မြင်ကွင်း

>> Wednesday, August 13, 2008

မြင်ကွင်း

အစအခြေ
မမျှနေတဲ့
ဘဝတွေထဲမှာ
လဲသူက လဲ
စွဲသူက စွဲ
သဲသူက သဲ လို့
ရဲသူကလဲ.. ရဲနေကြပြန်တယ် ။

ပန်းချီဆေးစက်တွေမှာ
အဘက်ညီအောင်
အဝါရင့်ထက်
အနီဆေးစက်တွေပက်တင်
ရက်စက်တယ်ထင်ရင်လဲ မမှု့။

ခဏလေးများစွာအတွက်
သူ့မူနဲ့သူ
စတေးလိုက်ကြသူတွေမှာ
တစ်ချို့က
ဂုဏ်သိက္ခာအတွက်
တစ်ချို့က
သစ္စာတရားအတွက်
တစ်ချို့က
အမျိုးအနွယ်အတွက်
မြင့်မြတ်မူ့သက်သက်နဲ့
ဘဝတွေကို သဂြိုလ်ပစ်ခဲ့ကြပြီး…..
တစ်ချို့ကျပြန်တော့
ငြူစူအတိ
အယူသာရှိပြီး
ကိုယ့်အတွက်ကိုယ်ကြည့်ရင်း
စာနာတတ်တဲ့ ကိုယ်ကျင့်တရားမြတ်ကို
နင်းသတ်ပစ်လိုက်ဖို့ပဲ……
ကြံစည်နေတတ်ကြတယ်။

5 comments:

တားမြစ် ထားသော... August 13, 2008 at 12:36 PM  

ဒီကဗျာကိုဖတ်တော့ အခု သတင်းတွေမှာတွေ့နေရတဲ့ ရုရှ-ဂျော်ဂျီယာကို မျက်လုံးထဲမှာ မြင်လာတယ်။

ဒါပေမဲ့ ကဗျာလေးကတော့ ဒီ့ထက်ပိုလို့ လေးနက်မယ်ထင်ပါတယ်။

Anonymous August 13, 2008 at 12:47 PM  

ဒီကဗျာလေး ကြိုက်တယ်ဗျာ အဲ့ တစ်ချို့ ချို့ ဆိုတာတွေမှာ ကျနော်လည်းပါနေသေးတယ် ။

RePublic August 13, 2008 at 7:33 PM  

ကဗျာ ရဲ့ ဆိုလိုရင်း မြင်ကွင်း ကိုခံစားလို့ရပါတယ် ၊၊
အနက်အဓိပ္ပါယ် ရှိတဲ့ ကဗျာ တစ်ပုဒ်ပါ မမေအောင် ၊၊
အားပေးပါတယ် ဗျာ ၊၊ ၊၊

Sonata Cantata August 14, 2008 at 8:14 AM  
This comment has been removed by the author.
Sonata Cantata August 14, 2008 at 8:16 AM  

မြင်ကွင်းတွေက သိပ်ထင်ရှားလွန်းရင် မျက်စိတင် မကဘူး ရင်ထဲကပါ ကျိန်းစပ်စပ် ဖြစ်လာတယ်

ပုံ
မျက်မှန်စိမ်းတပ်ထားသူ

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP