သူငယ်ချင်းများအတွက်

>> Thursday, October 9, 2008




သူငယ်ချင်း ၃ ယောက်အတွက် အမှတ်တရ ရေးတာပါ။

တကယ်တော့ ဒီပို့စ်ကို ရေးရမှာက ခပ်စောစောကတည်းကပါ။ ကျနော့်မှာလည်း အရှုပ်တွေလုပ်တာ များနေတော့ မရေးအားလို့ အခုမှ သူငယ်ချင်း သုံးယောက်အတွက် စုပေါင်းစပ်ပေါင်းရေးလိုက်တာပါ။



ပထမဆုံး ကိုမောင်လုံး

ကိုမောင်လုံးဆိုတာက ကျနော့်ရဲ့ တက္ကသိုလ်ရောက် ပထမဆုံးသောတွေထဲက ပထမဆုံးသောသူငယ်ချင်းတစ်ယောက်ပါ။ အခု ဒီအိုးဝေ ဘလော့ဂ်မှာလည်း သူ့ခြေရာ လက်ရာတွေ အများကြီးရှိပါတယ်။ ကိုလုံးကြီးရေ ဒါတွေတော့ လုပ်ပါဦးဆို သူ့မှာ ဘာသာတွေပြန်လိုက်ရ၊ အုမ်းကျူးတွေရေးလိုက်ရနဲ့ အတော်မအားဖြစ်ခဲ့ရပါတယ်။ အခုနောက်ပိုင်း ဘလော့ဂ်လာဖတ်တဲ့သူတွေက သူ့ကို သတိသိပ်ပြီး ထားမိမယ် မထင်ဘူး။ သူသည်လည်း ဒီဘလော့ဂ်အကျိုးကို အိပ်ရေးပျက်ခံပြီး ထမ်းဆောင်ခဲ့ဖူးတဲ့ သူပါ။ အဲ ပြောချင်တာက သူ့အရှုပ်ထုပ်တွေ သူ စရှင်းတာက ၂ ရက်နေ့ အောက်တိုဘာ ၂၀၀၈ နေ့လည် ၂း၃၀ မှာပါ။ အဲဒီနေ့က မနက်အစော သူ့ဆီကို လူကိုယ်တိုင် မသွားနိုင်တော့ ဖုန်းဆက်ပြီးတော့ အဆင်ပြေစေကြောင်း ဆုမွန်ကောင်းတွေ ပါးလိုက်ပါသေးတယ်။ သူသည်လည်း ခေသူမဟုတ်လေတော့ အရာအားလုံးဟာ ချောမွေ့စွာ ပြီးဆုံးသွားခဲ့ပါတယ်။

အလယ်လူလေး မောင်လူအေး

ဒီနေ့ အောက်တိုဘာ ၉ ရက် နေ့လည် ၂ နာရီ ၃၀ မိနစ်မှာ သူငယ်ချင်း ကိုလူအေး တစ်ယောက် သုံးနှစ်သုံးမိုးကြာအောင် ရှုပ်ထားတဲ့ အရှုပ်ထုပ်တွေကို ဖြည်ချတော့မှာပါ။ အခုဆို အထုပ်ဖြည်ဖို့ သူအဆင်သင့်ဖြစ်နေလောက်ပါပြီ။ အထုပ်မဖြည်ခင် ၁ နာရီလောက် အလိုမှ ဖုန်းဆက်တော့ တဟီးဟီးနဲ့ သူအဆင်ပြေကြောင်း ပြောရှာပါတယ်။ သူငယ်ချင်း ကိုလုံးကြီးနဲ့ မောင်ဖြူကတော့ ရေပူရေချမ်း ကမ်းလှမ်းဖို့ရာ ပြင်ဆင်နေကြလေရဲ့။ သူသည်လည်း ဒီဘလော့ဂ်မှာ ကွန်ထရီဗြူတာလုပ်ခဲ့တဲ့သူပါ။ ကဗျာတွေ စာတွေရေးခဲ့ပါတယ်။ အကြောင်းကြောင်းတွေကြောင့် (ဘာမှန်းလည်း တကယ်တော့ မသိပါဘူး၊ သူ့ဟာသူပျင်းလို့ဖြစ်မယ်။) ဒီဘလော့ဂ်ကနေ နှုတ်ထွက်သွားပေမယ့် သူ့ စာလက်ရာတွေကတော့ ကျန်နေဆဲပါ။ ဘဝမှာ အရေးကြီးတဲ့ အလုပ်တခုကို အောင်မြင်စွာ လုပ်ကိုင်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။ အောင်မြင်မယ်လို့လည်း ယုံကြည်ပါတယ်။

နောက်ဆုံးကလူ ကိုမောင်ဖြူ

မိတ်ရင်းဆွေရင်း ကိုမောင်ဖြူကတော့ သူ့အထုပ်တွေကို အောက်တိုဘာ ၁၄ မှာ ရှင်းမှာပါ။ သူ့အတွက်တော့ ကြိုတင်ဆုတောင်းလေး လုပ်ပေးရတာပေါ့။ သူငယ်ချင်း အောင်မြင်ပါစေ။ အလွန်သွက်လက်ချက်ချာသော မောင်ဖြူသည်လည်း အိုးဝေရဲ့သမိုင်းမှာ မေ့ထားလို့ရတဲ့သူမဟုတ်ပါဘူး။ သူ့စာတွေ ကဗျာတွေ ဘာသာပြန်တွေကို ဟိုးအရင်က အဟောင်းတွေထဲမှာ ရှာဖွေဖတ်နိုင်ပါတယ်။ အခုနောက်ပိုင်းမှာ အရှုပ်တွေကိုရှင်းနေတာနဲ့ ဒီဘက်ကိုခြေဦးလှည့်တာနည်းနေတာပါ။ အရင်တုန်းကဆို အိုးဝေမှာ မောင်ဖြူ၊ မောင်လုံး နဲ့လုံးခြာလည်နေခဲ့တာပါ။

သူငယ်ချင်းကြီးများ အဆင်ပြေပါစေ။

ကိုဇနိ၊မဇနိ

11 comments:

Anonymous October 9, 2008 at 3:37 PM  

ကဲ...ပညာလည်းစုံပြီ သူငယ်ချင်းတို့...(ဒီထက်စုံစရာဘာမှ မရှိတော့ဘူး၊ ကျေနပ်တော့နော်)...မပြည့်စုံသေးတဲ့ ကွက်လပ်တွေကိုလည်း ပြီးပြည့်စုံအောင် ဖြည့်ဆည်းနိုင်ကြပါစေ။ နောင် တွေ့ရမယ့် အရှုပ်တွေကိုလည်း အောင်မြင်စွာ ဖြေရှင်းနိုင်ပါစေ။

Sonata Cantata October 9, 2008 at 4:43 PM  

ဘလော့တွေကို စဖတ်ချိန်လောက်မှာ ရင်းနှီးခဲ့ရသည့် အိုးဝေမှ အနှီး ကိုမောင်လုံး၊ ကိုလူအေး နှင့် ကိုမောင်ဖြူ
တို့အတွက် သွားလမ်းသာလို့ လာလမ်းဖြောင့်ပါစေ လို့

PAUK October 9, 2008 at 6:29 PM  

ကိုနိရေ..
ထန်းရေ တူတူသွားသောက်တာ ဘယ်သူနဲ့လဲ
မေ့နေလို့...
အဲ့မှာပဲ အိပ်ပျော်သွားတာလေ..
ကိုနိတို့လဲ..ဘယ်တော့ အထုပ်ဖြည်မှာလဲ..

Anonymous October 9, 2008 at 7:16 PM  

ဘာအထုပ်ဖြေတာလဲ နားလည်ဘူး။ နားလည်အောင် ရှင်းပြပါဗျို့

khin oo may October 9, 2008 at 7:19 PM  

အောင်မြင်ကြပါစေ.။ အောင်ပါစေ။

khin oo may October 9, 2008 at 7:20 PM  

စလုံးက လာပြီး ဖတ်တော့ hang ten တီရှပ် ရောင်းနေတယ် ထင်လို့. တထည်လောက် ပို့လိုက်ပါ။

tmn October 9, 2008 at 8:17 PM  

ကျေးဇူးပါ ရောင်းရင်းကြီး ကိုဇနိ+မဇနိ... အိုဝေဘလော့ဂ်ကို လာရောက်အားပေးကြတဲ့ သူငယ်ချင်းအားလုံးလဲ ကျန်းမာပျော်ရွှင်ကြပါစေဗျာ...

ဇနိ October 9, 2008 at 8:55 PM  

Dissertation Defense လုပ်တာကို အရှုပ်ထုပ်ရှင်းတာလို့ ပြောတာပါ။ ရှင်းအောင်မရေးတော့ ရှုပ်သွားတာ တောင်းပန်ပါတယ်ဗျာ..

ဇနိ October 9, 2008 at 9:15 PM  

ပေါက်ရေ ထန်းရည်အတူတူသောက်ပြီး ထန်းတောထဲ အတူတူ အိပ်ပျော်ခဲ့တာက ကိုကြီးလုံး(tmn) ပါ..

Anonymous October 10, 2008 at 7:18 AM  

ညီလည်း သူငယ်ချင်းတွေကို သတိရနေတာ သူတို့ အဆင်ပြေကြမှာပါ ....။

Anonymous October 11, 2008 at 12:50 PM  

ကိုဇနိရေ ဒီပို့စ်အတွက်ကျေးဇူးပါ။ ၁၄-ရက်နေ့အထိ ဒုက္ခခံပြီးရင်တော့ ဘလော့ဖက်ကို ခြေဦးပြန်လှည့်လာမှာပါ။

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP