လက်ဖြစ်အာပူလျှာပူ

>> Wednesday, October 22, 2008



မနက်ကပဲ ညီမလေးမေမိုးက ဘာတွေစားနေလဲလို့ လာမေးတယ်။ ဒါနဲ့ သတိတရ ငါးပိထထောင်းတာ။ တကယ်က ဘာမှလဲ မဆိုင်သလိုပဲနော်။ အာပူလျှာပူ ready made ကလည်း မရှိတော့ ကောင်းမယ်ထင်တဲ့အတိုင်း လက်ဖြစ်လေးလုပ်စားမယ် စိတ်ကူးလိုက်ပါတယ်။ အမေပို့ပေးတဲ့ လက်ထောင်းငါးပိလေးကလည်း ရှိနေတော့ အတော်ပေါ့။ ပုဇွန်ခြောက် လေး ငါး ဆယ်ကောင်လောက်ကို ရေးဆေးပြီး ထောင်းလိုက်တယ်။ ကြက်သွန်ဖြူလေးပါထည့်ထောင်းထားပြီး ငရုတ်ကောင်းစေ့လည်း ထည့်လိုက်တယ်။ ငရုတ်သီးစိမ်းလေး မညက်တညက်ပါ ထည့်ထောင်းမယ်။ နောက်ဆုံး ငါးပိလေးပါထည့်လိုက်ပြီး တချက်နှစ်ချက်လောက် ထောင်းထားပြီး ပန်းကန်လုံးလေးထဲထည့်ထားလိုက်တယ်။
ညနေမှ အာပူလျှာပူ ချက်ဖြစ်တာပါ။
ဟင်းရည်မချက်ခင် မုန့်ဖတ်အရင်ပြုတ်ပြီး အအေးခံထားလိုက်တယ်။
ရေနွေးအိုးဆူလာရင် စောစောကထောင်းထားတဲ့ ငါးပိလုံးကို ထည့်ပြုတ်တာပါပဲ။ ဟင်းရည်အသားကျလာရင် မုန့်ဖတ်လေးရယ် မန်ကျည်းမှည့်ရည်လေးရယ် နံနံပင်လေး ကဗျာကယာထည့်ပြီး ပူပူလေးသောက်လို့ရပါပြီ။




မင်းလမ်းမှာ အာပူလျှာပူသောက်ရင် အသုပ်လေးနဲ့ တွဲစားရတာ သတိရတာနဲ့ ကြောင်လျှာပွင့် သုပ်လိုက်သေးတယ်။ ကြောင်လျှာပွင့်ခြောက်ကို (၁) နာရီလောက် ရေစိမ်ထားပြီး ရေနွေးဖျောပါတယ်။ ရေစင်အောင်ညှစ်ပြီး ကပ်ကြေးလေးနဲ့ ခပ်ကြီးကြီး ကိုက်ထားလိုက်တယ်။ ကြောင်လျှာပွင့်က နူးညံ့လို့ နုပ်နုပ်လေးတွေ ကိုက်ရင် အရသာမသိမှာစိုးတာနဲ့ ခပ်ကြီးကြီးညှပ်တာပါ။ မြေပဲဆံထောင်း၊ ကြက်သွန်ဖြူဆီချက်၊ သံပုရာရည်လေးညှစ်ထည့် ပုဇွန်ခြောက်အသေးလေးတွေပါထည့်ပြီး သုပ်လိုက်တာပါ။ ပဲမှုန့်အကျက်လေးပါ ထည့်သုပ်လိုက်တော့ ခပ်ထွေးထွေးလေးနဲ့ စားရတာပေါ့။
အာပူလျှာပူက ပူလိုက်၊ စပ်ရင် အသုပ်လေးတဇွန်းစားလိုက်နဲ့ အလုပ်အတော်ဖြစ်သွားပါတယ်။

မဇနိ

14 comments:

PAUK October 22, 2008 at 6:10 PM  

နိရေ...
ဦးဦးဖျားဖျား လာစားသွားတယ်..
စပ်လိုက်တာ..
ကော်ဖီတစ်ခွက်လောက်..(အစပ်ပြေ)

khin oo may October 22, 2008 at 6:23 PM  

ဂလု ဂလု တတ်လည်း တတ်နိုင်ပါပေ့။ မဇနိရယ်။ တအိမ်တည်း နေ ချင်လိုက်တာ်။ စာတွေလည်းကျက်. ချက်လဲစား ရှယ်ဘဲ။ စားချင်တယ် စားချင်တယ်။ စားချင်လိုက်တာနော်။
တို့ကိုတော့ အအေးလေးဘဲ ပေးပါ မဇနိရယ်။

RePublic October 22, 2008 at 6:52 PM  

မမကွိ ၊၊ ကျနော်လည်း အာပူလျှာပူ စားချင်တယ် စားချင်တယ်။ စားချင်လိုက်တာဗျ ၊၊ အသုတ်တစ်ပွဲ ပေးပါဗျာ ၊၊

