စိတ်ကူးယဉ်အိပ်မက်

>> Sunday, December 28, 2008



မောင်ကရာတွန် (မောင်အန်ကြီး) က စိတ်ကူးယဉ်အိပ်မက်ကို တက်ဂ်တော့ ရေးတာပေါ့။ မောင်ဇနိ၊ မယ်ဇနိတို့ စိတ်ကူးယဉ်သလားဆိုတော့ အလွန်ယဉ်တာပါ။ အခုနှစ်ပိုင်းတွေမှာ နှစ်ယောက်သား စိတ်ကူးယဉ်ဘုံထဲမှာ နေနေရတာလေ။ လက်တွေ့ဘဝက ခါးသီးမှုတွေကို စိတ်ကူးယဉ်အိပ်မက်တွေနဲ့ အချိုသပ်ရတာပေါ့။


စိတ်ကူးကတော့ ဟိုးအရင် ကလေးဘဝတုန်းကတည်းက ယဉ်ခဲ့တာပါပဲ။ အဲဒီတုန်းက ငါ အင်ဂျင်နီယာဖြစ်ခဲ့သော်၊ ငါ ဆရာဝန်ဖြစ်ခဲ့သော်၊ ငါ သူဌေးကြီးဖြစ်ခဲ့သော်… ဒီလိုတွေအများကြီးပါပဲ။ မြန်မာပြည်အနှံ့ ခရီးဆန့်ချင်ခဲ့သလို၊ ကမ္ဘာတလွှားလည်း အလည်သွားချင်တာပါပဲ။ ဒါတင်ပဲလားဆိုတော့လည်း မဟုတ်သေးဘူး။ ဘုရားဒကာ၊ ကျောင်းဒကာ၊ ပညာဒါနအလှူရှင်ကြီးလည်း ဖြစ်ချင်တာပါပဲ။

အဲ ခြံကျယ်ကြီးတစ်ခုတည်းမှာ မိသားစုဆွေမျိုးတွေ အတူစုနေတဲ့ အလွန်သာယာလှသော လူ့အသိုင်းအဝန်းလေးလည်း တည်ဆောက်ချင်တာပါပဲ။ ခြံကျယ်ကြီးထဲက အိမ်အကြီးကြီးထဲမှာ စာအုပ်တွေကို အစီအရီနဲ့ တိတ်ဆိတ်ငြိမ်သက်တဲ့ စာကြည့်တိုက်လေးလည်း ပါချင်လိုက်တာလို့လည်း စိတ်ကူးယဉ်တာပဲ။ စာကြည့်တိုက်ထဲမှာ သားလေးတွေ သမီးလေးတွေ ငယ်ငယ်တုန်းမှာ ဖတ်ဖို့ ကလေးစာပေတွေ၊ အရွယ်လိုက် ပြောင်းလဲဖတ်ဖို့ စာအုပ်တွေ အစုံရှိချင်တာပဲ။

ကိုယ့်အတွက်တင် စိတ်ကူးယဉ်တာ မဟုတ်ပါဘူး။ မြန်မာတနိုင်ငံလုံးစာလည်း စိတ်ကူးယဉ်တာပဲ။ ကိုယ်တိုင် ထပြီး မလုပ်နိုင်သေးတဲ့ ဘဝမှာ စိတ်ကူးယဉ်ရတာ သဘာဝပဲ မဟုတ်လား။ အားလုံးအတွက် အားလုံးအတွက် မျှော်လင့်ရတာတွေ၊ စိတ်ကူးယဉ်ရတာတွေ အများကြီးပဲ အများကြီးပဲ…

ညညအခါတွေမှာ အိပ်ခါနီးလို့ ဟိုတွေး ဒီတွေးစလုပ်လိုက်ရင် ဇာတ်လမ်းတွေဆင်ပြီး တညလုံး အိပ်မပျော်ခဲ့တာတွေလည်း ရှိခဲ့တာပဲ။ ကျနော်နဲ့ မယ်ဇနိ လောလောဆယ် စိတ်ကူးယဉ် ဖြစ်တဲ့အကြောင်းကို ပြောပြမယ်။

မင်္ဂလာဆောင်ရင် ဘယ်မှာဆောင်မယ်၊ ဘယ်လိုဝတ်မယ် ဆိုတာတွေပါသလို၊ မင်္ဂလာဆောင်ပြီးရင်လည်း ဘယ်တွေသွားမယ် ဆိုတာလည်း ပါတာပေါ့။ ပုဂံကိုသွားမယ်၊ ကျိုက်ထီးရိုးလည်း သွားမယ်၊ အဲ အင်းလေးလည်း သွားမယ်။ ဟန်းနီးမွန်းခရီးပေါ့။ ခရီးစဉ်တစ်လျောက်လုံး မယ်ဇနိက မယ်ဒယ်ဂဲလုပ်မယ်၊ ကျနော်က ဓာတ်ပုံရိုက်မယ်။ ကဲ မပိုင်လား။

အိမ်မှာ ဟင်းတွေ မျိုးစုံ ချက်စားမယ်။ အသုတ်စုံသုတ်ဖို့ လိုအပ်တာတွေ ပြင်ဆင်ထားမယ်။ စားစရာ သောက်စရာတွေ တမျိုးပြီး တမျိုးလုပ်စားမယ်။ ပြီးရင် ချိုင့်ကြီး ချိုင့်ငယ် အသွယ်သွယ်နဲ့ မိဘတွေအိမ်ကို လိုက်ပို့မယ်လေ။ အိမ်မှာ ဆွေတွေမျိုးတွေကို ဖိတ်ပြီး ကျွေးတဲ့အခါလည်း ကျွေးမှာပေါ့။ မချက်ချင်တဲ့အခါကျလည်း နှစ်ယောက်သား မဇနိဝယ်ပေးမယ် ပြောတဲ့ ဆိုင်ကယ် အကြီးကြီးနဲ့ ဆိုင်တွေမှာ မနက်စာ သွားစားမှာပေါ့။

ကလေးဆို ဘယ်နှယောက်ယူမယ်။ သားလေးက ဘယ်လို သမီးလေးက ဘယ်နှယ် စိတ်ကူးတွေယဉ်ရတာ၊ နှစ်ယောက်သား ပြောရတာ မောတယ်တောင် မရှိပါဘူး။ ကျနော်လူလည်လုပ်ပြီး စဉ်းစားထားတာရှိတယ်။ မဇနိက ၂ -ယောက်ပဲတဲ့။ ပထမဆုံးမွေးတဲ့အချိန်မှာ ၂-ယောက်အမွှာလေး မဖြစ်ပါစေနဲ့လို့ ကျနော်ဆုတောင်းထားတယ်။ စစမွေးခြင်း နှစ်ယောက်ဆို အဲဒီမှာတင် ပြီးသွားမယ်လေ။ ဒီတော့ ပထမဆုံးကတော့ တစ်ယောက်တည်း မွေးမယ်။ နောက်တစ်ကြိမ် မွေးမယ်ဆိုတော့မှ အမွှာမွေးလိုက်ရင် သုံးယောက်ရမှာ မဟုတ်လား။ သားလေး သမီးလေးက အစွဲမထားဘူး။ မွေးလာသမျှ အကုန်ချစ်မယ်။

စိတ်ကူးယဉ်တာတွေနဲ့တင် မရပ်ဘဲ လက်တွေ့ဘဝမှာလည်း အကောင်အထည်ဖော်ဖို့လည်း အခုလောလောဆယ်တော့ စိတ်ကူးယဉ်ရတာပါပဲ။ ကဲ ကဲ မောပေါ့ တော်သေးပြီ။ အဲသလိုတွေပါ ကရာတွန်ရယ်..


19 comments:

PAUK December 28, 2008 at 6:14 PM  

မနက်စာစားရင်
ကျနော့ဆိုင်မှာလာစားပါ..
ပိုထည့်ပေးပါ့မယ်
(ကိုနိတို့စိတ်ကူးလေး အကောင်အထည်ဖေါ်နိုင်ပါစေ)

Anonymous December 28, 2008 at 6:22 PM  

ကွိကွိ.. မကြီးပေါက်က Marketing ကို ဒီအထိလာဆင်းတယ်ဗျို့။ အန်ကြီးကိုလည်း အလကားကျွေးရင်လာစားမယ်။း)

ဦးဦးနိက ဘာတွေပြောမှန်းရဲမတိ။ ဒေါ်ဒေါ်နိရှက်စ်နေရော့မယ်ကွယ်။ လိုချင်တာရပါဂျေနော်..။း)

အမြန်ဆုံးတက်ဂ်ကြွေးဆပ်လို့လည်း နှစ်ယောက်လုံးကို အာဘွားအကြီးကြီးပေးလိုက်ကြောင်းပါ။

လင်း December 28, 2008 at 8:04 PM  

၂ယောက်တည်းနည်းပါတယ်။ အများကြီးမွေး။
ဘု၊ စု ၊ ခရု ပြီးရင် နောက်ဘာပေးကြမလဲ ။
စိတ်ကူးယဉ်အိမ်မက်တွေ အမြန်အကောင်အထည်ပေါ်ပါစေ။ ပေကပ်ကပ်လုပ်နေရင်
ကားတင်ပြေးကိုနိ

ZT December 28, 2008 at 8:35 PM  

ဟုတ်တယ်။ ၂ယောက်နည်းတယ်။ တီးဝိုင်းတစ်ဝိုင်းစာ ၅ ယောက်လောက်တော့မွေး။ ဘောလုံးအသင်း တစ်သင်းစာတော့ မပြောတော့ပါဘူး။
စိတ်ကူးယဉ်တဲ့အထဲမှာ ဘလော့ဂါမောင်နှမတွေကို အိမ်မှာ ဖိတ်ကျွေးမယ်ဆိုတာရော မပါဘူးလားဟင်။ :D

ATN December 28, 2008 at 9:01 PM  

လင်း ပြောတာ သဘောတူပါသည်... (ကားတင်ပြေ...)..း)
ကလေး ၂ ယောက် (သားတယောက် သမီးတယောက်) ဆို လုံလောက်ပါသည်... အများကြီးမွေးလျှင် အများကြီး အလုပ်လုပ်ရလိမ့်မည်...း)
နှစ်သစ်မှာ ပျော်ရွှင် ချမ်းမြေ့ကြပါစေဗျား...

မေအောင် December 28, 2008 at 9:13 PM  

အလည်လာတဲ့မိတ်ဆွေတွေကို
ဘယ်လိုကျွေးမွေးပြုစုမယ်ဆိုတာ
နောက်တစ်ယောက်က တက်ဂ်မှရေးမှာနော
စာကြည့်တိုက်ရှိတဲ့အိမ်ကြီးကို စိတ်ကူးယဉ်တဲ့အကြောင်းဖတ်ရတော့
အဖေ့ကို လွမ်းမိတယ်။
နိနှစ်ဖြာ...စိတ်ကူးယဉ်သမျှဖြစ်ရှိလာပါစေ..

ThuHninSee December 28, 2008 at 9:22 PM  

စိတ်ကူးယဉ်တာကလဲ အမိုက်စား။ ငါးယောက်ဆို
ဘု၊ စု ၊ ခရု၊ပု၊တု ပေါ့။ တူ၊တူမလေးတွေကို လာတွေ့မယ်။
နိနိက မုန့်တွေလုပ်ကျွေး။

tg.nwai December 28, 2008 at 10:56 PM  

အိမ်မှာ လာဖွသွားပြီးမှ.. ဒီရောင်စုံပို့စ်လေးကို ကျော်သွားတာ ဆောရီး..
တယ်ပျော်စရာကောင်းတဲ့ စိတ်ကူးယဉ်လေးပဲ..။ ကလေးက နှစ်ယောက်ဆို နည်းတယ်.. ကိုနိ အိုင်ဒီယာကောင်း၏..နောက်တစ်ခါမှ အမွှာလေးမွေး..
စိတ်ကူးသမျှ အကုန်ပြည့်စုံပါစေ..

မွန် December 29, 2008 at 1:49 AM  

သြော် ကိုနိတို့ မမနိတို့ စိတ်ကူးယဉ်အိပ်မက်လေးထဲမှာ ဖတ်ရင်းရောပြီးပျော်လို့
ပြုံးပြီးတောင်ဖတ်နေမိတယ် ဟားဟား
အပြင်ထွက်စားမယ်လို့သာ စိတ်ကူးယဉ်တာပါ မမနိလက်ရာတွေနဲ့ ကိုကိုနိကြီးက အပြင်စာတွေမစားချင်ပါဘူးနိနိရယ်လို့ ပြောမှာမြင်ယောင်သေးတယ်
သားလေးသမီးလေးတွေအတွက် ကလေးစာပေးလေးတွေ စာကြည့်ခန်းထဲထည့်လို့ဆိုတဲ့ စိတ်ကူးလေးနေရာရောက်တော့ အရမ်းကိုအားကျမိတယ် ကလေးတွေကိုရော လူကြီးနှစ်ယောက်ကိုရောပဲ

Sonata Cantata December 29, 2008 at 3:35 AM  

ကိုဇနိစိတ်ကူးနဲ့ မဇနိစိတ်ကူး တစ်ထပ်တည်းဖြစ်မှာ သိနေတယ်လေ...

ချက်ကျွေးသမျှလည်း လာစားပါမယ်
စာအုပ်တွေလည်း ငှားဖတ်မယ်နော်
ကြံတိုင်းအောင်လို့ ဆောင်တိုင်းမြောက်ပါစေ

:P December 29, 2008 at 4:28 AM  

ဒုတိယအမွှာမှာ ခြောက်မွှာပူး ဖြစ်သွားသော်...............

Anonymous December 29, 2008 at 4:45 AM  

ဟီး...အားကျစရာကြီး အမွှာလေးဆို တော်၂ချစ်ဖို့ကောင်းမှာ ကိုနိနဲ့တူတာတစ်ယောက် မမနိ နဲ့ တူတာတစ်ယောက်ပေါ့နော့်း) စိတ်ကူးနဲ့လက်တွေ့ တစ်ထပ်တည်းကျပါစေဗျာ။

May Moe December 29, 2008 at 11:03 AM  

အမွှာလေးလိုချင်တယ်လား ဟားဟားတူနေပါပြီ
ဒါပေမဲ့ မထိန်းနိုင်ရင်တော့ခက်ပြီ
၂ယောက်ဆိုတော်ရောပေါ့ ကိုနိရယ်
အမွှာလေး၂ယောက် ပြီးရော :)
မမနိနဲ့တူရင်ချောမယ်

nu-san December 29, 2008 at 4:51 PM  

ကိုဇနိနဲ့ မဇနိ စိတ်ကူးယဉ်တဲ့အထဲမယ် အမတို့ကို မုန့်ကျွေးတာလည်း ပါဘူးတော့.. ဘာပဲဖြစ်ဖြစ်ပါလေ.. သားသားမီးမီးတွေ အများကြီးနဲ့ ပျော်စရာမိသားစု ဘ၀ကို အမြန်ဆုံး ပိုင်ဆိုင်နိုင်ပါစေ.. အမွှာယူမယ်ဆိုတော့ ပိုကောင်းတာပေါ့....ဟိုဘက်အဖိုးအဖွားအိမ် တစ်ယောက် ဒီဘက်အဖိုးအဖွားအိမ်တစ်ယောက် ပို့ပေးထားရင် ပြီးပြီနော့.. မကောင်းဘူးလား.. :)

khin oo may December 29, 2008 at 5:36 PM  

အပြောထက် လက်တွေ့အရေးကြီးသည်. ကိုနိ..လက်မြန်ပါစေ...။

Moe Cho Thinn December 30, 2008 at 8:48 PM  

သား + သမီး တပြိုင်နက် မွေးစေ..
ဟန်းနီးမွန်းသွားရင် အမလဲ ကပ်လိုက်ပါရစေ..

သက်ဝေ December 31, 2008 at 6:50 AM  

ကိုနိက လက်မြန်ပါတယ်...
ခုပဲကြည့်လေ...
New Year မတိုင်ခင် Template ကို ပြောင်းလိုက်တာ
မြန်မှမြန်... ဟီဟိ...

သက်ဝေ December 31, 2008 at 6:52 AM  

စချင်ဇောနဲ့  ဆုတောင်းဖို့ မေ့သွားတယ်..
ကိုနိနဲ့  နိနိတို့  စိတ်ကူးတွေ အားလုံး မြန်မြန် အကောင်အထည်ဖေါ်နိုင်ပါစေ...
လိုရာဆန္ဒတွေ အားလုံးပြည့်စုံပြီး ပျော်စရာ ၂၀၀၉ ဖြစ်ပါစေ...

မောင်ဖြူ January 2, 2009 at 4:27 PM  

sayar neith,
yaungyin gyi tway lar yin, bel lo pyu su mel so tar lel, sate kuu yin ohn lay byar. :D

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP