Yokohama Sea Paradise
>> Monday, October 6, 2008
ယိုကိုဟားမားကိုအလည်တခေါက် ရောက်လာမယ်ဆိုရင် သွားလည်ရမည့်နေရာလေးတခု တွေ့ထားပါတယ်။ တိုကျိုနဲ့လည်း သိပ်မဝေးလှတော့ မြန်မာပြည်ကနေ အလည်လာတဲ့ သူငယ်ချင်းများလည်း ကမကုရဘုရားကိုလာရင် Sea Paradise ကို ၀င်မယ်ဆိုရင် လမ်းညွှန်လိုက်ပါတယ်။
ယိုကိုဟားမားဘူတာကနေ Keihin kyuko line နဲ့ Kanazawa hakkei station ကိုစီးရတယ်။ အဲဒီဘူတာကနေတဆင့် Seaside line နဲ့ (၄) ဘူတာစီးပြီးရင် Hakkeijima station ကိုရောက်တယ်။ လမ်းနည်းနည်းလျှောက်လိုက်ရင် အေးချမ်းပြီး စိတ်အပမ်းဖြေနိုင်မည့် Sea paradise ကို ရောက်ပါပြီ။ တနေကုန်လျှောက်လည်လို့ မရိုးနိုင်အောင် လည်စရာတွေများလှပါတယ်။
တနေကုန်နေရာအနှံ့လည်မယ်ဆိုရင် ယန်း(၄၉၀၀) လက်မှတ်ဝယ်နိုင်ပြီး Aqua museum တခုပဲဝင်မယ်ဆိုရင် ယန်း ၂၇၀၀ တန် လက်မှတ်ကို ၀ယ်ရပါမယ်။ Aqua museum ကို လျှောက်လည်လိုက်တာနဲ့တင် ခြေထောက်တွေ တအားညောင်းပြီး Surf coaster လေးများစီးလိုက်လို့ကတော့ ချာချာတွေလည်သွားပြီသာ မှတ်ပေတော့။ ဒါပေမယ့် ပျော်စရာကောင်းပါတယ်။ Dolphin Dance ကိုကြည့်ရတာ စိတ်ဝင်စားစရာကောင်းသလို သနားစရာလည်းကောင်းနေတယ်။ ကကွက်တခုကလိုက်မှ သူတို့ကိုအစာကျွေးတာဆိုတော့ သူတို့ခမျာ အတော်လိမ်မာကြတယ်။
အသည်းယားစရာကောင်းလှတဲ့ blue fall လည်း စီးလို့ရတယ်။

အ၀င်ပေါက်မှာ ဓါတ်ပုံရိုက်လိုက်တယ်။

အပေါ်ကနေ ခြံကြည့်လိုက်ရင် ဒီမြင်ကွင်းလေးတွေက လှတယ်။

ဒီလိုလေးတွေစီးမလား

Aqua stadium မှာ လင်းပိုင်တွေကတာကို စောင့်ကြည့်ရတာလည်း စိတ်ဝင်စားစရာအကောင်းသား


ဖျော်ဖြေတဲ့မမတွေကို သူတို့လေးတွေက ခေါင်းပေါ်တင်ထားရှာတာ


မမတွေက တာ့တာလုပ်တော့ သူတို့တွေက အမြီးလေးတွေထောင်ပြီး တာ့တာလိုက်လုပ်ကြတယ်

သူတို့ကိုယ်ပေါ်မှာလည်း တက်လို့ရတယ်

တီးလုံးလေးတွေအလိုက် ကကြတာလည်း သနားစရာကောင်း

ဒါလေးကလည်း အံ့သြစရာ

ဓာတ်ပုံကင်မရာနဲ့ ဗွီဒီယိုရိုက်ယူလာတာလည်း ယူကျူ့မှာတင်လိုက်ပါတယ်။ ဆိုက်အလျော့လွန်သွားလို့ နည်းနည်းဝါးသွားတာ သည်းခံပြီးကြည့်ကြပါနော်။
ဒါကြီးကလည်း ၀က်ကြီးနဲ့တူလိုက်တာ

လိပ်ကြီးလည်း အတော်ကြီး


Sea Horse တွေ

ငါးတွေ

ရေဝက် (နာမည်အမှန်ကို မသိပါ။)

အရုပ်တွေ

ကြည့်ရတာ လှတယ်

ပင်ဂွင်းလေးတွေ

Surf coaster

ဒီနေရာကို သွားပြီး info ကြည်နိုင်ပါတယ်။
မဇနိ
10 comments:
နိနိရေ...
အခုတလော အလုပ်တွေရှုပ်နေလို့
အပန်းဖြေနိုင်မယ့်နေရာလေး သွားချင်နေတာ..
အခုတော့...တစ်ဝက်ပြေသွားပြီ..
ပျော်စရာ. မျှတဲ့ အတွက် ကျေးဇူး။ ဒါကြောင်.ပျောက် နေတာကိုး။ ဒီကတော.စာတွေ ပိနေတယ် ဆိုလို.သနားနေတာ။ တကယ်။
ပိုက်ချံမရှိလို့  မလာတော့ပါဘူးလေ ထီပေါက်ရင်တော့ လာမယ် အခုတော့ မဇနိ တင်ပေးထားတဲ့ ပုံတွေနဲ့  Sea paradise ကိုရောက်ဖူးသွားပြီး လူတွေတော်တော်ကြပ်တယ်နော့်း)
တခေါက်ရောက်ဖူးတယ် မဇနိရေ.. ပျော်စရာကြီးနော်.. Sea Paradise ရောက်ပြီးကတည်း Osaka က ငါးပြတိုက်ကို မကြည့်ချင်တော့တာ အခုထိကို မကြည့်ဖြစ်သေးဘူး..:D အဲဒီက show ပွဲလည်း ကြိုက်တယ်..Osaka မှာတော့ နေရာကျဉ်းလို့ show ပွဲတွေမရှိဘူးထင်တယ်..
ငါးတွေ ရှုခင်းတွေ ချည်းပဲလားဟင်.. မဇနိပုံရော ပါဘူးလား... :P
အကုန်ကြည့်သွားတယ် ရောက်သွားသလိုပဲ... မိုက်တယ် :P
မမနိ ..များပီ .. စာတွေပိုင်လို့ လျှောက်လည်နေတယ်ပေါ့ ၊၊ ကောင်းပါ့ ၊၊ပုံတွေ များကြီးရိုက်လာတော့ ကိုယ်တိုင်သွားကြည့် သလို စုံစုံလင်လင် သိရပါတယ် ၊၊ ဂျပန် က မိုက်တယ် ၊၊ ရောက်ဖူးချင်သား ၊၊ ပိုက်ဆံစု အုံးမယ်ဗျာ ၊၊ ထီပေါက်ရင်တော့ လာမယ် ၊၊ ကွိကွိ
ကိုကြီးဝီ
အင်း... ကိုနိနဲ့သာ သွားလိုက်ရရင်တော့ကွာ..... :P
***
ဓါတ်ပုံလေးတွေ ဝေမျှတာ ကျေးဇူး။ မရောက်ဖူးသော်လည်း တွေ့ဖူးသွားပြီ။
သုခမိန်(E-Journal)
မဇနိရေ… Sea Paradiseကို ပိုက်ဆံမကုန်ပဲ ရောက်သွားလို့  ကျေးဇူးပါညီမရေ… ပုံတွေထဲမှာ ပါးကွက်ကြားလေးနဲ့ မဇနိလေးရှာကြည့်သေးတယ်… လင်းပိုင်လေးတွေက ချစ်စရာ…သားကို ပြချင်လိုက်တာ…
တ၀က်အပန်းပြေသွားတယ်လား ပေါက် ရေ
စာတွေလည်း ပိမြဲပိဆဲပါ မမရယ် သံယောဇဉ်လေးကြောင့် လှုပ်ရှားနေရတာပါ
ပိုက်ချံမချိလည်း လာပါကွယ် မောင်မျိုးရယ်
အိုဆာကာက ငါးပြတိုက်တော့ မရောက်ခဲ့ဘူး မမနုစံ
မိုက်တယ် လား ဝေလေး
ကိုနိနဲ့လာလည်လေ သုခမိန်ကြီး
အမတန်ခူးသားလေးဆို ပျော်နေမှာဗျ ကလေးတွေအတွက် ပျော်စရာကောင်းတယ်
ဟာ မိုက်တယ်...ဓာတ်ပုံတွေက...အခုလို တကုတက ဓာတ်ပုံတွေရိုက်လာပီး မျှဝေပေးတာ ကျေးဇူးပဲဗျို့...
Post a Comment