ကိုကြီးဝီ

mgngal October 22, 2008 at 7:16 PM  

အာပူလျှာပူတစ်ပွဲနဲ့  ကြောင်လျှာပွင့်သုပ် တစ်ပွဲပေးပါ
မမနိ ။ ကျသင့်ငွေကိုတော့ ကိုနိ ဆီကတောင်းလိုက်တော့ ။
:P နောက်တာ ။ အလကားကျွေးမှန်းသိတယ် ။ :D
လုပ်ပြီး စားကြည့်ဦးမှပဲ ။ ဟဲဟဲ

nu-san October 22, 2008 at 7:24 PM  

မဇနိရေ.. နေကောင်းသွားပြီပေါ့.. အာပူလျှာပူဆိုတာ မြင်လို့ ၀င်လာတာ.. ဒီရောက်တော့ ဂလု ဂလုနဲ့.. တံတွေးတွေ မျိုချနေရတယ်.. ကြည့်ရတာ စားချင်လိုက်တာ.. နောက်မှ မမခင်ဦးမေ မသိအောင် လက်တို့ပြီးတော့ မေးဦးမယ်.. :P အဲဒီလို ပူပူစပ်စပ် စားနေချင်တာ... ကြောင်လျှာပွင့်သုပ်တော့ မစားဖူးဘူး။ အိပ်ခါနီးလေး သွားရည်လာကြသွားတယ.်..

Anonymous October 22, 2008 at 7:27 PM  

သူငယ်ချင်းရေ...
နေမကောင်းနေတာနဲ့အတော်ပဲ
နင့်အသုပ်ကို တကယ်စားချင်လာပြီကွ

Moe Cho Thinn October 22, 2008 at 8:17 PM  

အော် လုပ်တတ်သူများကျတော့လဲ လုပ်လိုက်တိုင်း ရွှေ ဖြစ်နေပါလား။
စမ်းကြည့်အုံးမယ်လို့ မရေးတော့ပါဘူး။ မKOM က အဖြစ်မရှိဘဲနဲ့ လူကြားကောင်းအောင် ရေးတာလို့ ပြောနေအုံးမယ်။ :)
အမက အာပူလျှာပူအရည်လေးသောက်ပြီး မုန့်ဟင်းခါးအသုတ်စားချင်တာ။ အင်းယားဘေးက အာပူလျှာပူဆိုင်တွေကို လွမ်းသွားပြီ နိနိရေ။

Anonymous October 22, 2008 at 8:20 PM  

မမနိ ..ကျနော်လည်းတကယ်စားချင်တယ် အဲ့လိုမျိုးစား နှာရည်လေးယို ချင်တာ မိုက်တယ်း)

Anonymous October 22, 2008 at 10:26 PM  

မဇနိနော် အတော်ဒုက္ခပေးတယ်။ ဓာတ်ပုံကြည့်ပြီး ဂလု ဂလု.......

လင်း October 23, 2008 at 8:27 AM  

ဟင့်စားချင်လိုက်တာနော်။ မင်းလမ်းအာပူရှာပူကို တကယ်လွမ်းသွားပြီ။ ၀က်ဆီဖတ်ကြော်လေးပါညှပ်ထည့်
ပြီး အသုတ်ကလေးနဲ့ ( သူဟာကတော့ငှက်ပျော်ဖူးသုတ်ထင်တယ်နော်) နောက်တခုကတော့ သဘောင်္သီးသုတ်။ အားးးးစားချင်တယ်။ အခုတော့ ဓါတ်ပုံတွေကြည့်ပြီး ဂလုဂလု ။

Taungoo October 23, 2008 at 8:28 AM  

မမနိကြီး
ဆိုးလိုက်တာ။ ဖတ်ရင်းနဲ့ ပါးစပ်ထဲမှာ သွားရည်ယိုနေပြီ။း( ရွံစရာကြီးနော်။
ကြောင်လျှာပွင့်သုတ်မကြိုက် မကြိုက်။
ဒီမှာတော့ အသင့်ထုပ်လေးတွေ ဝယ်လို့ရတယ်။ အေးဆေးပဲ။ ဟိုနေ့ကတောင် ဟင်းရည်လေးပဲ လုပ်သောက်လိုက်သေးတယ်။ ကျွန်တော်က ကျောက်မြောင်းစတိုးနားက အန်တီခင်ပြုံးရီဆိုင်ရဲ့ ဖောက်သည်ဗျ။ ရခိုင်သုတ်ကို ချဉ်ငံစပ်ကဲကဲ ဝက်ဆီဖတ်ကြော်နဲ့ ငါးဖယ်ပါထည့် ငါးဖတ်လေးလဲ ထည့်ပေးတယ်။ ရှူးရှဲနဲ့ ဟင်းရည်ကလဲ အဆစ်များများတောင်းသောက်။ အားးးးးး
စားချင် စားချင် စားချင်

May Moe October 23, 2008 at 10:07 AM  

မမနိ ကျန်သေးရဲ့လား စားချင်တယ် စားချင်တယ် ဂလု ဂလု ကြောင်ရှာပွင့်သုတ် မစားဖူးသေးဘူး :D လာအကြောင်းကြားတဲ့ ကိုနိကိုလည်းကျေးဇူး

Anonymous October 23, 2008 at 2:17 PM  

ပေါက်ရေ ရော့ ရော့ ကော်ဖီလေး စပ်သွားလား ဟီး ဟီး

မမ ကေအိုအမ်အတွက်တော့ အအေးလေးပေးပါ့မယ်နော်

အသုတ်တစ်ပွဲဟုတ်ဘူး နှစ်ပွဲပေးမယ် ကိုကြီး ၀ီ

လုပ်စားကြည့်ရင် လက်တို့လိုက်အုံးနော် မောင်ငယ်

မမနုစံ တံတွေးမျိုချသံလေးကြားလိုက်တယ် ကြောင်လျှာပွင့်သုတ်လေးလည်း ကောင်းတယ်ဗျ

မဟာဆန်ရေ မင်းတို့နဲ့အတူ မင်းလမ်းသွားစားတာတွေ သတိရတယ် ဝေ့။ နေမကောင်းဘူးလား မြန်မြန်နေကောင်းပါစေ

မမချိုသင်းရေ ညက မုန့်ဟင်းခါးလည်း သုပ်စားတယ်။ ကိုဇနိက ဓါတ်ပုံတွေ များနေတယ် မတင်နဲ့ဆိုလို့ သိလား။

ဟား ဟား နှာရည်လေးယိုချင်တာ စပ်လို့လား။ လွမ်းလို့လား မရှင်းမရှင်မလုပ်နဲ့နော်

ညီမ ဂလုမနေနဲ့ စားချင်လာခဲ့ ဒါဘဲ

လင်း ရေ မင်းလမ်းကို သွားသောက်မယ်လေ။ အပေါ်ထပ်လေးမှာ နေရာတွေလွတ်နေသေးတယ်။

တောင်ငူသားရေ အဆစ်များများတောင်းသောက်တယ်လား။ စလုံးမှာပေါတယ်ဆို ကောင်းလိုက်တာ။ ဟင်းရည်လေးပဲ လုပ်သောက်လည်း ကောင်းတယ်။

ညီမငေး မေမိုး ဘယ်ပျောက်နေတာလဲ။ နောက်ဆုံးမှလာတော့ နည်းနည်းကျန်တော့တာပေါ့။ ကြောင်ရှာပွင့်သုပ် စားကောင်းသား။

Anonymous October 23, 2008 at 2:18 PM  

ပေါက်ရေ ရော့ ရော့ ကော်ဖီလေး စပ်သွားလား ဟီး ဟီး

မမ ကေအိုအမ်အတွက်တော့ အအေးလေးပေးပါ့မယ်နော်

အသုတ်တစ်ပွဲဟုတ်ဘူး နှစ်ပွဲပေးမယ် ကိုကြီး ၀ီ

လုပ်စားကြည့်ရင် လက်တို့လိုက်အုံးနော် မောင်ငယ်

မမနုစံ တံတွေးမျိုချသံလေးကြားလိုက်တယ် ကြောင်လျှာပွင့်သုတ်လေးလည်း ကောင်းတယ်ဗျ

မဟာဆန်ရေ မင်းတို့နဲ့အတူ မင်းလမ်းသွားစားတာတွေ သတိရတယ် ဝေ့။ နေမကောင်းဘူးလား မြန်မြန်နေကောင်းပါစေ

မမချိုသင်းရေ ညက မုန့်ဟင်းခါးလည်း သုပ်စားတယ်။ ကိုဇနိက ဓါတ်ပုံတွေ များနေတယ် မတင်နဲ့ဆိုလို့ သိလား။

ဟား ဟား နှာရည်လေးယိုချင်တာ စပ်လို့လား။ လွမ်းလို့လား မရှင်းမရှင်မလုပ်နဲ့နော်

ညီမ ဂလုမနေနဲ့ စားချင်လာခဲ့ ဒါဘဲ

လင်း ရေ မင်းလမ်းကို သွားသောက်မယ်လေ။ အပေါ်ထပ်လေးမှာ နေရာတွေလွတ်နေသေးတယ်။

တောင်ငူသားရေ အဆစ်များများတောင်းသောက်တယ်လား။ စလုံးမှာပေါတယ်ဆို ကောင်းလိုက်တာ။ ဟင်းရည်လေးပဲ လုပ်သောက်လည်း ကောင်းတယ်။

ညီမငေး မေမိုး ဘယ်ပျောက်နေတာလဲ။ နောက်ဆုံးမှလာတော့ နည်းနည်းကျန်တော့တာပေါ့။ ကြောင်ရှာပွင့်သုပ် စားကောင်းသား။

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP