သူတို့ပြောစေချင်သော လူအေးအကြောင်း
>> Wednesday, January 9, 2008
လူအေး အကြောင်းလား။ မပြောချင်လို့မဟုတ်ပါဘူးဗျာ၊ လူအေးအကြောင်းကတော့ ပြောမဆုံးပေါင် တောသုံးတောင် ဆိုသလိုပဲ။ အဲဒါကြောင့်ပါ။ ဘယ်သူကပဲဖြစ်ဖြစ် လူအေးကိုလှမ်းခေါ်လိုက်တယ်ဆိုရင်၊၊ လူအေးက (roll call) ထူးသလိုထူးတတ်တဲ့ အကျင့်လေးတော့ရှိတယ်။ ဟဲ့ လူအေး…ဆိုရင်
ရှိ…။ လူပျို…။ ရုပ်ချော…။ သဘောကောင်း…။ ပညာတတ်…။ ဘွဲ့ရ…။ ဈေးနားနီးနီး တိုက်ကြီးကြီး…။ အဲဒီလိုတော့ထူးတတ်တယ်။ အဲဒါလူအေးရဲ့လောလောဆယ် ဂုဏ်ပုဒ်တွေပေါ့ဗျာ။ အတိတ်ကလူအေးနဲ့ ငနဲသုံး ကောင်ကိစ္စမှာ လူအေးက ကိုယ့်အကြောင်းကိုယ်ချန်ခဲ့တယ်ဆိုပြီး။ ကိုယ်တော်သုံးကောင် ရာဇသံပေးလာတယ်။ မင်းအကြောင်းမင်းရေးတဲ့ လိုတာရှိနေရင် သေဖို့သာပြင်ထားတဲ့။ အဲဒီတော့လည်း လူအေးလည်း နတ်သံနှောပြီး ပြောရတာပေါ့လေ။ ဒီလိုဗျ…
ရှိ…။ လူပျို…။ ရုပ်ချော…။ သဘောကောင်း…။ ပညာတတ်…။ ဘွဲ့ရ…။ ဈေးနားနီးနီး တိုက်ကြီးကြီး…။ အဲဒီလိုတော့ထူးတတ်တယ်။ အဲဒါလူအေးရဲ့လောလောဆယ် ဂုဏ်ပုဒ်တွေပေါ့ဗျာ။ အတိတ်ကလူအေးနဲ့ ငနဲသုံး ကောင်ကိစ္စမှာ လူအေးက ကိုယ့်အကြောင်းကိုယ်ချန်ခဲ့တယ်ဆိုပြီး။ ကိုယ်တော်သုံးကောင် ရာဇသံပေးလာတယ်။ မင်းအကြောင်းမင်းရေးတဲ့ လိုတာရှိနေရင် သေဖို့သာပြင်ထားတဲ့။ အဲဒီတော့လည်း လူအေးလည်း နတ်သံနှောပြီး ပြောရတာပေါ့လေ။ ဒီလိုဗျ…
လူအေးတို့မြို့ငယ်လေးမှာ တစ်ယောက်ယောက်တက္ကသိုလ်သွားတတ်ရင် တစ်မျိုးလုံး၊ တစ်ဆွေလုံးက လက်ဆောင်တွေပေးတော့တာပဲ။ အစုံကိုပေးတာ။ ဘာတွေမှန်းမသိအောင်ကိုပေးတာ။ သူတို့ကတော့ တက္ကသိုလ်ဆိုရင် တစ်ခုတည်းရှိတယ်လိုပဲ ထင်တဲ့လူတွေကိုး။ တက္ကသိုလ်ပြီးရင် သူတို့အခေါ် “ကြီးကြီးမာစတာကြီး” ဖြစ်မှာဆိုတော့ ဖားတဲ့သဘောလည်း ပါတာပေါ့ (အဲဒါတွေထားပါတော့လေ။) ဒီလိုနဲ့ လူအေးလည်း တက္ကသိုလ်သွားရတော့မယ်ဆိုတော့ သူတို့ပေးသမျှလက်ဆောင်ကိုတွေကို မြွေရေခွံအိတ်ထဲအကုန်စုထည့်ပြီး ယူလာတာပေါ့။
အဲ တက္ကသိုလ်ရဲ့ ပထမဆုံးကျောင်းတက်ရမယ့်မနက်မှာ ဟိုငနဲသုံးကောင်ကို မတွေ့ဖူးခင်ပေါ့။ လူအေးလည်း ရေမိုးချိုး။ ပြီးတော့ အမေကြီးကိုယ်တိုင်ယက်ပေးလိုက်တဲ့ ဖျင်ကြမ်းအိကျီင်္ကိုဝတ်။ အဒေါ်လက်ဆောင်ပေးလိုက်တဲ့ တိုက်ဂါးပလေကပ်ပုဆိုးအသစ်ကို တံဆိပ်ခွါပြီး (ဘယ်လိုမှပြောင်အောင်ခွါလို့မရ) ရေမလျော်ပဲဂေါက်တောက်တောက်နဲ့ဝတ်။ ဆွေတော်မျိုးတော်တွေ လက်ဆောင်ပေးလိုက်တာတွေစုထည့်ထားတဲ့ မြွေရေခွံအိတ်ကိုဖွင့်တာပေါ့။ အိတ်ထဲက ပထမဆုံးထွက်လာတာက ခေါင်းလိမ်းဆီဗူး(အံမယ်မဆိုးဘူး ကိုယ့်ဟာကို တစ်ခါမှဝယ်မလိမ်းဖူးဘူးလေ)၊ စိန်တံဆိပ်အပ်ချည်လုံး (ဟမ် ဘာလုပ်ဖို့တုန်း)၊ အခိုးထုတ်စေး၊ မြင်းခေါင်းစွပ်ကျယ်၊ ဇီးဖြူသီးဆားရေစိမ်ပုလင်း။ ဆင်ြကယ်ဖိနပ် သည်းကြိုးးအနီရောင်၊ ငါးပိကျော်ဗူး၊ ဓာတ်လုံး၊ မန်ကြီးသီးအစေ့လှော်၊ နတ်မိမယ်သနပ်ခါးဗူး၊ ရှမ်းပျိုမေသွေးဆေး ဟာဘာတွေမှန်းကိုမသိဘူး တကယ့်ကို အစုံပဲ တိုလီမိုလီတွေအများကြီးပဲ။ လောလောဆယ် သုံးစားလို့ရတာကိုကြည့်လိုက်တော့ မန်ကြီးသီးအစေ့လှော်ထုပ်ကို ဖောက်ပြီး ၂ စေ့လောက်ပါးစပ်ထဲပစ်ထည့်ဝါး(တော်တော်မာတာပဲ)။ ပြီးတော့ လူအေးနဲ့မအပ်စပ်တဲ့ နတ်မိမယ်သနပ်ခါးဗူးကို ပြူတင်းဘောင်ပေါ်ပစ်တင်။ တစ်ခါမှမလိမ်းဘူးတဲ့ ခေါင်းလိမ်းဆီကို အများကြီးလိမ်း(မွှေးလွန်းလို့)၊ ကြည့်စရာမှန်မရှိလည်း ကိစ္စမရှိဘူး၊ ကိုယ့်ရုပ်ကိုသိပြီးသား၊ အားလုံးပြီးတော့… ရှစ်တန်းတက်တုန်းက အမေ၀ယ်ပေးထားတဲ့လွယ်အိတ်ကို ပိုက်ဆံမပေးရတိုင်းစပါယ်ရှယ်ထုံး (အဲဒီတုန်းက အထုံးတွေအဓိပ္ပါယ် လူအေးတကယ်မသိခဲ့ပါဘူးဗျာ)။ အဲ အစောကြီးကျောင်းမသွားချင်တော့ အဆောင်ဝမှာ မအူမလည်လုပ်နေတော့တာပေါ့လေ။ မန္တလေးဆိုတော့ နေကလည်းပူရော နင်းကန်လိမ်းထားတဲ့ခေါင်းလိမ်းဆီတွေ အရည်ပျော်ကုန်တော့တာပဲဗျို့။ ဇာတ်လမ်းက အဲဒီမှာစတာ။ လူအေးတို့များ tissue(တစ်ရှုး)လည်းမရှိ၊ လက်ကိုင်ပါဝါလည်းမရှိ။ ဘယ်ရမလဲ လွယ်အိတ်ကိုင်းနဲ့သုပ်ပစ်တာပေါ့။ ပြီးတော့တစ်ယောက်တည်း အူလည်လည်ဆိုတော့၊ ရေမလျော် တံဆိပ်မပြောင်သေးတဲ့ ပုဆိုးအသစ်အနားစတွေကို ဘာမှန်းမသိပဲ လက်နှစ်ဖက်နဲ့မထားပြီး မော့တော့တော့နဲ့ လေချွန်နေရင်း အဲဒီငနာသုံးကောင်ကို ပထမဆုံး တွေ့ဖူးခြင်းဖြစ်ပါကြောင်း။ ဒါပဲ အဲဒီလောက်ပြောပြပြီးရင် ကျေနပ်တော့။
ခေတ်ဆစ် အဓိပ္ပါယ်ဖွင့်ဆိုချက်များ။ ။
လွယ်အိတ်ကိုင်းကို ထုံးထားတဲ့အထုံးက ရင်ဘက်မှာရှိရင် - ရည်းစားလက်ရှိ
လွယ်အိတ်ကိုင်းကို ထုံးထားတဲ့အထုံးက ကျောဘက်မှာရှိရင် - ရည်းစားနဲ့ပျက်
လွယ်အိတ်ကိုင်းကို ထုံးထားတဲ့အထုံးက ပခုံးအပေါ်တည့်တည့်မှာရှိရင် - ရည်းစားလက်မဲ့ ရှာနေဆဲ
ဂုဏ်ပုဒ်များအားရှင်းလင်းချက်။ ။
ရှိ (မိန်းခလေးများ မြောင်းပေးပါက စီးရန်ရေအသင့် ရှိ)
လူပျို (အိုချင်တာကြာပြီ ဘယ်လိုမှ အခြေအနေမပေးလွန်းလို့ ကျောင်းတတ်စားနေရတာ ကြော်ငြာတဲ့သဘော)
ရုပ်ချော (အမေကပြောတာပဲ)
သဘောကောင်း (မိန်းခလေးသူငယ်ချင်းတွေ ခိုင်းစရာရှိရင် လူအေးကိုခေါ်တာ)
ပညာတတ် (စာမေးပွဲရာသီမှာ အဆောင်ကငပျင်းတွေ လူအေးကို စားရှင်းပြခိုင်းချင်ရင်ခေါ်တာ)
ဘွဲ့ရ (ကိုယ့်ကိုကိုယ် သတိပေးတာ။ လူအေးကတွေးလိုက်ရင် သူငယ်တန်းလေး repeater အတွေးပဲဖြစ်ဖြစ်နေလို့)
ဈေးနားနီးနီး တိုက်ကြီးကြီး (သမ၀ါယမဆိုင်ကြီးကိုပြောတာ အဟီး)
4 comments:
ကိုလူအေး ဂုဏ်ပုဒ်တစ်ခုကျန်သေးတယ်လေ။
ရင်ဘတ်လေးကိုကော့ကော့ပြီးလမ်းလျှောက်တာ၊ ကံကောင်းလို့ အဆောင်မှူးမိန်းမ ခလုပ်မတိုက်မိတယ်။
ကိုမောင်ဖြူရေ...
PT ဘောင်ဘီလေးဝတ်ပြီး၊ SportShirt အစင်းလေးကို ကြယ်သီးတွေ လည်ပင်းအထိအစေ့တပ်၊ လူမမြင်ရခင် အသံအရင်ကြားရတဲ့ ကိုလူအေးရဲ့ ဟိုသီအိုရီလေ...ဘာတဲ့.. ရွာနားမြက် ရွာမြင်းစားရင် ပိုချိုတယ်ဆိုတဲ့ဟာရော အခုထိမှန်နေတုန်းပဲလားဗျ။ တွေ့ရင်မေးပေးပါဦး။
ကိုဇနိရေ... Global warming ရဲ့ဒဏ်ကြောင့်။ လူအေးတို့ရွာနားမှာလည်း...ရေကြည်လည်းနောက်။ မြက်လည်းခြောက်လို့။ ခြေရာတွေလည်းပျောက်ကုန်ပြီဗျို့။
မောင်ဖြူရေ…အဲ့ဒါကြောင့်ပြောတာ။ လူအေးရဲ့ဂုဏ်ဒြပ်တွေကို ထိုင်ဖတ်နေလို့ကတော့ မနက်လင်းသွားမယ်မှတ်။
ကိုလူအေး ခင်ဗျား တရားစာတွေ အရွတ်ကောင်းတာလည်း မပါဘူးနော.... :P
Post a Comment