လေထီးသမားလေးယောက်

>> Tuesday, July 8, 2008



လေယာဉ်မောင်းသမားတစ်ယောက်နဲ့ ခရီးသည်လေးယောက် လေယာဉ်တစ်စီးနဲ့ ခရီးထွက်ခဲ့ကြတယ်။ ခရီးသည်လေးယောက်က ဘယ်သူတွေလဲဆိုတော့ အမေရိကန် သမ္မတ၊ ယူနီဗာစတီက ပါမောက္ခ၊ အဖိုးအိုတစ်ယောက်နှင့် ကျောင်းသားတစ်ယောက်။ လေယာဉ်ပျံသန်းချိန် မိနစ်နှစ်ဆယ်ခန့်မှာပဲ ရုတ်တရက် လေယာဉ်က စက်ချို့ယွင်းသွားပါတယ်။ အဲဒီအခါမှာတော့…
လေယာဉ်မှူး။ ။ ၀မ်းနည်းပါတယ်ဗျာ။ ကျွန်တော်တို့ ငါးယောက်အတွက် လေးထီးက လေးခုပဲရှိတယ်။ ပြောရင်းဆိုရင်းပဲ လေယာဉ်မှူးက လေးထီးတစ်ခုကိုယူပြီး အလျှင်အမြန်ခုန်ထွက်သွားပါတယ်။
သမ္မတ။ ။ ကျုပ်က အမေရိကန်နိုင်ငံအတွက်သာမက ကမ္ဘာအတွက်ပါ အရေးကြီးဆုံးလူသားဗျ။ ကျုပ်အသက်ရှင်မှ ဖြစ်မယ်… ဒီတော့ ကျန်တဲ့ လေထီးထဲက တစ်ခုကိုယူပြီး ခုန်ဆင်းမယ်ဗျာ။
ပါမောက္ခ။ ။ ကျုပ်က အမေရိကန်မှာ ဥာဏ်ထက်မြက်ပြီး အတွေးအခေါ်ကောင်းဆုံဲး။ ကျုပ်အသက်ရှင်မှကိုဖြစ်မှာ။ ကဲ လေထီးတစ်ခုကို ယူပြီးဆင်းပြီဗျို့။
လေးထီး တစ်ခုပဲကျန်ပါတော့တယ်… အဲဒီအခါ…
အဖိုးအို။ ။ ကဲ မောင်ကျောင်းသား..လူကလေး..ငါက အသက်ကြီးပါပြီကွာ… ဘ၀ကိုလဲ ပျော်ပျော်ရွှုင်ရွှင်နဲ့ နေခဲ့ပြီးပြီ… သေမယ်ဆို အဖိုးက သေပျော်ပြီကွ။ ကဲ… ဒီကျန်တဲ့တစ်ခုကို ယူပြီး မင်းခုန်ဆင်းပေတော့။
ကျောင်းသား။ ။ ကောင်းပါပြီ အဖိုး။ ဒါပေမယ့် ကျွန်တော့ဆီမှာ လေထီးနှစ်ခု ကျန်နေသေးတယ်။
အဖိုးအို။ ။ ဟေ… မဖြစ်နိုင်ဘူး။ လေယာဉ်မှူးက ငါတို့ငါးယောက်အတွက် လေထီးလေးခုပဲပါတာလို့ ပြောတာ ငါကြားလိုက်တယ်။ အဖိုး နားမလေးသေးပါဘူးကွ။
ကျောင်းသား။ ။ အဖိုးပြောတာ မှန်ပါတယ်… ဒါပေမယ့် ကျွန်တော်တို့နိုင်ငံရဲ့ ဥာဏ်ပညာအထက်ဆုံး ပါမောက္ခကြီးက လေထီးကိုမယူပဲ ကျွန်တော့်ကျောပိုးအိပ်ကို ယူပြီး ခုန်ဆင်းသွားတယ်။

P.S. မရယ်ရလဲ ကိုယ့်ဘာသာ ကလိထိုးရယ်ပါဗျို့... :P

7 comments:

ဇနိ July 8, 2008 at 2:29 AM  

ဒီတိုင်းလည်း ရီရပါတယ်ဗျ..ကိုကြီးလုံးရ
း)

Anonymous July 8, 2008 at 5:06 AM  

အမှန်အကန် ရယ်ရတယ်ဗျို့။ အိမ်ယာထ ခုမှ မျက်လုံးပွင့်သွားတော့တယ်။ ကျေးဇူး။

RePublic July 8, 2008 at 5:37 AM  

်အင်း..ပညာရှိသတိ ဖြစ်ခဲပေါ့..
ရီတယ်ဗျာ ...ရီတယ်

မြရွက်ဝေ July 8, 2008 at 6:07 AM  

:D အဟီး ရီရတယ်

wynn.sun July 8, 2008 at 1:49 PM  

ပညာရှိသတိဖြစ်ခဲ..ဆိုတာထင်တယ်.. အင်းဖြစ်မယ့်ဖြစ်တော့လည်း.. :)

မေအောင် July 8, 2008 at 2:36 PM  

ညဏ်ထက်မြက်ပြီး
အတွေးအခေါ်ကောင်းတဲ့ကိုလုံးတို့အဖွဲ့သတိထားနော
အဲလိုဖြစ်မှာစိုးလို့ ဒို့က ညံ့တာ(ဟား ဟားးးးးးး

တားမြစ် ထားသော... July 10, 2008 at 4:00 PM  

ဒီတိုင်းလည်း ရီရပါတယ်။

ပညာရှိများ မှားလိုက်မှဖြင့်။ ဟား ဟား...

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP