ဖွယ်ဖွယ်ရာရာ စားကြမယ်

>> Monday, September 15, 2008


မောင်လေးကို ဟင်းကြော်နဲ့ ကျွေးနေတာ နှစ်ရက်လောက်ရှိနေပြီ။ ဒီနေ့တော့ လူလည်းနေကောင်းလို့ ဟင်းချက်ကျွေးလိုက်အုံးမယ်လို့ စိတ်ကူးရတော့တယ်။


ပထမဆုံးငါးသေတ္တာချက်ဖို့ မန်ကျည်းသီးမှည့်ရေဆေး၊ ရေစိမ်ထားလိုက်တယ်။ ငါးသေတ္တာကို သူ့အတိုင်းချက်ရင် အကြောတက်ချင်တာရယ်၊ ညှီမှာကြောက်တာရယ်နဲ့ မန်ကျည်းမှည့်လေးနဲ့ချက်ရင် အရသာကောင်းတာရယ်ကြောင့် ချဉ်စပ်လေးချက်ဖို့ စဉ်းစားလိုက်တာပါ။ မီးဖိုပေါ်ကဒယ်ထဲက ဆီဆူရင် ခရမ်းချဉ်သီးတလုံး၊ ငါးပိအနည်းငယ်၊ ဆနွင်းမှုန့်၊ ကြက်သွန်ဖြူကို လှိမ့်လိုက်တယ်။ ခရမ်းချဉ်သီးလိပ်လာရင် ငရုပ်သီးအရောင်တင်မှုန့်၊ အကြမ်းမှုန့်ထည့်မွှေပါတယ်။ မွှေနေရင်းနဲ့ အသင့်ဖျော်ထားတဲ့ မန်ကျည်းရည်ကို ထည့် ဆီသတ်ပါတယ်။ ဟင်းအနှစ်အသားကျနေချိန်မှာ ငါးသေတ္တာကို ဖောက်ထည့်တယ်။ ချက်ချင်းမမွှေသေးဘဲနဲ့ ခဏနေမှ အထက်အောက်လှန်ပေးလိုက်တယ်။ ငါးသိပ်ကြေသွားမှာစိုးလို့ပါ။ မန်ကျည်းရေရယ် ငါးသေတ္တာအနှစ်ရည်ရယ်ဆိုတော့ ရေထပ်မထည့်တော့ဘဲ နံနံပင်လေးအုပ်ချ ချလိုက်ရင် ချဉ်ချဉ်စပ်စပ်လေးလေးနဲ့ အရသာရှိတဲ့ ငါးသေတ္တာဟင်းရပါပြီ။

မိုးအေးအေးမှာ အမေကြော်တတ်တဲ့ ငရုပ်သီးစိမ်း ငါးပိကြော်လေးလည်း သတိရတာနဲ့ ကြော်စားဖြစ်ပါတယ်။
ဆီဆူလာရင် ဆနွင်းမှုန့်နည်းနည်းလေးထည့်မွှေထားလိုက်ပြီး ငါးပိခပ်များများကို ထည့်ကြော်မှာပါ။ ငါးပိက ဟင်းချက်ရင် မျှင်ငါးပိကို သုံးပေမယ့် အခုလို ငါးပိကြော်လေးဆိုရင် ပုဇွန်ငါးပိကို သုံးရင် ပိုမွှေးပါတယ်။ အိမ်မှာတော့ အမေက ငါးပိကို သုံးမျိုးလောက် ခွဲထားတယ်ထင်ပါတယ်။ ချဉ်ဟင်းချက်ရင်သုံးတဲ့ ငါးပိက တစ်မျိုးပါ။ ကင်းမွန်တံဆိပ်ပုဇွန်ငါးပိကို အခုတော့ သုံးပါတယ်။ ဆီဆူဆူမှာ ချက်ခြမ်းခွဲထားတဲ့ ငရုပ်သီးစိမ်းကို ထည့်ကြော်လိုက်တယ်။ ငရုပ်သီးနည်းနည်းနွမ်းရင် ပန်းကန်မှာ ဆယ်ထားလိုက်ပြီး ငါးပိထည့်ကြော်ပါတယ်။ ငါးပိအရောင်ရဲလာရင် ကြက်သွန်ဖြူထည့်မွှေ၊ ပြီးတော့ ဆယ်ထားတဲ့ငရုပ်သီးကြော်ကို ထည့်မွှေပြီး ခဏနေမီးပိတ်လိုက်ပါတယ်။

အုအဲနိုက အမဲသားတုံးတွေဝယ်လာဖြစ်တော့ အမဲသားငရုပ်သီးစိမ်းငါးပိချက်လေး ချက်စားဖြစ်ပါတယ်။ အခုအိမ်နားက ဆိုင်တွေမှာဆို အမဲသားအလွှာပဲ ၀ယ်လို့ရပါတယ်။ အမဲသားကို ခရမ်းချဉ်သီး၊ ငရုပ်သီးစိမ်းနဲ့ချက်စားရလိုက်တော့လေ တခါတလေမှာ စားလို့ကောင်းပါတယ်။ မဆလာကြိုက်ရင် မဆလာထည့်ချက်တော့ အနံ့မွှေးတဲ့ အမဲသားဟင်းလေးက တမျိုးအရသာရှိပါတယ်။ ထမင်းစားတဲ့အခါ ဇွန်းထိလိုက်တာနဲ့ နူးအိနေအောင်လို့ မီးအေးအေးနဲ့ ရေခဏခဏထည့်ပေးပြီး နှပ်ထားလိုက်ပါတယ်။

ကြက်သားဆီပြန်ဟင်းတွေ မစားချင်ရင် ကြက်ပုန်းရည်လေးချက်စားလည်း ကောင်းတာပါပဲ။ ကြက်သားကို ဂျင်း ကြက်သွန်ဖြူနဲ့ ပြုတ်လိုက်ပါတယ်။ ကြက်သားနူးရင် ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူလေးနဲ့ လှိမ့်ပါတယ်။ ခရမ်းချဉ်သီးလိပ်ရင် ပုန်းရည်မှုန့်ဖောက်ထည့် မွှေတယ်။ ရေနည်းနည်းထည့်ပြီး နှပ်ထားလိုက်ပါတယ်။ ရေအတော်ခမ်းသည်အထိချက်ပြီး ဆီအတိုင်းကျန်အောင်ထားလိုက်ရင် ကြက်ပုန်းရည်ကောင်းကောင်းရပါပြီ။


မဇနိ

17 comments:

Anonymous September 15, 2008 at 2:06 PM  

ဝေးးး...ဘယ်သူမှ မစားရသေးဘူး ကျနော်အရင်ဆုံးပဲ ဟဲဟဲ ငပိကြော်နဲ့  ကြက်ပုန်းရည်လေး မသွားတယ် နောက်လူတွေကိုကြည့် ကောင်းအောင်ပြောလိုက်တော့ မဇနိရေ့ ညနေ ပန်းကန် လာပြန်ပို့ ပေးမယ် ......
ကိုနိ တို့  ကံကောင်းချက်ဗျာ မနာလိုစရာ ဟင်းချက်ကောင်းတဲ့ အစ်မ ရထားလို့  ဟိဟိ နောက်ဆို ကိုနိ ဗိုက်ကြီးပူနေမှာ မြင်ယောင်သေး အစားတွေ နင်းကန်စားပြီးတော့ :P

Soe Mya Nandar Thet Lwin (Borros Roxo) September 15, 2008 at 4:43 PM  

မမဇနိ

အစွှမ်းတွေ အရမ်း ပြလို့ပါလား။

မဇနိ ပြောသလို ကြက်ပုန်းရည်ရယ်၊ ချဉ်ချဉ်စပ်စပ်လေး အရသာရှိတဲ့ ငါးသေတ္တာဟင်းရယ် ပြန် Try ပြီးချက်စားမယ်။ Ideas ရသွားလို့ ကျေးဇူးနော်။

မဇနိ လက်ရာ အမြဲ စားနေတဲ့ ကိုဇနိတော့ Fatty ဘုတ် ဖြစ်နေမှာ မြင်ယောင်မိသေး။ ခစ် ခစ်

:))
SMNTL

RePublic September 15, 2008 at 4:47 PM  

မမနိ.. သူငှေး .. ဟင်းတွေများကြီးချက်စားတယ် ၊၊ ကြက်ပုန်းရည် တစ်ခါမှ မစားဘူးဖူး မနိ ရ ၊၊ကောင်းလား ၊၊
မမနိ မောင်လေးတော့ ဒီနေ့ စားကောင်းပီ ၊၊
ကျနော် ကိုနိ ကတော့ ပုံထဲ က ပဲ စားရတယ် ၊၊
ဖိတ်စာမြန်မြန် ပို့ပါ မမကွိ ၊၊ ဟီး

Anonymous September 15, 2008 at 5:39 PM  

ဟင်းတွေကတော့ ရှယ်တွေချည်းပဲ။ ကျွန်တော်တို့ငါးသေတ္တာချက်တာ ပြောင်းပြန်ဖြစ်နေတယ်။ နောက်မှ မဇနိပြောသလိုချက်ကြည့်ဦးမယ်။ အမဲသားကတော့ ဈေးကြီးလို့မစားဖြစ်တာကြာပြီ။ ငရုတ်သီးစိမ်းငပိကြော်လေးကလဲ စားချင်စရာလေး။

PAUK September 15, 2008 at 6:31 PM  

မဇနိရေ...
အမဲသားငပိချက်ကအခုပြောတဲ့ဟာမျိုးလား..
ကြက်ပုန်းရည်ဆိုတာကြားတောင်မကြားဖူးဘူး
ငပိနဲ့ငြုပ်သီးကြော်စားကြည့်ပါအုန်းမယ်..
ငါးသေတ္တာကိုမှည့်ကျည်းရည်နဲ့မချက်ဖူးသေးဘူး

khin oo may September 15, 2008 at 7:54 PM  

မဇနိရယ် ။ ရဲ ရဲ မကြည်.ရဲ ဘူး။ မျက် လုံး ကလေး ကို မှေးမှေး လေး ။စိုင်းထီး ဆိုင် ကို ကြည်. သလို မျိုး လေးကြည်. သွားတယ်။ စိတ် မထိန်း နိုင် မှာ စိုး လို. ဒါတောင် ဂလု ၂ ခါ ဖြစ်သွားတယ်။

Moe Cho Thinn September 15, 2008 at 8:45 PM  

ဒီနေ့ ဘာချက်ရမလဲလို့ စဉ်းစားနေတာ။ စုံနေတာပါပဲလား ညီမလေး နိနိရေ..။
ကြက်သား ပုန်းရည် တဲ့။ အခုတောင် ဆာလာတယ်။ အလုပ်ထဲမှာမို့ပေါ့ကွာ။ အခုတောင် ပြေးချက်ကြည့်လိုက်ချင်တာ။
အိုင်ဒီယာပေးတဲ့အတွက် ကျေးဇူး။ ကိုဇနိကို မနာလိုဘူးဟေ့..။

Moe Cho Thinn September 15, 2008 at 8:53 PM  

ညီမရေ
ကွန်ပြူတာ hang နေတယ်ထင်လို့ ထပ်ထပ်နှိပ်လိုက်တာ ကွန်မန့်တွေ ၆ခုလောက် တက်သွားပြီး ဘယ်လိုတွေ ဖြစ်သွားမှန်း မသိ။ လောကဓာတ်ပညာတွေနဲ့ ဝေးပါတယ် ညီမရာ။ ကျုပ်ကျက်သာ လိ လိုက်ပါ။

မြရွက်ဝေ September 16, 2008 at 4:54 AM  

ဟာဂျာ.... ဟာဂျာ...... မနိကတော့ ဆာအောင်လုပ်ပြန်ပြီ။ ဂြီ ဂြီ....
ဝက်ပုန်းရည်ဘဲ သိတာ၊ ကြက်ပုန်းရည်လဲ ချက်လို့ရတာကိုး။ ညီမက ပုန်းရည်ကြီးမစားလို့ အိမ်မှာ ဝက်ပုန်းချက်ရင် စိတ်ကောက်တော့တာ။ ပဲကတီပါပြုတ် ကြိုက်ပေမယ့် ပုန်းရည်ကြီးကျ မစားနိုင်ဘူး။:P

P.Ti September 16, 2008 at 5:05 AM  

ဒီကအမက ပုံနဲ့ပါပြပြီးလွမ်းနေတာကိုး.. မြင်တာနဲ့ တကယ်ချက်စားချင်လာပြီး။ ငးသေတ္တာကို အဲလိုချက်စားကြည့်ဦးမယ်.. မစားဖူးသေးဘူး...

nu-san September 16, 2008 at 7:21 AM  

မဇနိ.. နှိက်စက်နေပါတယ်ဗျို့.. ဟင်းပုံတွေ မြင်ရပြီး စားရဘူး.. အခု နေ့လည် ထမင်းစားချိန် ၀င်ကြည့်တော့ မဇနိဟင်းတွေ မြင်ပြီး ကိုယ့်ထမင်းဘူးလေးက မျက်နှာငယ်စရာ.. ဓာတ်ပုံတွေ ဖွင့်ထားပြီး ထမင်းစားလိုက်ဦးမယ်.. :D

May Moe September 16, 2008 at 7:44 AM  

မမနိ ကနေကောင်းတာနဲ့ ချက်တော့တာပဲ။ အမဲသား မစားဘူး ဒါပေမဲ့ မမနိရဲ့ ဟင်းတော့စားချင်တယ် ။ အိမ်ချင်းနီးရင်ကောင်းမယ်။ ငါးနဲ့ကြက်သားဟင်းလဲ တခါမှဒီလိုမချက်ဖူးဘူး။ ဟင်း အသစ်တွေရပြီ ဝေးးးးး :D

သက်တန့် September 16, 2008 at 8:59 AM  

မမနိရေ...
ပုံတွေနဲ့ နှိပ်စက်သမျှကို တံထွေးအခါခါမျိုရင်း သံစုံမြည် တီးဝိုင်းနဲ့ ပြန်သွားတယ်ဗျို့... :D
ဂလု ဂလု...
ဂြီ ဂြီ ဂြီ...

တန္ခူး September 16, 2008 at 4:19 PM  

ဒီမှာ အစာအိမ်ပြန်ဖြစ်နေလို့  အဖြူထည်ပဲစားရပါတယ်ဆိုမှ သူသိပ်ရက်စက်တယ်… ၀က်ပုန်းရည်ပဲ စားဖူးတာ… ကြက်ပုန်းရည်ချက်ကြည့်ဦးမှ… မဇနိဟင်းလေးတွေက မြင်တာနဲ့ စားချင်စိတ် တဖွားဖွားဖြစ်အောင် ဆွဲဆောင်နိုင်ပါဘိ… ဟိုလူလေး ကံကောင်းချက်ကတော့…

တားမြစ် ထားသော... September 16, 2008 at 5:12 PM  

မဇနိ။ နောက်ဆို ဘာချက်စားစား ပြန်ပြောမပြနဲ့တော့။ တစ်ကယ်မစားရပဲ....း(

သုခမိန်(E-Journal)

Anonymous September 16, 2008 at 6:47 PM  

ပုဇွန်ငပိနဲ့ မျှင်ငပိက အတူတူပဲလို့ မှတ်ထားဖူးတာ.. ဘာကွာသလဲဆိုတာ သိပါရစေခင်ဗျာ။

Anonymous September 16, 2008 at 7:56 PM  

မောင်မျိုးလေး ပန်းကန်ပြန်လာမပေးသေးဘူးနော။
် ဒါနဲ့ ကိုနိလည်း အဝေးက စားချင်နေရှာတယ်။

ညီမ SMNDTL ကြက်ပုန်းရည်ချက်စားဖြစ်တယ်လား။ ကွိ ကွိ ကိုဇနိတော့ ဖက်တီးဖြစ်မှာ မြင်ယောင်သေး

သူဌေးကြီး ကိုကြီး ၀ီ နော် လူများဟင်းလေးတွေကို။
ဖိတ်စာ ဒီဇိုင်းစိတ်ကူးတုန်း ကွိ ကွိ

ကိုမောင်ဖြူရေ ငါးသေတ္တာချက်တာ ဘယ်လိုများ ပရိုဆီဂျာလွဲနေပါလိမ့်

Pauk လာလည်တာ ကျေးဇူးပါ ။
မကြားဖူးရင် မဇနိပြောတဲ့ ပုံပြင်လို့ မှတ်ထားလိုက်နော်

မမကေအိုအမ် မက်လုံးမှေးမှေးလေးနဲ့ဆို ချစ်ချာလေးနေမှာ နော် မမဂွိဂွိ

မမမိုးချိုသင်းက ညီမလေးနိနိဆိုလို့ ရင်တွေများတောင်ခုန်လို့ ပျော်နေတာ

ပုန်းရည်မကြိုက်ဘူးလား ညီမလေးမြရွက်ဝေ

ချက်စားပြီးရင် လက်တို့ပါအုံး ကိုPTi

မမနုစံရေ မနှိပ်စက်ဘူးနော် မမထမင်းဗူးလေးလည်း စားချင်နေတယ်

မေမိုးလေး မယ်ခွိခွိလေး သူလည်း ဟင်းမချက်ဘဲနဲ့

သံစုံတီးဝိုင်းသံကြားလိုက်မိတယ် ညီမသက်တန့်

အမတန်ခူးနော် ဘယ်လူလေး ကံကောင်းတာလဲ ပြော ပြော

ဟား ဟား လူပျိုကြီး ကိုတားမြစ်ထားသော မနာလိုမရှိနဲ့နော် ခင်ဗျားလက်ရာကို မမှီဘူးဗျ

ပုဇွန်ငါးပိနဲ့ မျှင်ငါးပိ မတူပါဘူး ဟန်မင်း
ပုဇွန်ငါးပိက ပုဇွန်ကလုပ်တာပါ ပုဇွန်အနံ့မွှေးပါတယ်
မျှင်ပါးပိက ငါးသေးသေးလေးတွေက လုပ်တာပါ နည်းနည်းညှီတယ်

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP