ကြားဖူးနားဝ ရီစရာများ(၂)
>> Sunday, January 20, 2008
ငယ်ငယ်တုန်းက စာပေဟောပြောပွဲကိုသွားပြီးနားထောင်တယ်။ လာပြီဟောပြောတဲ့ စာရေးဆရာ၊ဆရာမတွေက ဘယ်သူတွေလည်းဆိုတာလည်း မမှတ်မိဘူး။ ဘာတွေဟောပြောသလဲဆိုတာလည်း ကောင်းကောင်းမမှတ်မိပါဘူး။ စာရေးဆရာမကြီးတစ်ယောက်က “အရူးပါး” အကြောင်းကို ဟောပြောသွားတာလေးကိုပဲ မှတ်မိနေတယ်။
စိတ်ကျန်းမာရေးဆေးရုံရှေ့က ကားမှတ်တိုင်မှာ အမျိုးသမီးတစ်ယောက်က နို့စို့အရွယ်ကလေးလေးကို ရင်ခွင်မှာပိုက်ပြီး လိုင်းကားကိုစောင့်နေတယ်။ အဲဒီအချိန်မှာ စိတ်ကျန်းမာရေးဆေးရုံထဲကနေ အမျိုးသားတစ်ယောက်ထွက်လာတယ်။ ၀တ်စားထားတာရော၊ ပုံပန်းသွင်ပြင်ကပါ ခပ်နွမ်းနွမ်းနဲ့ပါ။ ကားမှတ်တိုင်ကို ရောက်တော့ကာ ရီဝေေ၀မျက်လုံးတွေနဲ့ အမေ့ရင်ခွင်မှာပိုက်ထားတဲ့ ကလေးလေးကိုပဲ ကြည့်နေတော့တာ။ ကလေးအမေ အမျိုးသမီးကလည်း အော် သူ့ခမျာ… သားသမီးစိတ်နဲ့ စိတ်ကျန်းမာရေး မကောင်းဖြစ်နေပုံရတယ်လို့တွေးမိနေတာပေါ့။ ခဏနေတော့ အဲဒီလူက စမေးတယ်။
- ကလေးလေးက ယောက်ျားလေးလား၊ မိန်းကလေးလား။
- မိန်းကလေးပါရှင်။
- ချစ်စရာ ကောင်းလိုက်တာ။ ဘယ်နှလ ရပြီလဲ။
- ၆ လသမီးပါရှင်။
- ချစ်စရာ ကောင်းလိုက်တာဗျာ။
မျက်လုံးတွေကလည်း အရည်တွေလက်လာပြီး၊ မျက်နှာကြီးကလည်း ရွှင်လန်းလာတာပါပဲ။ အင်း ကလေးနဲ့သူ့ရောဂါတော့ ပတ်သတ်တာသေချာနေပြီ။
- တချက်လောက် နမ်းခွင့်ပေးပါလားခင်ဗျာ။
- နမ်းပါရှင်၊နမ်းပါ၊ နမ်းပါ၊ ရပါတယ်ရှင့်။
အဲသလိုလဲ ပြောလိုက်ရော နမ်းခွင့်တောင်းတဲ့ လူကြီးက ကလေးအမေ့ပါးကို ရွှတ်ခနဲမွှေးမွှေးပေးပြီးထွက်ပြေးသွားပါလေရော။
အရူးပါးတွေဘေးမှ ကင်းဝေးကြပါစေ။
4 comments:
ကိုဇနိ အဲဟုတ်ဘူး အရားပူး...ဘေးမှကင်းဝေးကြပါစေ...:D
ကိုကြီးလုံး အဲသလို လုပ်ဖူးတယ်ဆို။
ဟ ဟ
အရားပူး အရားပူး
ကိုဇနိရေ
စိတ္တဇဆေးရုံအကြောင်းပြောရင်၊ အဲဒီဆေးရုံကို ဆေးစစ်တုန်းကရောက်တဲ့အကြောင်း သွားသတိရတယ်။ ကျွန်တော်တို့က တစ်ခါမှမရောက်ဘူးတော့ တွေ့တဲ့လူတိုင်းကို စိတ်ဝေဒနာရှင်လို့ထင်နေတာ။ သူတို့ကလဲ ကိုယ့်ကို အဲလိုပဲထင်နေမလားမသိဘူး။ ကြည့်တဲ့မျက်လုံးတွေကတစ်မျိုးပဲ။ ရီတော့အတော်ရီရတယ်။
ဆေးရုံးအသွား ကိုလူအေးကို ဖမ်းချုပ်၊ကိုလူအေးက ရုန်း၊ မသိတဲ့လူတွေက ကိုလူအေးကိုဆေးရုံလာပို့တယ်လို့ထင်၊ ကိုလူအေးကလည်း အူမစေ့နဲ့မျက်နှာနဲ့ဆိုတော့ ကြာတော့ သူငယ်ချင်းတွေကပါ ကိုလူအေးကို အ၀ှါလို့ထင်..ဟ ဟ မရီရဘူးလားဗျာ ကိုဖြူရ။
Post a Comment