ဒိုင်ယာရီ၏အရောင်ပြယ်ဖြည့်စွက်ခွင့်

>> Thursday, July 24, 2008


သူငယ်ချင်း ကိုလူအေးက တဆင့်ပေးပို့လာတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ ကဗျာလေးကို ဖော်ပြလိုက်ပါတယ်။

ဒိုင်ယာရီ၏အရောင်ပြယ်ဖြည့်စွက်ခွင့်

ခံစားပေးခဲ့မိတာ ရင်နဲ့ မဆံ့အောင်ပဲ
ဆန္ဒတွေကိုထပ်တူချ..
ကိုယ်ခန္ဓာရဲ့ အစိတ်အပိုင်းတစ်စလို
အရိပ်တစ်ခုထက်ပိုအောင်ထည့်သွင်း
နောင်တစ်ချိန်အတွက် အစားထိုးဝင်လာမယ့်
အလွမ်းသီချင်းကို မေ့ပျောက်ခြင်းတွေနဲ့နင်းဖျောက်ချင်ခဲ့တာ
ကိုယ်နဲ့ပတ်သက်တဲ့အလွမ်း
မင်းအတွက်အလှမ်းဝေးလွန်းမှန်းသိပေမယ့်
နားလည်ရခြင်းဆိုတဲ့စည်းဘောင်ထဲမှာ
ကိုယ်ကိုယ်တိုင်က နှစ်ခြိုက်စွာနေရာယူထားခဲ့
မဖြည့်စွက်နိုင်တော့မယ့်ကွက်လပ်တွေအတွက်
မတောင်းပဲပေးထားခဲ့တဲ့စိတ္တှဇနာမ်တွေအတွက်
ကြေကွဲခြင်းသက်သက်ကျန်နေရစ်ပါစေ
သတင်းစကားတွေနားစွင့်ရင်း
အဝေးကချစ်ခြင်း
မျှော်လင့်ခြင်းမဲ့ကျေနပ်ချင်ခဲ့သူ


ကောက်ရိုးနွယ်


5 comments:

တားမြစ် ထားသော... July 24, 2008 at 12:23 PM  

ဖတ်တယ်။ ပြီးတော့ ထပ်ဖတ်တယ်။
နောက်တစ်ခေါက် ဖတ်ရင်းမှသိလိုက်တယ်...
“သတင်းစကားတွေနားစွင့်ရင်း
အဝေးကချစ်ခြင်း
မျှော်လင့်ခြင်းမဲ့ကျေနပ်ချင်ခဲ့သူ”
ဒီနေရာမှာ ကျွန်တော် တစ်ခုခု..... ခံစားနေမိတာကိုး။
............................................
ဝေမျှတာကျေးဇူးဗျ။

khin oo may July 24, 2008 at 7:04 PM  

လွမ်းစရာလေးပေါ.။

RePublic July 25, 2008 at 10:27 AM  

ကိုဇနိ.. အဆွေး ကဗျာလေးပေါ့၊၊ လေးဖြုရဲ့
မျှော်လင့်ခြင်းလေး ၊ အဝေးကချစ်သူ သီချင်းလေးတွေလိုပေါ့ :) နှစ်သက်စရာလေးပါ၊၊
ဝေမျှတာကျေးဇူးပါ ကိုကိုနိ ၊၊

tmn July 25, 2008 at 10:29 AM  

သူငယ်ချင်း ကောက်ရိုးနွယ်... အားပေးနေတယ်... နင့်ကဗျာတွေကို...

အခြား July 26, 2008 at 5:50 PM  

သိမ်းထားလိုက်ပြီဗျို့ ...... လိုအပ်တဲ့အခါ ထုတ်သုံးခွင့်ပြုပါ။း)

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP