"ကျား" ချော့တေး

>> Thursday, August 16, 2007

ငါ့တူလူလေး မောင်ရွှေသွေး
တဂျီဂျီအော်ငို
ဘာကိုအလိုမကျ
ပြောပြစမ်းပါ့။


တီတီတာတာ မပီကလာနဲ့
လိုအင်ဆန္ဒ ဖော်ထုတ်ပြအောင်
နုနယ်ငယ်ရွယ် မင်းမှာလည်းကွယ်
စကားဆိုလဲ လေးလုံးမကွဲသေး။

လာရော့လဟယ်....
အငိုပြေးအဝေး
စိတ်ကလေးရွှင်လန်း အပြုံးသန်းစေဖို့
အဟုတ်တကယ် ကျားလိုကွယ်
ခုန်အုပ် ကစားပြပါ့မယ်။

ပုဆိုးကတောင်းကျိုက်
ကျားမိုက်ပုံဆင်
မာန်ဟုန်သွင်းထား
တ "ကျား" "ကျား" နဲ့။

ခဏတိုင်း ထခုန် အားတွေ ကုန်လို့
မောပန်းနွမ်းလျ ဦးမှာတော့ကွယ်။
ဒါပေမယ့်လည်း...
ရွှင်ပျော်ကြည်နူး မင်းမြူးထူးပုံက
"အဟတ်"ဆိုရုံ သာသာကလေး။

ဇနိ
15/8/2007

2 comments:

Anonymous August 16, 2007 at 1:23 PM  

ဆရာဇနိရေ တကယ်ဟတ်မိတယ်။

Unknown August 16, 2007 at 9:37 PM  

ကြိုက်တယ် အကိုရေ။ ကဗျာလေးနဲ့ အဟတ်လိုက်တာ ပိုလှသွားတယ်။ ကျားချော့တေး ထဲကလို နောက်ဆို အကိုလည်း မောနေအုံးမယ်။ :P

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP