တံခါးများ

>> Thursday, September 6, 2007

လူ့လောကကိုဝင်လာဖို့
ရှင်သန်ခြင်းဆိုင်ရာတံခါးတွေရှိတယ်၊
ရှင်သန်မှုတွေကြီးထွားကြဖို့
ရုန်းကန်ခြင်းဆိုင်ရာတံခါးတွေရှိတယ်၊
လူ့လောကတွင်းဝင်ဆံ့ဖို့
ပေးဆပ်ခြင်းဆိုင်ရာတံခါးတွေရှိတယ်၊
ချစ်ခြင်းတရားဆိုင်ရာ မေတ္တာတွေရဖို့
ရင်းနှီးခဲ့ရတဲ့ နှလုံးသွေးတံခါးတွေရှိတယ်၊
ပိုင်ဆိုင်ခြင်းဆိုင်ရာ တံခွန်တွေလွှင့်တင်ဖို့
သတ်မှတ်ချက်ဆိုင်ရာ တံခါးတွေရှိတယ်၊
ဘ၀တံခါးတွေဖွင့်ဖို့ကြိုးစားရင်းနဲ့
ကိုယ်ကျင့်တရားဆိုင်ရာ တံခါးရွက်တွေပျက်သွားသူတွေရှိတယ်၊
တကယ်တော့
တံခါးတွေကိုယ်တိုင်လဲ
တံခါးရွက်တွေရဲ့ပိတ်ဆို့ခြင်းခံနေရတာပါ
အရေးကြီးဆုံးတစ်ခုကတော့
တံခါးတွေကိုဖွင့်ဖို့ကြိုးစားရင်း
တံခါးရွက်တွေရဲ့ပိတ်ဆို့မှုမခံရဘို့ပါပဲ။ ။

မောင်ဖြူ

1 comments:

Hlaing Htun September 6, 2007 at 11:27 PM  

ကိုမောင်ဖြူ ဘာပဲပြောပြော ပိတ်နေတဲ့ တံခါးတွေကို (လိုအပ်ရင်၊ လိုအပ်တယ်လို့ ခံစားလာရင်) ကိုယ်စွမ်းသလောက် အားအင်တွေနဲ့ ဖွင့်ကြရမယ်ဆိုတယ်ကိုး။ အေးဗျာ .....
""" တံခါးတွေကိုဖွင့်ဖို့ကြိုးစားရင်း
တံခါးရွက်တွေရဲ့ပိတ်ဆို့မှုမခံရဘို့ပါပဲ။ ။ """

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP