မုန့်တီသုပ်

>> Sunday, December 28, 2008


ကိုဇနိက တမ်းပလိတ်နဲ့ ဘန်နာ အသစ်ပြောင်းချင်တယ်တဲ့။ နှစ်သစ်အတွက် ဘလော့ဂ်ကို ပုံစံအသစ်ပြောင်းချင်ပုံရပါတယ်။ ဒါနဲ့ ချယ်ရီဓါတ်ပုံလေးပို့ပြီး ဒါလေးတင်ပါ့လားလို့ အကြံပေးကြည့်တာ။ သူလည်း ကြိုက်တယ်ဆိုတော အကြံပေးရတာ အထမြောက်သွားတယ်။ ဘန်နာအသစ်လေးအတွက် ဘာမုန့်ကျွေးရမလဲစဉ်းစားလိုက်ရင်း မုန့်တီသုပ် တင်လိုက်တော့မယ်နော်။ မုန့်တီသုပ်က နန်းကြီးနဲ့သုပ်ထားတာ။ ကြက်သားချက်ပြီး ပဲမှုန့်အကျက်၊ ငရုတ်ဆီ၊ ကြက်သွန်ဖြူဆီချက်၊ သံပုရာသီး၊ ကြက်သွန်ဖြူဆီချက်ရယ်နဲ့ သုပ်တာပါ။ ကြက်ရိုးဟင်းချိုလေးလည်း လုပ်ထားပြီး ငရုတ်ကောင်းထည့်သောက်ရင် နန်းကြီးသုပ်လေးနဲ့ လိုက်ဖက်ပါတယ်။ အချိုပွဲအနေနဲ့ ပေါင်မုန့်ပူတင်းလေးပါ ပေါင်းထားပေးတယ်။ ပေါင်မုန့်ကိုခြေပြီး ကြက်ဥနှစ်လုံး၊ နွားနို့၊ ထောပတ်နဲ့ ဆားအနည်းငယ်ထည့်ခေါက်ထားတယ်။ အိုးအကြီးထဲမှာ ရေနွေးတည်ပြီး စောစောက ခေါက်ထားတဲ့ စတီးဇလုံကို ထည့်၊ အဖုံးအုပ်ထားပြီး ရေနွေးငွေ့နဲ့ပေါင်းလိုက်တာပါ။ အသားတင်းလာရင် မီးပိတ် အအေးခံပြီး အတုံးလေးတွေလှီးစားလို့ရပြီပေါ့။






15 comments:

nu-san December 28, 2008 at 2:54 PM  

ဝေး..တို့ ၁ ကွ.. မမခင်ဦးမေ မလာခင်အရင်ရေးထားတာ..

nu-san December 28, 2008 at 2:57 PM  

မဇနိရေ.. banner လေးလည်းလှတယ်... ချယ်ရီပန်းလေး ယဉ်တယ်နော်...
နန်းကြီးသုပ်လိုမျိုးစားချင်တယ်.. ဒါပေမယ့် အမလေ အဲဒီ Udon ခေါက်ဆွဲလုံးကို စားရတာ ဘယ်လိုမှ စားမရဘူး.. တခုတခေါက်ပြန်ရောက်လာပြီးကတည်းက မစားဖြစ်တာ အခုဆို ၂ နှစ်ပြည့်တော့မယ်.. ကြက်ဥပူတင်းလေးတော့ စိတ်ဝင်စားတယ်.. ကျောင်းပိတ်ရက်မို့ စားစရာတွေ တခုခုပြီး တခုလုပ်စားနေတာလား.. အိမ်နားနီးရင်ကောင်းမယ်... :=)

မီယာ December 28, 2008 at 2:58 PM  

မုန့်တီသုတ် လာစားသွားပါတယ်။ တခုခုလုပ်စားချင်ပေမယ့် အပြင်ထွက်ရမှာ ပျင်းလို့။ အိမ်မှာ ဘာမှမရှိဘူးနိနိရေ။ ချယ်ရီ ဘန်နာက လှပါသည်။ ကော်မန့်ပေးတဲ့ လင့်က အ၀ါဆိုတော့ သိပ်မမြင်ရပါ။

Anonymous December 28, 2008 at 2:58 PM  

အန်တီနုစံကလည်း မုန့်ဆိုထိပ်ဆုံးက။းD
နောက်တာ..ကွိကွိ...
လှတယ်ဒေါ်ဒေါ်နိ.. အ၀ါများတယ်ဆိုလို့ ဦးဦးနိက အပြာလေးနောက်ခံထားလိုက်မှ လှသွားတယ်။ သားသားက အပြာကြိုက်ကြိုက်။း)

nu-san December 28, 2008 at 3:01 PM  

ဟိုကောင်လေး.. နာ့အတင်းတုပ်တာ မြင်ရတယ်နော်... ဟား..ဟား... အစားဆို ရှေ့ဆုံးကနေမှ တော်ကာကျတာ ကောင်လေးရဲ့..
ဟုတ်တယ်.. ဒီတစ်ခါ ကိုဇနိအိမ်သစ်လေးက အ၀ါများနေတယ်.. အရောင်နည်းနည်းလေး ပြင်ကြည့်နော်.. (ဆရာလုပ်ကြည့်တာ.. စိတ်မဆိုးပါနဲ့နော်.. :P)

WWKM December 28, 2008 at 4:03 PM  

မုန့်တီသုတ် ချားချင်ဒယ်... ဟီးး
မနုစံ အရင်ဦးသွားပြီထင်တယ်.
ကုန်သွားပြီလား မဇနိ ရေ.
အကျန်လေးပဲဖြစ်ဖြစ်ကျွေးပါနော်.. အဟီး
ငတ်ကြီးကျပြီ. ဂလု

PAUK December 28, 2008 at 4:27 PM  

စပ်စပ်လေး တစ်ပွဲပေးပါ..
အဲ့..နှစ်ပွဲပေးပါ..
နိနိရေ..
မနေ့ညပြောကတည်းက
စားချင်နေတာ

Anonymous December 28, 2008 at 6:06 PM  

လှပါ့ လှပါ့ ခုမှပဲသဘောပေါက်တော့တယ် အိမ်ပြင်တဲ့အတွက် မုန့်တီသုတ်ကျွေးတယ်ပေါ့း) ချယ်ရီက အဖြူလည်းရှိတယ်လား ပန်းရောင်ပဲရှိတာလားလို့ ။ လှတယ် ချယ်ရီလေးက ဖြူဖြူလေးး ။

လင်း December 28, 2008 at 8:02 PM  

ဗိုက်တွေ ဂွီဂွမ်မြည်သွားပြီ။ ညအိပ်ခါနီးမှာ ကြည့်မိတာ မှားပါတယ်။ ကဲ ချဉ်ငံစပ်လေး တပွဲလုပ်ပေးပါ။
ဘန်နာအသစ်လေးက မိုက်တယ် တအားပဲ

RePublic December 28, 2008 at 8:47 PM  

ဘယ်သူမှမရှိတော့ လို့ ကုန်သွားတဲ့ မုန့်တီ ပန်းကန်လေးကိုပဲ တိုးတိုးတိတ်တိတ် လေး ကြည့်သွားတယ် ကွိကွိ ရာ ၊၊

မွန် December 29, 2008 at 1:52 AM  

မမ ချယ်ရီက အပင်ပေါ်တက်ရိုက်ထားတာလား
ဘာပဲဖြစ်ဖြစ် မုန့်တီသုပ်တော့ လာမျှော်ရကျိုးနပ်သွားပြီ
မမဘာချက်မလဲ နေ့တိုင်းလာမျှော်နေရတဲ့သူပါ ရှလွတ်

khin oo may December 29, 2008 at 5:45 PM  

အသုပ်ဆိုရင် ဘယ်လို အငမ်းမရ ဖြစ်မှန်းကို မသိ..ငတ်ကြီးကို ကျ.. ရန်ကုန်မှာတူံးက တချိန်လုံး အသူပ်ဘဲ စားနေတယ်။ ခေါက်ဆွဲသုပ်.. အသုပ်စုံ. တို့ဟူးသုပ်.. ကြာဇံသုပ်…။။။ စလုံးမှာ စားတာ စိတ်တိုင်းကို မကျပါဘူး။ ဘယ်ဆိုင်မှာမှ စိတ်တိုင်းမကျဘူး။ အကောင်းလွန်နေတယ်။ ဆီတွေများ ဘဲဥ..(ကြက်ဥတွေများ..).. ကြက်သားတွေများ... စားလို့ကိုမကောင်း မဇနိ အသုပ် များဆိုရင် တော့ ကြည့်ကို မကြည့်ရဲဘူး. ဂလု ဂလု တွေ ဖြစ်ရလွန်းလို့.။။

khin oo may December 29, 2008 at 5:45 PM  

ချယ်ရီ ဓါတ်ပုံ ပို့လို့ ကြိုက်တာ မဟုတ်.. ဘာပို့ပို့ကြိုက်တယ် လို့ပြောမှာ။ မယုံရင်… လက်ပံပွင့် ပုံ့ ပှိုကြည့်ပါလား ကြိုက်တယ် လို့ပြောဦးမှာ. ယောက်ျားများ ဒီလိုဘဲ။ မယူခင် အချိုးက တစ်မျိုး။။ယူပြီ့းရင် တော့ ငါ ကြိုက်တာ ငါလုပ်မယ်။ မင်း ငါ့ကို ဆရာမ လုပ်ပါနဲ့လို့ ဆိုလိမ့်မယ်။ ဒါကို ကြောက်လို့ မယူဘဲ နေလို့လဲ မဖြစ်ဘူး. ယူတာ ကတော့ယူရမှာဘဲ။။သိအောင် ပြောပြထားတယ်။

khin oo may December 29, 2008 at 5:52 PM  

ပေါက်ကွဲသံတွေ ပါကုန်ပြီ..ဆင်ခြင်မှ..ဟိ..

Moe Cho Thinn December 30, 2008 at 8:53 PM  

နိရေ
မမှတ်မိဘူးတောင် ဖြစ်သွားတယ်။ ဘန်နာက လှလွန်းလို့။ နောက်ပြီး ချယ်ရီကိုသာ ပန်ပါကွယ် သီချင်းကိုလဲ သတိရသွားတယ်။ အိမ်ပြန်ချင်တဲ့ ဗမာမလေး စိတ်မညိုအောင် ကိုနိ လက်စွမ်းပြ ထားပုံပဲ။ နန်းကြီးကတော့ကွာ..တို့အုပ်လိုက်တာ ကုန်ပါပြီ။ ကိုနိ ဟင်းချိုပဲ သောက်ပါတော့...

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP