“ဒီဇင်ဘာ နေပါဦး... ”

>> Friday, December 26, 2008

သံသရာဟာစက်ဝိုင်းဆိုရင်
ပထမဆုံးနဲ့အနီးဆုံး ဟာ
နောက်ဆုံးပဲဖြစ်ရမယ်
အဲဒီလိုအယူအဆနဲ့
ဒီဇင်ဘာကတော့..
လှပနေမြဲပါ။
မဖြစ်တာတွေ
ပျက်တာတွေ
ရှုံးတာတွေ…..
ဆုံးတာတွေ…
တစ်နှစ်တာအတွက်
ဘယ်လိုပဲအပစ်ကျ
ဒီဇင်ဘာက
ခဝါချမြဲ..။
မသွားနဲ့ဆိုလည်း
ထားခဲ့မှာ…
ကျန်ရစ်ခဲ့သူတွေကို
ရဲရဲကြီးချန်ပစ်
မာန်အသစ်နဲ့….
တဝင့်ဝင့် ဒီဇင်ဘာရယ်။

7 comments:

ပုံရိပ် / Pon Yate December 26, 2008 at 12:30 AM  

ကျန်ရစ်ခဲ့သူတွေကို
ရဲရဲကြီးချန်ပစ်
မာန်အသစ်နဲ့….
တဝင့်ဝင့် ဒီဇင်ဘာရယ်။

နောက်ဆုံး အပိုဒ်လေးကို ကြိုက်ပါတယ်။
ဒီဇင်ဘာမှာ ပျော်ကြပါစေ။

khin oo may December 26, 2008 at 3:45 AM  

အတွေးလေးကောင်းသလိုအရေးလေးလဲကောင်း။

RePublic December 26, 2008 at 4:56 AM  

ကဗျာလေး ကိုကြိုက်ပါတယ် ၊၊ဒီဇင်ဘာလည်း ကြိုက်ပါတယ်၊၊ ရုံးပိတ်ရက်တွေ လည်း အများကြီးရလို့ပါ ၊၊

မီယာ December 26, 2008 at 1:28 PM  

ပထမနဲ့အနီးဆုံးဟာနောက်ဆုံးတဲ့။ ကောင်းလိုက်တဲ့အတွေး။

Anonymous December 26, 2008 at 2:22 PM  

မမေအောင်က ကဗျာအရေးကောင်းတယ်ဗျို့။း)

Moe Myint Tane December 26, 2008 at 7:16 PM  

သံသရာဟာစက်ဝိုင်းဖြစ်ရင်..ဘ၀ဆိုတာ အဆုံးတစ်နေ့မှာ အစပြန်ရောက်လာလိမ့်မယ်..လွှတ်ချခြင်း စွန့်ပစ်ခြင်းတွေကလည်း..တည်မြဲခြင်း ဆုပ်ကိုင်ခြင်းတွေ ဖြစ်လာလိမ့်မယ်..နှစ်တစ်နှစ်ရဲ့ ညီထွေးဟာ ဒီဇင်ဘာ..နှစ်တနှစ်ရဲ့ အကြီးဆုံးဟာ ဇန်န၀ါရီ..သူတို့ကျောချင်းညီညီကပ်ခဲ့တာ..
စက်ဝိုင်းတစ်ခုရဲ့ နိယာမထဲမှာဘဲလေ..။

ကဗျာလေးကို ဖတ်ပြီးစိတ်ထဲရှိရာကို မန့်ပေးခဲ့တာပါ။
ဖတ်လို့ကောင်းတဲ့ ကဗျာလေးမို့ ချီးကျူးပါတယ်ဗျာ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Sonata Cantata December 27, 2008 at 6:16 AM  

ဒီဇင်ဘာသည် ထူးလေသည်လို့ တွေးမိနေချိန်
ဒီဇင်ဘာနဲ့ အတူ ဖြစ်လာတဲ့
တွေးတတ်၊ ရေးတတ်သူတွေကြောင့်
ဒီဇင်ဘာဟာ တစ်မူထူးနေတော့တယ်...

တို့ကတော့ ..အောက်တိုဘာ...
(ဟေ့ တစ်လွဲမတွေးနဲ့)

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP