လက်ဆောင်ပစ္စည်းများ

>> Tuesday, December 16, 2008


တစ်နေ့က သူငယ်ချင်း ဖိုးသောကြာနဲ့ ညီလေးလွင်ပြင် အမှတ်တရလက်ဆောင်ပစ္စည်းဆိုင်ကို သွားကြတယ်။ မယ်သောက်ဖို့နဲ့ မယ်လွင်ပြင်ဖို့ လက်ဆောင်ဝယ်သွားကြတာပေါ့လေ။ မောင်ဇနိတော့ မအားတော့ မလိုက်ဖြစ်ဘူး။ သူတို့တွေ လက်ဆောင် ပစ္စည်းဆိုင်ထဲမှာလည်း လက်ဆောင် ပစ္စည်းလေးတွေကို အမှတ်တရ ဓာတ်ပုံရိုက်လာကြတယ်။ ကျနော် ဒီနားလေးမှာ ရုရှားက မာသရိုရှကာအရုပ်လေးတွေ အကြောင်း ရေးဖူးတယ်။ မြန်မာပြည်က ပစ်တောင်ထောင်ရုပ်လေးတွေလိုပဲ။ သိပ်လှတယ်၊ ချစ်စရာကောင်းတယ်။ ပြီးတော့ အဲဒီဆိုင်မှာ ရုရှားရိုးရာ အဝတ်အစားတွေနဲ့ အရုပ်ကလေးတွေလည်း ရှိတာပဲ။ မြန်မာမျက်စိနဲ့ ကြည့်ရင် နတ်ကတော်လိုလို ဘာလိုလိုလေးတွေ။ ချစ်စရာပါ။ ပြီးတော့ ယွင်းထည် ပစ္စည်းလေးလိုမျိုး အစ်တွေ၊ ဗူးတွေလည်း ပေါသပေါ့လေ။ မာသရိုရှကာ သော့ချိတ်လိုမျိုး ပစ္စည်းသေးသေးလေးတွေ ရှိတာပဲ။ ပြီးတော့ နံရံချိတ်ဖို့ရာ ပန်းချီကားလေးတွေလည်းရှိသလို၊ ပန်းချီချယ်ထားတဲ့ ပန်းကန်လေးတွေလည်း ပေါပါ့။ အရောင်အသွေး အဆင်စုံတဲ့ ပုဝါလေးတွေလည်း ရှိတယ်။ ပြီးတော့ မိန်းကလေး လက်ကိုင်အိတ်လို အလှချယ်ထားတာတွေလည်း ရှိပါ့။ မြန်မာပြည်မှာ အိုးပုတ်ချိုးရုပ်လို ကြွေထည်ပစ္စည်းသေးသေးလေးတွေလည်း ရှိတယ်။ သစ်သားတွေနဲ့ လုပ်ထားတဲ့ ကလေးကစားစရာ၊ အမှတ်တရ သိမ်းစရာ ပစ္စည်းလေးတွေလည်း ရှိတယ်။ မဇနိဖို့ လက်ဆောင် ပယင်းဆွဲကြိုးလေးနဲ့ လည်ဆွဲလေးကို ဒီဆိုင်ကပဲ ဝယ်တာ။ ပယင်းကို ရုရှားလို янтарь လို့ခေါ်ပါတယ်။ အင်္ဂလိပ်လို amber လို့ ခေါ်ပါတယ်။ ဝီကီ ဒီနေရာမှာပယင်းအကြောင်းဖတ်နိုင်ပါတယ်။ မဇနိကို သူငယ်ချင်းရိုက်လာတဲ့ ဓာတ်ပုံတွေပြပြီး ဘာလိုချင်သလဲ ကြည့်ထား ဝယ်ပေးမယ်လို့ ပြောတော့ သူက တဆိုင်လုံး လိုချင်တာတဲ့။ ပယင်းဆွဲကြိုးဆိုရင် အလုံးကြီးကြီးလေးတွေကို သဘောကျသတဲ့၊ အဲ ပုဝါဆိုရင် ဒီလို အရောင်ခပ်မှိုင်းမှိုင်းလေးပေါ်မှာ အပွင့်ခပ်ကြီးကြီးလေးကို အရမ်းကြိုက်တာတဲ့။ လက်ကိုင်အိတ်ဆိုရင် မော်စကို အမှတ်တရ အရုပ်ပါတာကို လိုချင်တယ်တယ်တဲ့။ နံရံကပ် ပန်းချီပန်းကန်ပြားလေးတွေကိုတော့ နှစ်ကိုယ်တူ အိမ်ကျ ချိတ်ဖို့ အခုကတည်းက ဝယ်ထားချင်တယ်တဲ့။ ပြီးတော့ သူက ဆက်ပြောသေးတယ်၊ မိန်းကလေးကို အဲသလို လက်ဆောင်ပစ္စည်းဆိုင် လာပြလို့ကတော့ အကုန်အဝယ်ခိုင်းခံရတော့မှာပေါ့ တဲ့။ မယ်ဇနိသာလိုချင်ရင် ကောင်းကင်က ကြယ်တွေကို ကြိုးနဲ့ သီပြီး ဆွဲကြိုးလုပ်ပြီး ဆင်ပေးမယ်တောင် ပြောထားတာလေ၊ ဝယ်ပေးမှာပေါ့နော်။

ကဲ သူငယ်ချင်းတို့လည်း ရုရှားလက်ဆောင် ပစ္စည်းတွေကို အပျင်းပြေကြည့်ရတာပေါ့။















ဒီပုံကတော့ ရင်ပြင်နီပေါ်မှာ ရှိတဲ့ Saint Basil's Cathedral ပါ။

16 comments:

PAUK December 16, 2008 at 6:03 PM  

ဟွန်း
အမည်မသိနဲ့တင်ချင်တာပါဆို..
အခုကျတော့..
အခုကျတော့...
ပုဝါလေးတွေကို..အစကထမိန်စတွေမှတ်နေတာ..
ဟီးဟိ..
တော်တယ်နော်..
ပစ်တိုင်းထောင်သော့ကွင်းလေးတွေ
ချစ်စရာ..
အရုပ်တွေက နတ်ရုပ်လိုလို..ကြောက်ပါတယ်..
အရုပ်တွေ..တိုလီမုတ်စ မကြိုက်တတ်လို့နဲ့
တူပါတယ်လေ...
နိနိရေ..
များများတောင်းထားဟေးးးးးးးးးးးးးးးး
ဟီးဟိ

khin oo may December 16, 2008 at 6:13 PM  

သူချည်းဘဲရှေ့ဆုံးက

May Moe December 16, 2008 at 6:14 PM  

ဟားဟားဟား "မယ်ဇနိသာလိုချင်ရင် ကောင်းကင်က ကြယ်တွေကို ကြိုးနဲ့ သီပြီး ဆွဲကြိုးလုပ်ပြီး ဆင်ပေးမယ်တောင် ပြောထားတာလေ၊ ဝယ်ပေးမှာပေါ့နော်။" မမနိရေ ချင့်ယုံဗျိုး :P

khin oo may December 16, 2008 at 6:15 PM  

တို့လဲ တစ်ဆိုင်လုံးလိုချင်တယ်။

khin oo may December 16, 2008 at 6:16 PM  

တို့မဖတ်ဘဲ လက်မှတ်ထိုးလိုက်တာ မေမိုးရှေ့က ဖြစ်သွားတယ်။

khin oo may December 16, 2008 at 6:19 PM  

16 Dec 08, 19:11
kom: သီချင်းလေးအရမ်းကောင်းတယ်။သိတ်ကြိုက်တယ် အရုပ်ကလေးကလဲချစ်စရာလေး။ အများကြီးကျေးဇု. ကိုနိ/မနိ (ချစ်)

Anonymous December 16, 2008 at 6:34 PM  

ဂျီးဒေါ်မေမေ .. နေရာသိပ်ယူလွန်းတယ်နော်.. မပြောချင်ဘူး.. သားကနေရင်းထိုင်ရင်း နောက်ကို ၄ ခုရောက်တွားဘီ..း(

ဦးဦးနိ သားကိုလည်း ကြွေရုပ်သေးသေးလေးတွေ ၀ယ်ပေးပါ.. မာသယျော့ရှ်ကာ အရုပ်တွေတော့မကြိုက်။ ဒေါ်ဒေါ်နိ လောဘကြီးမယ်ဆိုလည်းကြီးစရာ.. အားလုံးလိုချင်စရာလေးတွေ..။

Anonymous December 16, 2008 at 6:35 PM  

မကြီးပေါက်က ပုဝါနဲ့ထမိန်မှားလို့တဲ့.. :P

ThuHninSee December 16, 2008 at 7:54 PM  

နံရံမှာ ချိတ်ရတဲ့ ပန်းကန်ပြားလို အပြားလေးတွေ
ဝယ်ပေးနော်။ :P

မီယာ December 16, 2008 at 8:29 PM  

ရုရှားပြန်လက်ဆောင် အရုပ်လေးနဲ့ နားကပ်လေးရဖူးတယ်။ အခုထိရှိသေးတယ်။ တဆိုင်လုံး လိုချင်စရာတွေချည်းနော်။

Moe Cho Thinn December 16, 2008 at 9:44 PM  

ကြယ်တွေ သီပြီး ဆွဲကြိုး လုပ်ပေးမယ် ဆိုပဲ နိနိရေ။
အပြောကတော့ တကယ်ကောင်း။
တခါက ကာတွန်းလား၊ ဟာသ လား မသိဘူး၊ သွားသတိရတယ်။
ကြယ်တွေ တက်ဆွတ်ပေးမယ်ပြောလို့ လမ်းထိပ်က ပဲ ပလာတာ ၀ယ်ခိုင်းတာ မအားသေးလို့ ဆိုပဲ။ :)
ပယင်းပုတီးလေးတွေကတော့ လှပါ့ နိရေ။ ပယင်းပုတီးကို တဆိုင်လုံး မတောင်းဘဲ တကုံးလောက်သာ ကိုယ်တိုင် လာဆွဲပေးပါလို့ တောင်းလိုက်ပါ။ အမတော့ မြှောက်ပေးခဲ့ပြီဟေ့..

RePublic December 17, 2008 at 3:13 AM  

ကိုနိ ရဲ့ ဓာတ်ပုံကောင်းတွေ လာငေးပါတယ် ၊၊ တစ်ဆိုင် လုံးယူချင်တဲ့ ကွိကွိ အတွက်ကိုတော့ ကိုနိကတော့ ဒုက္ခပါ ၊၊ တတ်နိုင်ဘူးလေ ၊၊ ၀ယ် သာ သယ်ပေးလိုက်ပါတော့ဗျာ ၊၊ ကွိ

လင်း December 17, 2008 at 3:52 AM  

်မနိက တဆိုင်လုံး ၀ယ်ခိုင်းပြီး အားလုံးကို ဝေပေးမှာ။

Anonymous December 17, 2008 at 5:34 AM  

ကိုနိရေ့ ကျနော် ဟိုအရုပ်သော့ချိတ်လေး လိုချင်လိုက်တာ ။ တကယ်လက်ဆောင်ရ ဘီလောက်ကောင်းး =)

Welcome December 17, 2008 at 8:00 AM  

ခရစ္စမတ်လက်ဆောင်ပေးရ ရင်ကောင်းမယ်၊ အမှတ်တရလေးတွေပေါ့...
ချစ်စရာလေးတွေပါပဲ

http://winzaw-mdy.blogspot.com

nu-san December 17, 2008 at 7:16 PM  

ကိုဇနိက မဇနိပဲ ပြောတာဆိုတော့ အမတော့ ကြည့်ယုံပဲ ကြည့်သွားလိုက်တော့မယ်နော်.. အလှချိတ်လို့ရတဲ့ ပန်းကန်ပြားလေး လိုချင်လိုက်တာ.. ပြီးတော့ ဆွဲကြိုးလေးလည်း လှတာပဲ.. :)

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP