အတ္တ

>> Monday, January 14, 2008

မိုးမှာခရေ
ကြွေ… .
မေ့ခြေထောက်အောက်
မေမကောက်ချင်။
နွေမှာပိတောက်
သွေ့ခြောက်ခဏ
ပန်သမဆင်
မေမကြင်…. ။
ဆောင်းရောက်ခွာညို
ပြစ်မဆိုသာ… .
လှနှိုင်ပါရက်..မေနှစ်သက်လည်း
တစ်ပွင့်မက်သူ မေ့တွက်မူကား
ပွင့်ခိုင်ခွာညို မပန်လို။

မွန်းအိန်ဂျယ်လ်

2 comments:

Anonymous January 16, 2008 at 4:08 PM  

ကောင်းပါ့ဗျာ။ အားပေးနေတယ်ဗျို့။

တားမြစ် ထားသော... November 11, 2008 at 3:08 PM  

အော်.. ကဗျာကိုဖတ်လိုက် ခေါင်းစဉ်ကိုဖတ်လိုက်နဲ့ “အတ္တ”ကို ပုံဖော်ကြည့်တယ်။ ကဗျာဆရာဟာ သူ့ရဲ့အတ္တချပြမသွားဘူးလို့ ခံစားနေရပါတယ်။

ပျော်ရွှင်အဆင်ပြေပါစေ။

သုခမိန်(E-Journal)

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP