Prejudice

>> Thursday, July 10, 2008


ကျနော် prejudice ဆိုတာကို ပြောချင်နေတာက ကြာပါပြီ။ prejudice ကို ရုရှားလို предрассудок လို့ခေါ်ပါတယ်။ မြန်မာလိုဆို ဘယ်စကားလုံးရှိသလဲဆိုတာ ကျနော် မသိပါဘူး။ သိတဲ့သူတွေ ပြောပြပေါ့နော။ အင်္ဂလိပ်-မြန်မာ အဘိဓာန်ထဲမှာတော့ ရေရေရာရာ မသိဘဲ တင်ကူးရမ်းဆ၍ ဆုံးဖြတ်ခြင်း (သို့) အဂတိ လို့ရေးထားတယ်။ ထားတော့၊ ပြောပြလိုက်ရင် ကျနော်ပြောနေတာ ဘာလဲဆိုတာကို သိသွားမှာပါ။ ကျနော်တို့ မြန်မာတွေမှာ အလေ့ရှိတယ် မဟုတ်လား၊ ရွှေကျီးသာရင် ဧည့်လာတယ်ဆိုတာ။ (အဲဒါကြောင့်ပြောတာပေါ့ သာတဲ့ကျီးကို မနက်က လောက်လေးနဲ့ပစ်ပါဆိုတာ၊ ရှင်နားမထောင်တော့ အခု ဧည့်သည်ရောက်နေပြီ ဆိုပြီး ဧည့်ခန်းထဲမှာ ဧည့်သည်ကိုထား၊ မီးဖိုထဲမှာ မိန်းမက ယောက်ျားကို ဆူနေတဲ့ပုံ ကာတွန်းလေးကို မျက်စိထဲ ပြေးမြင်မိတယ်။) အဲသလိုပေါ့ အကြောင်းအရာ အခြေအမြစ်မရှိဘဲ စိတ်ထဲမှာ သာမန်အားဖြင့် လက်ခံထားတာလေးတွေကို ပြောတာပါ။ ဒီလို လက်ခံတယ်ဆိုတာတွေကလည်း အတွေ့အကြုံတွေအရ “ဒီလိုဆိုရင် ဒါမျိုးဖြစ်တတ်တယ်” ဆိုတာတွေက မှန်တာများလာတော့ စိတ်ထဲမှာ လက်ခံလာကြတာတွေ ဖြစ်မယ်။


ရုရှားဆိုတာ စက်မှုပညာဘက်မှာ ထွန်းကားတဲ့ နိုင်ငံမဟုတ်လား။ ဒီတော့ ကျနော် ရုရှားကိုရောက်လာတော့ အဲသလို (Prejudice)တင်ကြိုခန့်မှန်းနိမိတ်ကောက်တာတွေ ရုရှားမှာ မရှိဘူးပဲ ထင်တာပေါ့။ နောက်မှ စာတွေသင်ရင်း အဲတာတွေ ပြောလာတော့မှ သူတို့လည်း ရှိတာပါပဲလားဆိုပြီး သိလာတာပါ။ ရုရှားမှာ တစ်ယောက်ယောက်က လမ်းသွားရင်းနဲ့ လမ်းမှာ သူ့ရှေ့က ကြောင်နက်တစ်ကောင်ကများ ဖြတ်ပြေးသွားရင် အဲဒီလမ်းကို ဆက်မသွားဘူးတဲ့၊ နိမိတ်မကောင်းဘူးလို့ ယူဆတယ်။ တခြားတစ်ယောက်ယောက်က သူ့ရှေ့က အဲဒီလမ်းကို မသွားမခြင်းပေါ့။ တခြားတစ်ယောက်က သူ့ရှေ့က ဖြတ်သွားပြီးပြီဆိုရင်တော့ ဆက်သွားတယ်။ မြန်မာတွေမှာလည်း ကိုယ်သွားမယ့်လမ်းမှာ ဖွတ်ဖြတ်ပြေးသွားရင် သွားမယ့်လမ်း ဆက်မသွားချင်တာတွေ၊ လုပ်လက်စ အလုပ်ရပ်ပြစ်လိုက်တာတွေ ရှိတယ်မဟုတ်လား။

နောက်တခုရှိသေးတယ် ဒီရုရှားမှာပေါ့၊ အပြင်ကနေ အိမ်ကို ပြန်လာရင်၊ အိမ်ထဲ မ၀င်ခင်၊ တံခါးဝမှာ မတ်တပ်ရပ်၊ ခေါင်းလေးကို စောင်း (ဘယ်ဖက်လား၊ ညာဖက်လားတော့ သေချာ မမှတ်မိတော့ဘူး။ ဘယ်ဖက်ဖြစ်ဖို့များတယ်။) ပုခုံးပေါ်ကို တံသွေးနဲ့ထွေးသလို “ထွီ၊ ဖွတ်၊ ဖတ်” နဲ့ လုပ်လေ့ရှိသတဲ့။ လူတိုင်းတော့ လုပ်ချင်မှ လုပ်မှာပေါ့နော။ ဘာလို့ အဲသလို လုပ်လဲဆိုတော့ မကောင်းဆိုးဝါးတွေက အဲဒီပုခုံးဖက်ပါ ကပ်ပါလာတတ်လို့၊ သူတို့ကို နှင်ထုတ်တာတဲ့။ ကျနော်တို့ မြန်မာမှာ ရှိတယ် မဟုတ်လား၊ နေ၀င်မိုးချုပ်ချိန် ကလေးတွေ အပြင်ကနေ ဆော့ကစားပြန်လာရင် အိမ်ထဲ တန်းမ၀င်ရဘဲ၊ လူကြီးတွေက “ဟဲ့ ဟဲ့ ဖွ ဖီ” လုပ်ဦးဆိုလို့ ခြေခါခါ လက်ခါခါနဲ့ ဖွ ဖီ ဆိုပြီးလုပ်ရတယ်။ မကောင်းဆိုးဝါးတွေ ကပ်ပါလာမှာစိုးလို့တဲ့။ နောက်ပြီး ကလေးပေါက်စနဲ့ လူကြီးတစ်ယောက်က ညဖက်အပြင်ထွက်ရင် ကလေးလေးနဖူးကို လူကြီးခြေဖနောင့်က ဖုန်မှုန့်လေးကို ယူသုတ်ပေးတတ်ကြတယ်၊ အပ မမှီအောင်လို့တဲ့။

ကျနော်သိတဲ့ ရုရှား Prejudice နောက်တခုရှိသေးတယ်။ တစ်ယောက်ယောက်က ကိစ္စတခုခုနဲ့ အပြင်ကိုသွားရင်း လမ်းမှာ ရေဆိုင်ထမ်းလာတဲ့ သူနဲ့တွေ့တယ်ဆိုပါတော့။ ရေဆိုင်းထမ်းလာသူရဲ့ ရေပုံးထဲမှာ ရေမပါလာဘူးဆိုရင် ကိစ္စနဲ့ အပြင်သွားတဲ့သူရဲ့ ကိစ္စရည်ရွယ်ချက် မအောင်မြင်ဘူးတဲ့။ ရေ အပြည့်ပါလာတယ်ဆိုရင်တော့ ရည်ရွယ်ထားတဲ့ ကိစ္စအထမြောက်အောင်မြင်တယ်လို့ ယူဆပါတယ်။ မြန်မာမှာတော့ အဒေါ်ကြီးတစ်ယောက် ပြောပါတော့၊ ပိုက်ဆံအကြွေးသွားတောင်းမလို့ ထွက်အလာ၊ တစ်ယောက်ယောက်က “ဒေါ်ကြီး ဘယ်သွားမလို့လဲ” မေးရင် အမေးခံရတဲ့ ဒေါ်ကြီးက အကြွေးတောင်း ဆက်မထွက်တော့ဘူးဆိုတာတွေပေါ့။

မြန်မာမှာတောင် အထက်ပိုင်း၊ အလယ်ပိုင်း၊ အောက်ပိုင်း ဒေသတွေကွဲတော့၊ အရပ်ဒေသ တခုနဲ့ တခု လက်ခံကြတဲ့ တင်ကြိုခန့်မှန်း နိမိတ်ကောက်တာတွေ တူကြမှာ မဟုတ်ပါဘူး။ ကျနော်က အဲဒါတွေကို အသိနည်းပါတယ်။ မွေးလာတဲ့ သားဦးက စနေသားဆိုရင် “သားဦးစနေ မီးလိုမွှေ” ဆိုပြီး အဖေလုပ်သူက ဒါးကြီးထမ်းပြီး သားပေါ် ဖြတ်လျှောက်တာတွေ ရှိတယ်မဟုတ်လား။ ဒါတွေလည်း Prejudice တွေနေမှာပေါ့။ သောကြာသား စကားများတယ်တယ်၊ အင်္ဂါသားသမီး သိပ်ကောက်တတ်တယ်တို့။ စောစောက ပြောသလိုပါပဲ တနိုင်ငံနဲ့ တနိုင်ငံ၊ နိုင်ငံတခုထဲမှာကို တဒေသနဲ့ တဒေသ၊ Prejudice တူတာတွေ ရှိသလို၊ မတူတာတွေလည်း ရှိမှာပါ။ ဒီတော့ ဘလော့လာဖတ်သူ ဘော်ဘော်တွေကို ကိုယ့်ဒေသက Prejudice တွေ၊ သိထားတာလေးတွေကို comment ရေးလို့ဖြစ်ဖြစ်၊ post ရေးလိုပဲဖြစ်ဖြစ် ပြောပြရင် များများသိရတာပေါ့နော။ မျှော်နေမယ်ဗျာ။


18 comments:

RePublic July 10, 2008 at 8:22 PM  

ငယ်ငယ်က သရဲကြောက်ရင်အကျီင်္လေးဟ.. တံတွေးထွေးပြီး ...ပြင်ကနေရင်ဘတ်ကိုလက်လေးနဲ့ဖိလို့လားမသိဝူး..ကြီးလာတော့ ၀ဲလေးတွေပေါက်လာတယ်..ဟီး ပျော်စရာပြောတာပါ..
Prejudiceတွေကို ကိုယ်တိုင်တော့ကြိုးစားရှောင်တယ် ကိုဇနိ ရာ.. ဒါပေမယ့် တစ်ခါတစ်ခါ အယူစွဲတုန်းပဲဗျ ၊၊

Anonymous July 10, 2008 at 8:56 PM  

ကြိုးစားရှောင်ဘူး ဒို့ကတော့။ အိမ်မှာနေတုန်းက ကျီးသာရင် ကိုဇနိကြီး ရန်ကုန်က ပြန်ပြန်လာလို့ ကျီးသာပါစေ ဆုတောင်းတယ် ဒို့ကတော့။ ဒို့ကတော့။
ရုရှက အယူလေးတွေ ခုမှသိရတယ်ဗျာ။ အံ့သြစရာတွေနော်။

khin oo may July 10, 2008 at 10:19 PM  

၁။ ဆရာဝန် တွေကတော.ဆေးရုံ မှာ ကောင်တာ ကို လက်နဲ.ခေါက်ရင် လူနာလာတယ် ဆိုလို.အောက်ကနေ ပြန်ခေါက်ပေးရတယ်။
အမဲရောင် ဝတ်ရင် လူနာသေသတဲ.။ပန်းရောင်ဝတ်ရင် ပင်ပန်းသတဲ။ အနီရောင်ဝတ်ရင် သွေးထွက်သံယို
အမှူတွေ များသတဲ။ အပြာရောင်ဝတ်ရင်တော. ပြာနေအောင် လုပ်ရသတဲ..
အဲဒီတော.သူတို.ကို သွား ချောင်းကြည်.ရင် အဖြူရောင် နဲ.အညိုရောင်ဘဲ ဝတ်ကြတယ် ဆိုဘဲ.။

၂။ ဘုန်းရွှေကတော. အိမ်ဝင် ပေါက်ဝ မှာ မှန်ချိတ်ထားရင် အနယ်ရယ် တွေကို တားဆီး တုန်.ပြန် နိုင်တယ် ဆိုဘဲ.

၃။ငယ်စဉ် တုံးကတေား ရည်းစားနဲ.ချိန်းတွေ.ပြန်လာလို. အိမ်ပြန်နောက်ကျရင် အိန်နားက သစ်ပင်လေးကနေ အရွက်ကလေးချိုးပြီး အဆူမခံ၇ပါစေနဲ.ဆုတောင်းရင် အမြဲပြည်.တယ်။

၎။ အစ်မရဲ.အစ်မကတော.ဝင်ငွေရဲ. ၁၀% ကို အမြဲ ဘုရားကို လှုတယ်။ အမြဲ ငွေ မပြတ်.အလုပ် ဘူးဆိုဘဲ.

၅။ အရေးအခင်းမှာ မောင်လေးပျောက်သွားတေားဘုန်ြးီ့ကိးက ဝါးလုံနဲး တူနဲ.ကို အတူထားခိုင်းလိုက် တာ အဲဒီနေ.မှာ ဘဲ အိမ်ပြန်ရောက်လာတယ်။

၎။ စာမေးပွဲံနီးရင်ဘဲဥ ဟင်းမစားရဘူးဆိုဘဲ.

၅။ မပြောင်းချင် ရင်ပြောင်းဘူးကိုလှူပါတဲ.
နေချင်တဲ.နေရမှာ သံရှိုက်ပါတဲ.။

၆။ ရန်ကုန်မှာတုံးကခရီးသွားရင် ဘယ်အချိန်ရောက်မလဲမေးရင် ကားဆရာကသိတ်စိတ်ဆိုးပါတယ်။။ပိုနှောင်.နှေးတယ်ဆိုဘဲ.

ရ၊ ခရီးသွားရင် ကိုးယောက် မသွားရဘူးဆိုတာ မှတ်မိတယ်နော်.။ ကျောက်ခဲလေးကောက်သွားရတယ်။ ဆယ်ယောက်ဖြစ်သွားအောင်လဲ.ကဲမောင်ကျောက်ခဲ. မင်းလဲ လိုက်ခဲ.ဆြို့ပီး။

၈။ ရောက်တဲ.အရပ်မှာမပျော်ရင် ဇလွန်ပြည်တော်ပြန် ဘုရာှးှစာ ကိုရွတ်ရင် ကိုယ်.မွေူရပ် ငှာနေ ကို ပြန်ရောက်တယ်ဆိုဘဲ.

ဗေဒင် ယတြာတွေနဲ.ပါ ရှူပ်ကုန်ပြီ။ များသွားပြီထင်ရဲ.။ခွင်.လွှတ်ပါနော်.

Anonymous July 11, 2008 at 12:39 AM  

ကိုဇနိရေ
prejudice ကတော့၊ သဘာဝတရားကနေရလာတဲ့အတွေ့အကြုံတွေ၊ ဘာသာတရားအစွဲကလာတဲ့အတွေးအခေါ်တွေ၊ လောကဓာတ်ပညာကလာတဲ့အယူအဆတွေစသည်ဖြင့် လူမျိုးတိုင်းမှာရှိကြမယ်ထင်တယ်။ ရုရှားက prejudice အချို့ကိုစုစည်းပေးတဲ့အတွက်ကျေးဇူးပါ။ မြန်မာလူမျိုးတွေမှာဆိုရင်တော့ လက်ဖက်ခြောက်ရိုးထောင်နေရင် ဧည့်သည်လာတတ်တာတို့၊ လခြမ်းစောင်းတဲ့အပေါ်မူတည်ပြီး၊ ဆန်ရေစပါးပေါများမှာ၊ ရှားပါးမှာတို့စသည်ဖြင့်ရှိတာကြားဖူးပါတယ်။

Anonymous July 11, 2008 at 12:44 AM  

မေ့နေလို့၊ အင်္ဂါသမီးကောက်တတ်တယ်ဆိုတာ ကိုယ်တွေ့လားဗျ ကိုဇနိ :D

တားမြစ် ထားသော... July 11, 2008 at 1:23 AM  

မြန်မာလိုကျမှ ဘယ်လိုလည်း မသိဘူး လုပ်ထားတယ်။ မြန်မာလိုလေးပါ ဘယ်လိုခေါ်လည်း ပြောလိုက်ရင် ကောင်းမှာ။
ဒါလေးတွေက (ဒါလေးတွေဆိုပေမဲ့ တချို့ အတော် ယုံကြည်ကြတာပါ) ယုံကြည်မှု၊ ကိုးကွယ်မှုတွေကနေ ဆင်းသက်တာလည်း ပါမယ်ထင်ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့ နိမိတ်ပုံလေးတွေပေါ့။ ယုံကြည်မှု အတိုင်းအတာကတော့ တယောက်နဲ့ တယောက်တူမယ် မထင်ဘူး။ ဥပမာ သူငယ်ချင်းတစ်ယောက်ရှိတယ်၊ သူ့မှာသူဝတ်လို့မရတဲ့ အင်္ကျီအရောင်တွေရှိတယ်။ သူကတော့ အဲဒီ အရောင်ဆို ကံဆိုးပြီ၊ ပြဿနာဖြစ်ပြီလို့ ယုံနေတာ။ ဘယ်လိုမှ မပျောက်တော့ဘူး။

ဒါနဲ့ စကားမစပ် ကျွန်တော်တို့ အရပ်မှာတော့ လျှာကိုက်မိရင် သူများက ကိုယ့်အတင်းပြောနေပြီဆိုပဲ။ (ယုံချင်ယုံ။ မယုံချင်နေ။ လျှာတော့ စမ်းမကိုက်လိုက်နဲ့ နာတယ်ဗျ။)
ရုံးမှာဆိုလည်း စားပွဲကို လက်နဲ့ခေါက်ရင် အလုပ်ရှုပ်တယ်ဆိုပြီး ခေါက်တဲ့သူကို အရမ်းစိတ်ဆိုးကြတယ်။ ကျွန်တော်ကတော့ တခါတလေ သူများစားပွဲသွားပြီး သီချင်းဆိုချင်ဆိုနေတတ်တော့ အားနာနေရတယ်။

Anonymous July 11, 2008 at 1:27 PM  

တစ်ယောက်ယောက်က
ကိုယ်အကြောင်းတွေးနေရင်
အိပ်ချင်တတ်တယတဲ့ဗျာ့။

ကျွန်တော်ကတော့
စာမေးပွဲတွင်းရောက်ရင်
မိန်းကလေးတွေကို
(စိတ်ထဲကနာမည်တပ်ပြီး)
စိတ်ဆိုးမိတယ်။
အားတိုင်းငါ့အကြောင်းပဲတွေးနေလားပေါ့။
သူကစာမကြည့်ဘူးလားပေါ့။

ကိုရင်နော်ခင်လေးငယ် July 11, 2008 at 1:29 PM  

ကိုဇနိရေ..
နိမိတ်ပြလေးတွေ.. ဖတ်လို့ကောင်းတယ်.. အနော်လည်း ပြောပြဦးမယ်.. အားလုံးလည်းသိပြီးသားပါ.. ကြုံလည်းကြုံဘူးကြမှပါ..
“လက်ဖဝါးယားရင် ပိုက်ဆံဝင်တတ်တယ်တဲ့..”
အခြားသူတွေတော့ တကယ်ဝင်မဝင်မသိဘူး..
အနော်ကတော့ ယားလေကုတ်လေ ယားလေကုတ်လေနဲ့ အဖုတွေပေါက်လာတာ ယားနာတွေ.... အီးဟီးးးး.... ဆေးဖိုးတောင်ထွက်သွားသေးတယ်.. :P

မေအောင် July 11, 2008 at 3:11 PM  

ကိုဇနိကတော့စိတ်ဝင်စားစရာတွေကို
ပို့စ်လဲ ပို့စ်တတ်ပါပေတယ်။
မိုးချုပ်ချုပ်ခေါင်းဖြီးရင်၊
ကိုယ့်မိဘဆုံးတာမတွေ့ရတတ်ဖူးတဲ့
ကြောက်စရာကြီးနော်။အဖေဆုံးတော့ကျွန်မအဖေ့နား
ရှိမနေခဲ့ဘူး။
နောက်တော့မွန်းလွဲရင်တောင်ခေါင်းမဖြီးရဲတော့တဲ့
ကျွန်မကို
ညတိုင်းခေါင်းဖြီးလေ့ရှိတဲ့အစ်မကြီးတစ်ယောက်က
“ဖတ်ဖီ ဖတ်ဖီ ပွဲသွားပါဘုရား”
လို့ပြောပြီးဖြီးရင်ဘာမှမဖြစ်ဘူးလို့
သင်ပေးပါတယ်။

Dr. Yi Yi Win July 11, 2008 at 4:13 PM  

အစ်မခင်ဦးပြောတဲ့အတိုင်းပဲ ဒီနေ့ ကျွန်မပြောင်းဖူးတွေစားလည်းစား ပေးလည်းပေးလုပ်
နေတယ်။
ခိုကိုးရာမဲ့သလိုခံစားနေရတဲ့အချိန်မှာ လုပ်မိလုပ်ရာလေးတွေ အားကိုးတကြီးလုပ်မိကြတာ
ပေါ့လေ။

tmn July 11, 2008 at 10:37 PM  

ကိုဖြူက မေးနေသေးတယ်ဗျာ.... ကိုဇနိက သူ့အတွေ့အကြုံလေးကို နည်းနည်းညပ်ရေးလိုက်တာ... သောကြာသား စကားများတယ်တဲ့... ကိုဇနိတော့ မဇနိနဲ့ကြမှ စကားတွေပြောရတော့တာ... အဟီး...
ကျွန်တော် ရွာမှာ နွားကျောင်းတုန်းက နွားပျောက်ဖူးတယ်... ညနေ နွားတွေသွင်းတော့ ရွှေမိုးညိုက ပါမလာဘူး... နာမည်ပေးထားတာ အိမ်ခြံပေါက်လေးကို... အဲဒါ ညနေစောင်းတော့ မှောင်ကလဲ မှောင်နေတော့ တောထဲပြန်သွားရှာရမှာလေ... အဖွားက တောထဲမသွားနဲ့တဲ့ ဒီလိုလုပ်မယ်ဆိုပြီး... ရွှေမိုးညို ကိုချည်တဲ့ ကြိုးကို ငရုပ်ဆုံထဲ ထည့် အသက်အောင့်ပြီး ခုနှစ်ချက်ထောင်း ပြီးတော့ အိမ်တံခါးဝမှာ ချထားတာ.... နောက်တစ်နာရီလောက်ကြာတော့ ပြန်ရောက်လာတယ်... အဲလိုလုပ်တော့ တိရိစ္ဆာန်မျက်စေ့ မလည်ဘူးတဲ့..

Anonymous July 12, 2008 at 4:58 AM  

မဇနိဆီကိုအသွား လမ်းမှာတံတွေးသီးတာဗျာ...အယ် မဇနိရဲ့အိမ်ကိုရောက်တော့...ဟင်းကောင်းနဲ့ထမင်းစားရရော...

Anonymous July 12, 2008 at 9:04 AM  

Hi

I think you mixed up between prejudgement and the superstition.

Prejudgement is some opinion we formed without backing with facts, something like curly haired people are crooks, another exampl is that people from Shwe Bo are of general caliber, Mawlamying chicks have well built backs, etc.. Those are prejudgements.

Believing in omens (bad omens) is superstition. You do not go to a place because this morning you see this and you experience that. Those superstition.

nu-san July 12, 2008 at 7:04 PM  

ဒီမှာလည်း အဲဒီလိုတွေရှိမယ်ထင်တယ်.. ဝေမျှပေးချင်ပေမယ့် ကိုယ့်ရဲ့ knowledge ကမပြည့်ဝလေတော့ ကိုဇနိရေးတာပဲ ဖတ်သွားလိုက်တော့မယ်... :P

Anonymous July 13, 2008 at 12:39 AM  

ကိုဇနိ ပြောတဲ့ prejudice ကို မြန်မာလိုဆိုရင် အစွဲ လို့ခေါ်ရင် ရမလားပဲ။ ဒေသတိုင်း၊ လူမျိုးတိုင်းမှာ အစွဲအလန်း အမျိုးမျိုးရှိကြတာပဲ။ လူတစ်ဦးချင်းဆီမှာတောင် သူ့အစွဲလေးနဲ့သူ။ ကျွန်တော်ဆိုရင် ကျွန်တော်လောင်းတဲ့ဘက်က ဘောလုံးအသင်းက အမြဲလိုလိုရှုံးတတ်တယ်လို့ အစွဲရှိတယ်။ ဒါကြောင့် ခုဆိုရင် ဘောလုံးသမားလေးတွေကို သနားလို့ ဘောလုံးပွဲ လောင်းတော့ဘူး။ ဟီးဟီး။

Anonymous July 13, 2008 at 7:04 PM  

ကိုဇနိရေ..မှတ်ချက်အတွက် ကျေးဇူးပဲ။
ဟုတ်တယ်.. ခေါင်းစဉ် က superstition အယူသီးမူ ဆို ပို ကောင်းမယ် ထင်တယ်.. အဟဲ..သူများပြောထားလို့.. လိုက်..ဖောရှောတာ။
စကားမစပ်..ဒီဘလော့က..အတော်ရေးအားကောင်း ကြတယ်။ သငယ်ချင်းတွေ တယ်မြိုင်တာပဲ။

ခင်မင်လျက်-

wynn.sun July 14, 2008 at 5:08 PM  

prejudice ဆိုတာ judgement တစ်ခုခုမလုပ်ခင်မှာ အချက်အလက်ကျကျ မျှမျှတတ ချင့်ချင့်ချိန်ချိန် မသုံးသပ်ဘဲ နဂိုရှိရင်းစွဲ၊ ပုဂ္ဂိုလ်စွဲအတွေးအခေါ်၊ ဗဟုသုတနဲ့  သုံးသပ်တာမျိုးကို ဆိုလိုတာဖြစ်လို့  သမမျှတတဲ့ ဆုံးဖြတ်ချက်မျိုးကို မချနိုင်တဲ့အခါမျိုးမှာ သုံးလေ့ရှိပါတယ်.. မည်သို့ ဆိုစေ superstition ကို ဒေသအလိုက်လေးတွေ ပို့ စ်ထဲမှာရော၊ ကွန်မန့် တွေမှာပါသိလိုက်ရလို့  ကျေးဇူးတင်ပါတယ်.. ကျွန်တော်တော့ ကိုယ့်ကိုယ်ကို အယူမသီးဘူးလို့ ထင်ပေမယ့် ထပ်ခါထပ်ခါတိုက်ဆိုင်လာရင် မှတ်မှတ်သားသားကို ဖြစ်သွားရော.. နောက်မလုပ်ရဲတော့ဘူး.. ဥပမာ.. ပုဆိုးအနီကွက်စိပ်နဲ့  တစ်ညလုံးမအိပ်လိုက်ရတဲ့ ဆေးရုံဂျူတီညလေးတွေပေါ့ဗျာ.. :)

Anonymous July 16, 2008 at 7:53 AM  

Prejudice is when you judge a person before knowing about him based on previous beliefs. Like, you call someone who wear glasses "book worm" because you thought that most people who wear glasses read alot of books..

What u're writing about now is "superstitions" But it's good to read. :)

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP