေးနော်... စားချင်တယ်..အိမ်လာလည်ရင် ကောင်းမလားဟင်.. :P အဲဒါတွေက ဒီမှာ ရွှေထက်ရှားတယ်.. မစားရက်ဘူး.. ကိုယ့်အတွက် ရှားပါးတဲ့အစားအစာတွေ ဆိုရင် ဖဲ့စားရတယ် ကုန်သွားမှာစိုးလို့.. မဇနိက ချင်းအတော်ကြိုက်တယ်နော်. အမကတော့ ပူလို့ သိပ်မစားနိုင်ဘူး.. ချင်းသုပ်တော့ တခါတလေ သုပ်စားဖြစ်တယ်... ဒီမှာမဟုတ်ဘူး.. ရန်ကုန်မှာ ယောင်းမသုပ်ကျွေးတာ.. :D

PAUK October 28, 2008 at 5:29 PM  

ပြီးခဲ့တဲ့အခေါက်ပြန်တုန်းက..
လက်ဖက်တွေပါလာတာ..မနှပ်တတ်လို့မှိုတက်ကုန်လို့
လွတ်ပစ်လိုက်ရတယ်..

May Moe October 28, 2008 at 5:30 PM  

မမနိ ရေအပေါ်ဆုံးက ပန်ကန်မသွားပြီ။ သူက အိမ်မှာနှပ်တဲ့လက်ဖက် ပဲကြိုက်တာ သာမီးကလဲ မလုပ်တတ် ဟီးး အိမ်နီးရင်လာတောင်းစားမှာ :D

khin oo may October 28, 2008 at 6:47 PM  

တှို့ ကတော့ အာသာ မပြေဘူး တကယ် မစားရလှို့ ။

mgngal October 28, 2008 at 9:25 PM  

နောက်ဆို အစားအသောက် ပို့ စ်တင်ရင် လာမဖတ်တော့
ဘူး ။ (နေနိုင်တာလည်း မဟုတ်ဘူး ) :D
မစားရ အညှော်ခံတောင် မဟုတ်ဘူး ၊ မစားရ ပုံကြည့်ပြန် ဆိုသလို ဖြစ်နေပြီ ။ အနံ့ လေးရရင်တော်သေး။
:D

Dr. Yi Yi Win October 28, 2008 at 11:06 PM  

မနက်ဖြန် သွားဝယ်စားဦးမှပဲ နိနိရေ။

Anonymous October 29, 2008 at 5:28 AM  

မမနိ ကျနော်က အရမ်းကြိုက်တာ အခန်းမှာဆို နှစ်ပြန်ကြော်ထုတ်အမြဲရှိတယ် လက်ဖက်ထည့်မသုတ်စားဖြစ်ရင် ဒီတိုင်းပဲထိုင်ဝါးပြီးရေနွေးနဲ့ သောက်နေလိုက်တယ်။ ပုဇွန်ခြောက်လေးနဲ့ ဆိုပိုကောင်းတယ်နော့် ကြက်သွန်ဖြူလေးနဲ့  စားချင်လာပြီးဗျာာာာာာာာာာ။

တန်ခူး October 29, 2008 at 4:58 PM  

နိနိရေ… ဒီမှာ ဂျပန်ဆိုင်သွားစားရင် ဂျင်းချဉ်လေး အမြဲရှိတယ်…ပန်းရောင်လေး… အမက ဂျပန်မှာ ဂျင်းနုပေါမယ်ထင်နေတာ… လဘက်လေးနှပ်ထားတာ စားချင်စရာလေး… အဲဒီလို အရွက်ပုံမပျက်ပဲ အညွှန့် လေးအတိုင်း နှပ်တာ အမလဲကြိုက်တယ်… ဒါပေမယ့် အကြိုက်ဆုံးကိုမှ စားလို့ မရတဲ့ ဘ၀လေ…

Moe Cho Thinn October 31, 2008 at 2:12 AM  

နိနိရေ
လက်ဖက်ပွဲအခုမှ မြင်တယ်။ သူများတွေ ဦး ကုန်ပြီတော့။
ဒါနဲ့ အရွက်မပျက် လက်ဖက်နှပ်လေးနဲ့ ပုဇွန်ခြောက်နိုင်းချင်းကို ပန်းကန်ပဲ လျက်သွားတယ်။ မတတ်နိုင်ဘူးလေ..။ :D

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP