လေတိုက်ချိန်

>> Saturday, August 25, 2007



ရေဒီယိုက
ခေတ်ဟောင်းတေးတစ်ပုဒ်ဆိုနေတယ်
ညနေခင်းဟာ စိတ်အပြောင်းအလဲမြန်တယ်၊
ကောင်းကင်မှာ
အေးအေးလူလူ ကျက်စားနေတဲ့ တိမ်တစ်အုပ်
အရောင်ရင့်ချိန်
အုန်းပင်တို့ ခေါင်းခါပြပုံက ခါးခါးသီးသီး
အိမ်ခေါင်မိုးပေါ်
တမာပွင့်ခြောက်တွေ ထင်ရာစိုင်းနေပုံကလည်း
ခါးခါးသီးသီး
ပန်းပွင့်တစ်ချို့ဟာ
အလှတရားကြောင်းမှ ကောင်းကောင်းသိမသွားခင်
ကြွေနှင့်ပြီ
လေဟာ
ပြတင်းတံခါးကို အသံမြည်အောင် ဆောက်ပိတ်
လွင့်နေတဲ့စိတ်
ကိုယ်ထည်ပေါ် ပြုတ်ကျလာပုံက
အလန့်တကြား။ ။



မင်းထက်ညိမ်း

1 comments:

ဘောက်တူး February 20, 2009 at 5:44 PM  

ကိုဇနိ ခင်ဗျ ..

ဆရာမင်းထက်ညိမ်းရဲ့ ကဗျာများကို ကျနော်ကြိုက်ပါတယ် ..
သူ့ရဲ့ကဗျာနဲ့ဝတ္ထုတိုများကို စုဆောင်းတင်ပေးနိုင်မလား ခင်ဗျား ..

လေးစားစွာဖြင့်

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP