အကြော်

>> Saturday, December 13, 2008


ဒီနေ့ အထွေအထူးလုပ်စရာ မရှိလို့ ရှိတဲ့ အသီးအရွက်ကလေးတွေနဲ့ အပေါင်းကြော်ကြော်စားမယ်လို့ စိတ်ကူးလိုက်တယ်။ အရင်ဆုံး မန်းကျည်းမှည့်၊ ငရုတ်သီးစိမ်းကို နုတ်နုတ်လေးကိုက်၊ ကြက်သွန်ဖြူ ဓားပြားရိုက် နုတ်နုတ်စင်း၊ နံနံပင်ရယ်နဲ့ တို့စရာ အချဉ်လုပ်ထားလိုက်တယ်။ အာလူး၊ ရုံးပတီးသီး၊ မျစ်ငရုတ်သီးစိမ်းကို ရေဆေး၊ ရေစစ်ထားတယ်။ ပထမဆုံးက အာလူးကြော်မယ်ဆိုတော့ အာလူးကို အကြော်မှုန့်၊ ဆား၊ ဂျင်းထောင်းအနည်းငယ်နဲ့ ခပ်စေးစေး နယ်ပြီး ဆီပူမှာ ထည့်ကြော်ပါတယ်။ နောက် ရုံးပတီသီးကို လေးစိပ်စိပ်ပြီး စောစောကလို နယ်ပြီးကြော်။ မျှစ်၊ ငရုပ်သီးစိမ်းလည်း အစပ်ကြော်လိုက်တယ်။ အိမ်မှာဆို မြင်းခွာရွက်ကြော်၊ ဆူးပုတ်ရွက်ကြော်လည်း ကြိုက်တာပါ။ အခုတော့ မရှိလို့ ထည့်မကြော်ရဘူး။
ကြက်သားလည်း ကြော်လိုက်သေးတယ်။ ကြက်သားကို အတုံးသေးသေးလေးတွေလှီးထားပြီး ဆား၊ ဆနွင်းနယ်ထားလိုက်တယ်။
ဂျုံမှုန့်ကို ကြက်သွန်ဖြူ၊ ဂျင်းအနည်းငယ်ထည့်ပြီး ကြက်ဥဖေါက်ထည့် ဆားပါထည့် ခေါက်ထားပါတယ်။ ပြစ်နေရင် ရေကျက်အေး နည်းနည်းထည့်တယ်။
ဆီဆူအောင်တည်ထားရင်း ကြက်သားတုံးလေးတွေကို ဂျုံနယ်ထားတဲ့အထဲ နှစ်ပြီး ဆီဆူတဲ့အခါ ထည့်ကြော်တာပါ။ တဖက်က အရောင်ရဲလာရင် နောက်တဖက်လှန်ပြီး မီးအေးအေးနဲ့ကြော်လိုက်ရင် အဆင်ပြေသွားရော။







မဇနိ

14 comments:

May Moe December 13, 2008 at 3:29 PM  

မျှစ်၊ငရုတ်သီး၊ရုံးပတီသီး အဲလိုကြော်ပြီးမစားဖူးဘူး စားသွားပြီ အများကြီး အားလုံးကြိုက်တယ် ဒီတခါပန်းကန်မခေါက်တော့ဘူး :D

khin oo may December 13, 2008 at 4:51 PM  

မဇနိ မဇနိ.. တိုးတိုးလေးပြောပြီး လက်နဲ့ ခေါက်သွားတယ်။ အသံထွက်မှာ စိုးလို့။ စုံနေတာဘဲ ကြော်လိုက်တာ။ ကောင်းပါသည်. သူချည်းဘဲစားပါ။ ဟွန်း။

လင်း December 13, 2008 at 5:20 PM  

အကြော်စုံပူပူလေးးးးး လာစားသွားတယ်။ နောက်လူတွေ ဖို့ မကျန်ပါ။ အားလုံးစားသွားပါသည်။

Anonymous December 13, 2008 at 6:43 PM  

မမနိ အောက်ဆုံးက ၀က်သားကြော်သလို သားလည်း ကြော်တက်တယ် ခဏခဏ ကိုကြော်စားတာ ငါးပိရည်လေးနဲ့  ကောင်းမှကောင်းး ရှလွတ် ............။

Dr. Yi Yi Win December 13, 2008 at 7:15 PM  

တန်ပူရာ ဆိုတာမျိုးလား နိနိရေ။ ကြက်သွန်နီတွေလည်း အကွင်းလိုက်လှီးကြော်တာပဲနော်

Moe Cho Thinn December 13, 2008 at 7:42 PM  

နိနိ နိနိ..၊ အတော် စိတ်ကို ကယောက်ကယက် ဖြစ်အောင် လုပ်တဲ့ မိန်းကလေးပဲ။ တံတွေးမြိုချပြီး ပြန်သွားပါပြီကွယ်..
ဟိုးအရင် ပေါက်ရဲ့ ကွန်မန့်ထဲမှာ ရေးဖူးသလို ပြန်ရေးရရင် တို့က အကြော် ကြိုက်တယ်၊ သူ့နံမည်က ကျော်ပါတယ်လေ။ သူက အချို ကြိုက်တယ်၊ တို့နံမည်က မိုးချိုသင်းလေ..။ :)

RePublic December 13, 2008 at 8:06 PM  

ဘောလုံးပွဲပြီးလို့ အကြော်ဝင်စားပါတယ် ၊၊ ကောင်းလိုက်တာဗျာ ၊၊ နောက်တပွဲထပ်ပေးပါအုံး ကွိကွိ ရေ ၊၊ မ၀သေးလို့ပါဗျ ၊၊

Anonymous December 13, 2008 at 8:40 PM  

နိနိရေ..
ဒီနေ့ ခါကျက်ဥသုတ်လုပ်စားဖြစ်တယ်
သိလား..
ဥးကြီးကြီး၂ခုတောင်..ခြစ်သုတ်တာ..
ပန်းကန်ကြီးကြီးနဲ့ အမောက်ပဲ..
စားကောင်းတယ်..
အခုအကြော်လာနှိုက်စားတာ..
ဟီးဟိ
အမြင်ကပ်ဖွယ်ကောင်းသော...
XX

ThuHninSee December 13, 2008 at 10:36 PM  

အရွက်ကြော်လေးတွေပဲ စားသွားတယ်နော်။
တို့စရာအချဉ်တော့ ကြိုက်လွန်းလို့
စားလဲစား၊ အိမ်ကိုလဲ သယ်သွားတယ်။ နောက်လူအတွက် မကျန်တော့လို့ ထပ်လုပ်ပေးလိုက်နော်။

Anonymous December 14, 2008 at 12:08 AM  

စားကောင်းမယ့်ပုံလေးတွေ... သွားရေက ဒီတစ်ခါလည်းကျပြန်ပြီ..

khin oo may December 14, 2008 at 3:53 AM  

kom: စိတ်ကူးနဲ့ အထပ်ထပ် ကြည့်ပြီးစားသွားတယ် နိ ။ လုပ်တတ်လိုက်တာနော် လို့လဲ တဖွဖွ ပြောသွားသေးတယ်။ :P

nu-san December 14, 2008 at 9:04 AM  

မဇနိရေ.. အချဉ်ရည်ပန်းကန်ကြီးကို သဘောကျတယ်.. အကြော်လည်း စားချင်တယ်.. (စားချင် ကိုယ့်ဘာသာကိုယ် ကြော်စားလို့တော့ မပြောနဲ့နော်.. ) ခရမ်းချဉ်သီး ပန်ထွေဖျော်တော့ ပြီးခဲ့တဲ့အပတ်က ဖျော်စားဖြစ်တယ်.. စားလို့ကောင်းမှကောင်း.. မုန်လာဥနီသုပ်စားဦးမယ်.. ဒီတပတ်မှ.. :D

Welcome December 14, 2008 at 10:46 AM  

ဆီကြော်တွေ မစားချင်ဘူး၊ မကြိုက်လို့..
ဒါပေမယ့် စားကောင်းမဲ့ပုံပါပဲ၊ နှိုက်သွားတယ်

http://winzaw-mdy.blogspot.com/

မီယာ December 14, 2008 at 1:08 PM  

နိနိရေ အကြော်လေးတွေက စားချင်ဖွယ်
အရမ်း အားကျတယ်ကွယ်

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP