အသီးအရွက်ကြော်

>> Wednesday, December 17, 2008


တကယ်တော့ မုန်လာဥနီကြော်စားတာကို သိပ်မကြိုက်ပါဘူး။ သေချာဂရုတစိုက်ကြော်မှ တခါတလေ စားချင်တဲ့အခါ စားလိုက်တာ။ မနေ့က စိတ်ကူးပေါက်တာနဲ့ အသီးအရွက်ကြော်လေး လုပ်စားမယ်ဖြစ်သွားရော။ ပြောရင်းဆိုရင် အာလူးအခွံနွှာ ရေဆေး။ အတုံးခပ်လတ်လတ်တုံးထားလိုက်တယ်။ မုန်ညင်းဖြူထုပ်၊ မုန်လာဥနီ၊ ရုံးပတီသီးကို ရေဆေး၊ လှီးထားပြီး ပြုတ်ထားတဲ့ ကြက်သားကိုလည်း နွှာထားလိုက်ပါတယ်။ ခရမ်းချဉ်သီးကိုစိပ်ထား၊ ကြက်သွန်ဖြူကို ဓားပြားရိုက် ပြန်လှီး၊ ကြက်သွန်နီလည်း အစိပ်ခပ်ကြီးကြီးစိပ်ထားရင်း ငရုပ်သီးပါ ထက်ခြမ်းခွဲထားပါတယ်။






ဆီပူလာရင် ပထမဆုံး အာလူးကိုထည့်ကြော်ပါတယ်။ အာလူးက အတုံးခပ်ကြီးကြီးတမင်တုံးထားတာဆိုတော့ အကျက်ညီချင်လို့ အရင်ထည့်ကြော်တာပါ။ ခဏနေပြီးတဲ့အခါ ကြက်သားထည့်ပါတယ်။ ကြက်သွန်ဖြူ၊ နီ၊ ခရမ်းချဉ်သီး၊ မုန်လာဥနီ ထည့်မွှေ၊ ငရုပ်သီးစိမ်းလည်း ထည့်လို့ရပါပြီ။ နောက်ဆုံးတော့ ရုံးပတီသီးနဲ့ မုန်ညင်းဖြူကိုထည့် ငံပြာရည်၊ ကြက်သားမှုန့်ထည့်ပြီး မွှေချချလိုက်ရင် ဓါတ်ပုံထဲကအတိုင်း အသီးအရွက်ကြော်က စားချင်စရာလေးဖြစ်သွားပါတယ်။



မဇနိ

14 comments:

khaingzm December 17, 2008 at 4:22 PM  

မဇနိရဲ့ ဟင်းချက်နည်းတွေကို အတုယူနေတာကြာပြီ.. ခုမှ ကွန်းမန့်ရေးဖြစ်တယ်.. အရွက်ကြော်က စားချင်စရာလေးနော်..နဲနဲမြည်းကြည့်သွားတယ်.. :D

ThuHninSee December 17, 2008 at 4:34 PM  

သြော်.. ဒါလေးလဲ စားချင်စဖွယ်ပါပဲလားနော်

RePublic December 17, 2008 at 5:06 PM  

ကွိ .. အသီးအရွက်ကြော်....
စားချင်ဒယ် ..စားချင်ဒယ် ၊၊ ကွိကွိ

Anonymous December 17, 2008 at 5:26 PM  

မမနိရေ့ ငရုပ်သီးဖတ်လေးတွေ ရွေးစားသွားတယ်း) ကျေးဇူးနော့်

khin oo may December 17, 2008 at 5:47 PM  

ရှယ်ဘဲ။

khin oo may December 17, 2008 at 5:49 PM  

သုံးခေါက်ဖတ်သွားပါတယ်။ အလွတ်ကျက်သွားတယ်ခေါ်မှာပေါ့။

PAUK December 17, 2008 at 6:07 PM  

နိနိရေ..
ပေါက်ကတော့..တခါကြည့်ယုံနဲ့ လုပ်တတ်တယ်..
ဟို အရှေ့ကပြောသလို..၃ခါဖတ်စရာမလိုပေါင်..
ဘာဂျီကြော်နဲ့တူတယ်နော်..
ထမင်းဖြူပူပူလေးနဲ့ဆို...မိုက်မှာပဲ

PAUK December 17, 2008 at 6:09 PM  

အဟီးး..ပြောချင်ရာပြောလိုက်ပြီ...
မနေ့ညကလို..၀ိုင်းရယ်ကြတော့မှာပဲ..
အဟင့်..အဟွတ်

Anonymous December 17, 2008 at 6:55 PM  

စပ်မယ့်ပုံပဲ... အရွက်ကြိုက်ပေမယ့် သားကအစပ်မစား.. မဲဆောက်နားနေပြီး ထိုင်းစာကြိုက်တတ်တဲ့လူတွေများ ငရုတ်သီးဖတ်ရွေးစားသွားတယ်တဲ့ .. ကြားရတာကြက်သီးထစရာ...း(

nu-san December 17, 2008 at 7:19 PM  

စားကောင်းမယ့်ပုံပဲ.. ကိုဇနိတော့ မဇနိ လက်ရာတွေ နေ့တိုင်း စားရရင် အခုထက် ၂ ဆ ဖြစ်မလား ၃ ဆ ဖြစ်မလားပဲနော်... အဟီးးး :D

Moe Cho Thinn December 17, 2008 at 8:28 PM  

အရွက်ရှောင်တဲ့ အမတောင် သွားရည်ကျရပါလား နိနိရေ။ ဒီလိုလေးတော့ မိုက်သားကွာ..

လင်း December 17, 2008 at 9:14 PM  

ပေါက်ပြောသလိုပါဘဲ ဟိ ၃ခါဖတ်စရာမလို ၊ တခါထဲမှတ်သွားလိုက်ပြီ။ လုပ်စားအုန်းမယ်။
ဦးကြီးပု မဟုတ်ဘဲ နိထုံဟင်းချက်နည်းစာအုပ်ထုပ်ကြ ရအောင်လေ။

မီယာ December 18, 2008 at 1:07 AM  

အရွက်ကြော် အပျံစားလို့ခေါ်ရမှာ။ ကြက်သားကို အခုလိုအရွက်နဲ့ ငရုတ်သီးနဲ့ ရောလိုက်တော့ အားလုံး အဟာရပိုစုံသွားတာပေါ့နော်။ ဂွတ်ရှယ် နိနိရေ။

ကိုဇနိကြီး အုန်းထမင်းနဲ့ကြက်သားဟင်း လာမြည်းသွားတယ်နော်။ ကျေးဇူးပါ။

Thinzar December 18, 2008 at 11:12 AM  

ဟာ..မိုက်တယ်။ ဟင်းရွက်အစုံဆိုတော့ လှလည်း လှတယ်။ စားလို့လည်း ကောင်းမယ့်ပုံဘဲ

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP