ကြားဖူးနားဝ ရီစရာများ(၁)

>> Saturday, January 19, 2008


အခုဟာသကတော့ ကြားဖူးနားဝရီစရာလေးပါ။
အကိုတစ်ယောက်ပြောပြလို့ ရီရလို့ချရေးလိုက်တာပါ။
နောင်လည်း သူငယ်ချင်းတွေက ပြောပြတာတွေရော၊ ဆရာဆရာမတွေက ပြောပြတာတွေရော၊ အမှတ်တရအဖြစ် ကြုံရင်ရေးဦးမှာပါ။

အိုးဖင်ကို ရေလေးသုတ်…

အကိုကြီးတစ်ယောက်က ပြောဖူးတာပါ။ သူတို့ကျောင်းပြီးတော့ အပြင်မှာနေပြီး အလုပ်လုပ်ကြတယ်။ သူငယ်ချင်းတယောက်က နယ်ကနေ သူတို့နဲ့ အတူလာနေသပေါ့ဗျာ။ တနေ့ အကိုကြီးက ဟေ့ သူငယ်ချင်း ထမင်းအိုးလေးတလုံးလောက်ချက်လိုက်စမ်းပါကွာ။ ငါမအားသေးလို့။ ထမင်းအိုးဖင်လေးကိုရေသုတ်ပြီးမှ ပေါင်းအိုးထဲ့ထည့်နော်လို့ ပြောလိုက်သတဲ့။ ဆန်ဆေးတာတွေလည်း အသံတွေကြားတယ်။ ပြီး ဘေးမှာချထားတဲ့ရေခွက်ထဲကရေကို လက်နဲ့ နှိုက်ပြီး ထမင်းပေါင်းအိုးဖင်ကိုသုတ်နေသတဲ့။
- "ဟေ့ သူငယ်ချင်း ထမင်းအိုးဖင်ကို ဘာလုပ်နေတာလဲဟ"
- "ဟ မင်းပဲ အိုးဖင်ကိုရေလေးသုတ်ပြီးမှချက်ဆိုလို့ရေသုတ်နေတာကွ"

ကျနော်တို့လည်း ဒီလောကကြီးမှာ ထမင်းပေါင်းအိုးဖင်ကို ဘယ်လောက်များ ရေတွေသုတ်မိနေပြီလဲ မသိပါဘူးနော်။

3 comments:

မောင်ဖြူ January 19, 2008 at 9:40 PM  

ကိုဇနိ
ရီရတယ်ဗျာ။ ကိုဇနိရော ထမင်းချက်ရင် ရေစင်အောင်သုတ်ရဲ့လား။
:D

Anonymous January 20, 2008 at 8:43 AM  

အဟားးး တကယ်ဖြစ်တာလား ။ ဒီက ဟာသတွေက ရယ်ရတယ်ဗျာ ။ အားပေးလျက်ပါ ။

ပီဆာကျယ် January 23, 2008 at 11:11 AM  

အဆောင်ဂေါ်လီ ကိုလုံးရေ
အိုးလေးသုတ်ပါဟေ့...အိုးလေးသုတ်ပါဟေ့

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP