နှစ်သစ်

>> Monday, December 31, 2007



နှင်းမှုန်နှင်းမွှား ပါးလျလျလိမ်းကျံ
ချမ်းလှ၊အေးလှတဲ့ဟော..ဒီဇင်ဘာ
သူ့တံခါးဝမှာ မတ်မတ်ရပ်
နှစ်ဟောင်းကို လက်ပြနှုတ်ဆက်
နှစ်သစ်ကို ကြိုဆို။

ကဲ...ချစ်သူ
အပြုံးနုတချက်...အားဆေးတခွက်ပဲ
ဖေးမမဲ့လက်နှစ်ဖက်..တစ်သက်တာအတွက်ပေါ့..
အချစ်ဆီ ခြေလှမ်း ..လက်တစ်ကမ်းတောင် မဝေးနေချင်ဘူး။

ပျံသန်းမယ် အဝေးနှစ်....
ဒီနှစ်ကုန်ရင် နောက်နှစ်
ဆက်ပြီးတံတားခင်းမယ်...
မဝေးဘူး နှစ်ယောက်ပန်းတိုင်...
မယိုင်မလဲ ရောက်အောင်သွားကြမယ်။

31-12-07
Monday


1 comments:

တားမြစ် ထားသော... December 31, 2007 at 10:49 AM  

နှစ်သစ် အတွက်ကြည်နူးစရာ ကဗျာလေးပါ။
အပြုံးနုတစ်ချက် ဒီလိုကပိုကောင်းမလားလို့ (အပြုံးနုတချက်) ဆိုတာထက်လေ။
ဖြစ်နိုင်ရင် အပြုံးတစ်ချက်ဆို ပြီးရော။
ဟီး... ဆရာလုပ်ကြည့်တာ။ :D

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP