ဘေကျင်း အိုလံပစ်

>> Thursday, July 24, 2008


ကျနော် ဒီဘလော့ရဲ့ ကွန်ထရီဗြူတာ အသစ်ပါ။ ဒီမှာ သူငယ်ချင်းတွေရှိနေတော့ ဒီဘလော့ဂ်ကို လာပြီးလည်း ဖတ်ဖြစ်ပါတယ်။ အခု ကျနော်ရောက်နေတဲ့ တရုတ်နိုင်ငံမှာ အိုလံပစ်ပွဲ ကျင်းပတော့မယ်ဆိုတော့ လူအများသိပြီးသား အကြောင်းအရာဖြစ်နေပေမယ့်၊ သူငယ်ချင်းများအားလုံး အမှတ်တရဓာတ်ပုံလေးတွေ ကြည့်ရအောင် ကိုယ်တိုင်ရိုက်ထားတဲ့ ပုံတချို့ရယ်၊ အင်တာနက်ထဲက ပုံတချို့ရယ် ရှာဖွေပြီး ဝေမျှလိုက်ပါတယ်။


သြဂုတ်လ၊ (၈) ရက်နေ့ ရောက်ရင် ဘေကျင်း အိုလံပစ် စတော့မှာပါ။ ပြေးခုံပစ်တို့၊ ဘောလုံးတို့ ပြိုင်မယ့် အားကစားကွင်းကြီးတွေ အပြင် ဘေကျင်းမြို့မှာ ရှိတဲ့ တက္ကသိုလ် ကျောင်းတွေရဲ့ အားကစားရုံတွေကိုလည်း ပြိုင်ပွဲကွင်းတွေ အဖြစ် အသုံးပြုမှာပါ။ ဘေကျင်းမြို့က တက္ကသိုလ်ကျောင်းတွေရဲ့ အားကစားရုံတွေတိုင်းမှာ ပြိုင်ပွဲ အားကစားနည်း တစ်ခုစီ ကျင်းပပါတယ်။ ကျနော် တက်ရတဲ့ကျောင်းမှာတော့ အလေးမပြိုင်ပွဲ ရှိပါတယ်။ ကျောင်းရဲ့ ရေကူးကန်ကိုလည်း Training အတွက် အသုံးပြု မှာပါ။ အောက်က ပုံကတော့ ကျနော်တို့ကျောင်းထဲက အလေးမပြိုင်ပွဲကျင်းပမယ့် အားကစားရုံပါ။ အခုပုံကတော့ ကိုယ်တိုင် ရိုက်လာတာပါ။

ဖွင့်ပွဲ ကျင်းပမယ့်ကွင်းသစ်

(တခြားကွင်းပုံတွေ ကြည့်ချင်ရင်တော့ ဒီမှာ သွားကြည့်ပါ။)

ပြိုင်ပွဲ နေရာတွေဆီ သွားမယ့် ကားတွေ အတွက် လမ်းတွေကိုလည်းသီးသန့်ခွဲထားပါ သေးတယ်။


ကားတွေမှာ အိုလံပစ်ပွဲလာမယ့် နိုင်ငံခြားသားများ အဆင်ပြေစေဖို့ ကားစပယ်ယာတွေ ကိုလည်း အင်္ဂလိပ်လို ပြောတတ်အောင် နှစ်အတော်ကြာ စောစောစီးစီး လေ့ကျင့်သင်ပေးထားပါတယ်။ ဘတ်(စ)ကားပေါ်မှာလည်း ထိုင်ခုံတွေကို အရောင်ခွဲထားပါတယ်။ အဝါရောင်ထိုင်ခုံတွေက ကလေး၊ ကိုယ်ဝန်သည်၊ လူကြီး၊ မသန်စွမ်းတဲ့သူတွေ အတွက်ပါ။ သူတို့တွေကို ဦးစားပေးဖို့ တီဗွီတွေမှာလည်း မကြာခဏ လွှင့်ပြီး အသိပေး၊ပညာပေးပါတယ်။ taxi တွေ၊ bus တွေကိုလည်း တသုတ်ပြီးတသုတ် အသစ်လဲလဲသွားပြီး၊ အခုဆိုရင် မြင်သမျှကားတွေ၊ တက်ကစီတွေဟာ အသစ်တွေဖြစ်လို့နေပါပြီ။ အိုလံပစ် မှာသုံးမယ့် ဘတ်စ်ကားတွေပါ။


အိုလံပစ် အတွက် အသစ်ဆောက်ထားတဲ့ Beijing Airport Terminal ပါ။ ကမ္ဘာ့အကြီဆုံးလို့ ပြောတာပဲ။




July 19 ရက်နေ့က ဖွင့်လိုက်တဲ့ Subway လိုင်းသစ်ပါ။
အိုလံပစ် အားကစားပြိုင်ပွဲကျင်းပမယ့် နေရာတွေကို သွားလာဖို့ လွယ်ကူအောင် အဓိကထား ဆောက်တာပါတဲ့။


၂၀၀၇ ဖေဖေါ်ဝါရီလောက်ကတည်းက လမ်းဆုံ၊လမ်းမ အထင်ကရနေရာတွေမှာ အိုလံပစ်အထိမ်းအမှတ်Board တွေ ထောင်ထားပါတယ်။


Volunteers က (၅၀၀၀၀၀)


ကိုယ်စားပြု အမှတ်တရ အရုပ် (၅) ရုပ်


လက်မှတ် (၅) မျိုး


ဂုဏ်ပြုမယ့် ဆုတံဆိပ် တွေက

(မြန်မာ့ ကျောက်စိမ်း၊ ကမ္ဘာကို လွှမ်းစေ ရမည်။)

ဆုတံဆိပ်တွေကိုလိုချင်ရင်တော့ ၀င်ပြိုင်ကြပါနော်။
ကျနော် ကတော့ တီဗွီကနေ အားပေးမယ်...

ဓာတ်ပုံတွေကို အင်တာနက်မှ ရှာဖွေထားတာဖြစ်ပါတယ်။

10 comments:

တားမြစ် ထားသော... July 25, 2008 at 8:14 AM  

အိုးဝေကို အားပေးနေကျပါ။ အခု နောက်တစ်ယောက်တိုးလာပြီဆိုတော့ ပိုလို့ဖတ်ကောင်းလာတော့မှာပေါ့။ အားပေးလျှက်ပါ။
****************************
တရုတ်နိုင်ငံကတော့ အားကျစရာပါပဲ။ တိုးတက်နေပြီဗျာ။ ကျွန်တော် သူငယ်ချင်းတစ်ယောက်နဲ့ တရုတ်အကြောင်းပြောဖြစ်တော့ ပြောခဲ့ဘူးတဲ့စကားလေးတစ်ခုရှိတယ်။ “တရုတ်တွေ - စာတတ်ကုန်ပြီဗျ။” လို့လေ။
အိုလံပစ်ပုံလေးတွေ ဝေမျှတာ ကျေးဇူးပါ။

Anonymous July 25, 2008 at 8:58 AM  

တရုတ်နိုင်ငံက ပုံလေးတွေ ဝေမျှတာ ကျေးဇူးပါ။ နောက်ထပ်ပွဲတော် ပုံလေးတွေလည်း စောင့်မျှော်နေမယ်နော် ကိုမိုက်တူး။ အသစ်တိုးတဲ့အထိမ်းအမှတ်အနေနဲ့ မုန့်ကျွေးပါ အိမ်ရှင်တို့။

Anonymous July 25, 2008 at 9:42 AM  

ကိုမိုက်တူးရေ ဓါတ်ပုံတွေအတွက်ကျေးဇူးပဲ။ ပွဲတော်စရင်လဲ စိတ်ဝင်စားစရာလေးတွေရိုက်ပြီးတင်ပေးပါဦး။

RePublic July 25, 2008 at 10:21 AM  

စာ နဲ့ဓာတ်ပုံတွေကြည့်သွားပါတယ် ၊၊
ကြိုဆိုပါတယ် ကိုမိုက်တူး၊၊ကျေးဇူးပါဂျ ၊၊

tmn July 25, 2008 at 10:25 AM  

သူများတွေက မင်းကို မိုက်တူးလို့ခေါ်တယ်... ငါကတော့ မူးတိုက်လို့ပဲ ခေါ်တော့မယ်... "မြန်မာ့ အားကစား ကမ္ဘာကိုလွှမ်းရမည်" လုပ်ပါ မူးတိုက်ရာ... ဒါပေမယ့် မင်းရေးထားတဲ့ ဆောင်ပုဒ်က ပိုမှန်တယ်... :D
ဓာတ်ပုံလေးတွေ မျှဝေပေးတဲ့အတွက်... မုန့်ဝယ်ကြွေးရမယ်... ငါတို့ တစ်ဖွဲ့သားလုံးကို... :P

မိုက်တူး July 25, 2008 at 3:38 PM  

ပွဲတော်ရောက်ရင် ထက်တင်ပါ့မယ်။ အားပေးကြအုံးနော်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

Anonymous July 25, 2008 at 5:51 PM  

ဒီကွန်ထရီဗြူတာနာမည်ကတော့
မိုက်ပါတယ်
ရေးတာအကုန်စောင့်ဖတ်နေမယ်
အိုးဝေအဖွဲ့သားဖြစ်တဲ့အထိမ်းအမှတ်နဲ့
ကိုယ်စားပြုအမှတ်တရအရုပ်လေးတွေဝေရင်လဲ
ခြေလှမ်းပြင်နေတဲ့အဝါရောင်အရုပ်လေးနော။

Taungoo July 25, 2008 at 7:31 PM  

အဲဒီ အိုလံပစ်ကြောင့်ပေါ့။ အဆစ်ကို သတိရသွားတာ။
မက်ဒေါ်နယ်က အိုလံပစ်ဖန်ခွက်ထုတ်တယ်။ လက်ဆောင်ပေးတယ်။
အဲဒါမြင်တော့ အဆစ်ကို သတိရသွားတာပေါ့ဗျ


မေတ္တာဖြင့်

khin oo may July 25, 2008 at 9:31 PM  

welcome

Anonymous July 27, 2008 at 8:46 AM  

သူတို့ ကတော်တော်ပြင်ဆင်ထားတာပဲ ကောင်းလိုက်တာနော့် ဒါနဲ့  ဘီဘီစီမှာတော့ အဲ့ပွဲကို ဆန္ဒပြတဲ့သူတွေလည်းရှိတယ်နော် သူတို့ တရုတ်တွေထဲကပဲ ဘာပဲဖြစ်ဖြစ် ဒီပြိုင်ပွဲကြီးကတော့ စည်းကားမှာ အမှန်ပဲ သွားကြည့်ဖြစ်ရင်လည်း ပို့ စ်တင်ပါအုံးးး ။

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP