Jokes From RD

>> Saturday, September 13, 2008





ဒီလို လိုချင်ရင် ဒါမျိုး လုပ်ရတယ်

ရေပိုက်ပြင်သမားက ဆရာဝန်တစ်ယောက်အိမ်မှာ ရေပိုက်ကိုပြင်ပြီးတော့ ဒေါ်လာ ၁၀၀၀ ကျသင့်ကြောင်း တောင်းလိုက်ပါတယ်။
- "ခင်ဗျားအလုပ်က ကောင်းလိုက်တာဗျာ၊ ကျနော့်ဘဝမှာ ဆေးကုတာ အဲသလောက် တခါမှ မတောင်းဖူးသေးဘူး"
ရေပိုက်ပြင်သမားက ဆရာဝန်အား ပြန်ပြောလိုက်လေသည်။
- "ကျနော်ဆရာဝန်လုပ်တုန်းကလည်း အဲသလောက်တခါမှာ မတောင်းဖူးဘူးဗျ။"


စာနာစမ်းပါ

တိရိစ္ဆာန်ဥယျာဉ်တွင် လှောင်ချိုင့်တစ်ခု လွတ်နေသည်ကို တွေ့သောအခါ အလည်လာသူတစ်ယောက်က မေးလေသည်။
- "ဒီလှောင်ချိုင့်ထဲက မျောက်တွေအားလုံး ဘယ်ရောက်ကုန်တာလဲဗျ။"
- "မိတ်လိုက်တဲ့ ရာသီဆိုတော့ သူတို့တွေက အတွင်းဖက်ထဲ ရောက်နေကြတယ်။" ဟု အစောင့်မှ ပြန်ပြောလေသည်။
- "မြေပဲဆံပစ်ကျွေးလိုက်ရင် သူတို့ထွက်လာလောက်သလားဗျ။"
- "ခင်ဗျားဆိုရင်ရော ထွက်လာမှာမိုလို့လားဗျာ။"

ဒါလေးလောက်တော့ သိတာပေါ့

ကျမစာတိုက်အတွင်းသို့ ဝင်လိုက်သောအခါ စာပို့သမားအမျိုးသမီးက ကျမနားတွင်ပန်ထားသော နားကပ်ကို မြင်သောအခါ ပြောလေသည်။
- "ဒီနားကပ်က စိန်တွေက အစစ်တွေပဲ။"
- "ဟုတ်တယ် အစစ်တွေပေါ့။ ရှင်ဘယ်လိုလုပ်ပြီး စိန်အစစ်မှန်း သိပါလိမ့်။"
- " အင်း သိတာပေါ့ ဘယ်သူကမှ စိန်အတုဆိုရင် ဒီလောက်သေးသေးလေးကို မဝယ်ဘူးလေ။"

အံ့သြသွားစေရမယ်

ကျမခင်ပွန်း နိုင်ငံခြားတွင် နေစဉ် လေးနှစ်အရွယ် သမီးလေးက မောင်ငယ်လေးတစ်ယောက် လိုချင်ကြောင်း ပြောလေသည်။
- "ဟုတ်တယ် သမီး၊ ဒါပေမယ့် ဖေဖေပြန်လာမှ သမီးကို မွေးပေးမယ်နော်"
သို့သော်လည်း သမီးလေးတွင် ပိုကောင်းသော အကြံဉာဏ်ရှိနေလေသည်။
- " ဖေဖေပြန်လာရင် တခါတည်း အံ့သြသွားအောင် အခု မွေးထားမယ်လေ။"

4 comments:

khin oo may September 13, 2008 at 6:35 PM  

ရွှင်နေတယ်ပေါ့။ ဟုတ်လား ကို ဇနိ။
"ကျနော်ဆရာဝန်လုပ်တုန်းကလည်း အဲသလောက်တခါမှာ မတောင်းဖူးဘူးဗျ။
- "ခင်ဗျားဆိုရင်ရော ထွက်လာမှာမိုလို့လားဗျာ။"
" ဖေဖေပြန်လာရင် တခါတည်း အံ့သြသွားအောင် အခု မွေးထားမယ်လေ။"

ဖိုးသောကြာ September 14, 2008 at 10:33 AM  

:) ရီရတယ်။ ကျွန်တော်လည်း ရီစရာလေးတွေ စဉ်းစားမိတာရှိတယ်။ နောက်မှ တင်ဦးမယ်။

Dr. Yi Yi Win September 14, 2008 at 5:17 PM  

ဟုတ်ပ နော့

တားမြစ် ထားသော... September 16, 2008 at 5:17 PM  

အဲ။ ရယ်ရတာလေးတွေ ပြောမို့ဟာ၊ မခင်ဦးမေ ပြောသလိုပဲ။ အဲဒါလေးတွေ ကြိုက်တယ်။

သုခမိန်(E-Journal)

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP