ခွေးကလေးတစ်ကောင်နဲ့ အမျိုးသမီး

>> Sunday, September 23, 2007


အခုတလောမှာ မျက်နှာစိမ်းတစ်ယောက် (အမျိုးသမီးတစ်ယောက် ခွေးကလေးတစ်ကောင်နဲ့အတူ) မြစ်ကမ်းနံဘေးကလမ်းမှာ တွေ့မြင်နေကြတဲ့အကြောင်း လူတွေပြောနေကြသည်။ “ဒမီသရီ ဒမီသရီခ်ျ ဂုရော့” သူက ရာလ်သာ ဆိုတဲ့မြို့လေးမှာ နေထိုင်နေတာ နှစ်ပတ်ကြာရှိခဲ့ပြီ။ အဲဒီမြို့ကလေးမှာ ဒမီသရီ ဒမီသရီခ်ျ ဂုရော့ တစ်ယောက် နေသားကျနေပြီဆိုတော့ အဲဒီမျက်နှာစိမ်းကောင်းမလေးကို စိတ်ဝင်စားလာခဲ့မိတယ်။ ဘီနာရဲ့ တဲကလေးထဲမှာထိုင်နေရင်း ရွှေရောင်ဆံပင်လေးတွေကို ပိုင်ဆိုင်ထားသော နုနယ်ပျိုပြစ်တဲ့ အမျိုးသမီးလေးရဲ့ မြစ်ကမ်းနံဘေးကလမ်းအတိုင်းလမ်းလျှောက်လာတာကို သူမြင်နေရတယ်။ သူမ၏နောက်တွင် အဖြူရောင်ခွေးလေးတစ်ကောင်ပြေးလိုက်နေတယ်။ ထို့နောက် သူ အဲဒီအမျိုးသမီးကို ပြည်သူ့ဥယျာဉ်၊ ပန်းခြံ တို့မှာ တစ်နေ့ကို အကြိမ်ပေါင်းများစွာ တွေ့မြင်ရလေတော့သည်။


အမျိုးသမီးကတော့ မြစ်ကမ်းဘေးလမ်းမှာ သူမရဲ့ခွေးကလေးနဲ့အတူ တစ်ယောက်ထဲ လမ်းလျှောက်လေ့ရှိပါတယ်။ သူမဘယ်သူဆိုတာ ဘယ်သူကမှ မသိကြပါဘူး။ ဒါကြောင့် သူမကို “ခွေးကလေးတစ်ကောင်နဲ့အမျိုးသမီး”လို့ လွယ်လွယ်ကူကူ နာမည်ပေးထားကြ၏။ တကယ်လို့ အဲဒီအမျိုးသမီးမှာ လင်ယောက်ျားမရှိခဲ့ရင်၊ ဒါမမဟုတ် အသိအကျွမ်းမရှိခဲ့ရင် သူမနဲ့သိကျွမ်းခွင့်ရတာဟာ အချည်းအနှီးမဖြစ်နိုင်ဘူးဟု ဂုရော့ စဉ်းစားနေခဲ့မိသည်။ ဂုရော့ အသက်ကလေးဆယ်ပင်မပြည့်သေး။ ဒါပေမယ့် သူ့မှာ အသက်ဆယ့်နှစ်နှစ်အရွယ် သမီးပျိုတစ်ယောက် နှင့် သားနှစ်ယောက်ရှိ၏။ သူက တက္ကသိုလ်ဒုတိယနှစ်တွင် အိမ်ထောင်ပြုခဲ့သည်။ အခု သူ့ဇနီးက သူ့ထက် အသက်တစ်နှစ်ခွဲခန့်ကြီးသည်ဟု ထင်ရ၏။ ဇနီးဖြစ်သူမှာ အရပ်ရှည်ရှည်၊ မည်းမှောင်သော မျက်ခုံး မျက်လုံးတို့ရှိ၏။ သူမသည် အိမ်တွင် သြဇာအရှိဆုံး၊ အရေးပါဆုံး၊ အဖြောင့်မတ်ဆုံးဖြစ်၍ ကိုယ့်ကိုယ်ကို ဥာဏ်ထက်မြက်သောသူ၊ ပညာရှိဟုအမည်သတ်မှတ်ထား၏။ သူမ စာအုပ်များစွာ ဖတ်၏။ သို့သော် ဂုရော့၏စိတ်ထဲတွင် သူ့ဇနီးအား အသိဥာဏ်မရှိသောသူ၊ အမြင်ကျဉ်းမြောင်းသူ၊ အကြင်နာမဲ့သောသူဟု ထင်၏။ သူမကို ကြောက်ရ၏။ ထို့ကြောင့် အိမ်မှာနေရသည်ကို မနှစ်သက်တော့။ သူ သူ့ဇနီးအပေါ်မှာ အမြင်ပြောင်းလဲခဲ့တာ ကြာခဲ့ပြီ။ တစ်ခါတစ်ရံ အမြင်ပြောင်းလဲတာမျိုးဖြစ်နိုင်သည်ဟု ထင်ရ၏။ သို့သော် မိန်းမတွေမကောင်းကြောင်းကိုသာ ထာဝရ ပြောနေခဲ့၏။ မိန်းမတွေအကြောင်း ပြောသောစကားဝိုင်းတွင် သူပါဝင်ခဲ့ရင် “မိန်းမ” ဟုမသုံးနှုန်းပဲ “အဆင့်အတန်းနိမ့်သောသူများ” လို့သာ ခေါ်ဝေါ်သုံးနှုန်းခဲ့သည်။

မိန်းမများကို မိမိကြိုက်နှစ်သက်သည့် အသုံးအနှုန်းအတိုင်း ခေါ်နိုင်ရန် ဂုရော့မိမိကိုယ်ကို အတွေ့အကြုံရင့်ကျက်သူဟု ထင်၏။ သို့သော် မိန်းမများမရှိပဲနှင့်တော့ ဤမြို့လေးတွင် နှစ်ပတ်ကြာအောင် သူနေနိုင်လိမ့်မည်မဟုတ်။ ယောကျာင်္းများစကားဝိုင်းတွင် သူပါဝင်ပြောဆိုဆွေးနွေးခြင်းမရှိပဲ အေးအေးဆေးဆေး နေတတ်တယ်။ ဒါပေမယ့်လည်း အမျိုးသမီးများအလယ်သို့ ရောက်သောအခါ မိမိကိုယ်ကို လွတ်လပ်သူတစ်ယောက်အဖြစ်ခံစားရပြီး၊ ဘယ်လိုအကြောင်းအရာတွေကို အမျိုးသမီးများနှင့်ပြောသင့်သည်၊ မိမိအကြောင်းကို ဘယ်လိုဖုံးကွယ်ရမည်ကို ကောင်းကောင်းသိသူတစ်ယောက်ဖြစ်တယ်။ ထိုသို့ပြောပြီးသောအခါ သူသည် အလွယ်တကူ နှုတ်ဆိတ်နေတတ်ပြန်တယ်။ သူ၏ရုပ်သွင်၊ အပြောအဆို အမူအရာများက အမျိုးသမီးများကို ဆွဲဆောင်နိုင်စွမ်းရှိ၏။

ဂုရော့ရဲ့ အိမ်ထောင်ရေးအတွေ့အကြုံ မှာများသည်။ သူ၏အိမ်ထောင်ရေးအစတွင် ပျော်ရွှင်စရာ၊ ကြည်နူးစရာကောင်းသည်ဟုထင်ခဲ့၏။ တဖြည်းဖြည်း အိမ်ထောင်ရေးပြဿနာများရှိလာသောအခါ နောက်ဆုံးတွင် ထိုသို့အိမ်ထောင်ပြုရသည်ကို ၀န်ထုပ်ဝန်ပိုးဟု ထင်ပြန်သည်။ သို့သော် မျက်နှာစိမ်းအမျိုးသမီးနှင့်စတင်ဆုံဆည်းမိသောအချိန်တွင် သိထားသောထိုအတွေ့အကြုံတို့သည် ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ကြသည်။ ဘ၀ကို တစ်ဖန်ရင်ဆိုင်ခြင်လာပြန်၏။ ယခင်အတွေ့အကြုံများသည်လည်း ရီစရာပျက်လုံးများ ဖြစ်ကုန်၏။

နေ့တစ်နေ့ ရဲ့ ညနေခင်းမှာ ဂုရော့ ပန်ဥယျာဉ်ထဲကစားသောက်ဆိုင်မှာ ညစာစားနေတယ်။ ထိုအချိန်တွင် မျက်နှာစိမ်းအမျိုးသမီးတစ်ယေက် သူနှင့်အနီးဆုံးစားပွဲရှိရာသို့ ဆင်မရင်သာ လျှောက်လာနေတယ်။ သူမ၏ မျက်နှာအမူအရာ၊ လမ်းလျှောက်ပုံ၊ အ၀တ်အစားပုံစံ နှင့် ဆံပင်ပုံစံတို့ကိုကြည့်၍ ဂုရော့စဉ်းစားနေမိ၏…”သူမသည် ရိုးသားသောမိသားစုမှ မွေးဖွားလာနိုင်သည်၊ အိမ်ထောင်ရှိရမည်၊ ရာလ်သာမြို့ကိုတစ်ယေက်ထဲလာနေတာဆိုတော့ ဒီမှာသူမတစ်ရောက်တည်း ပျင်းများပျင်းနေမလား…“။ ကမ်ခြေသို့ အပန်းဖြေလာတဲ့သူတွေချင်း ပြောဆိုနေသောစကားများထဲတွင် မုသားစကားတွေပါသည်ကိုလည်း သူက မနှစ်သက်ပေ။ သို့သော် ထိုသို့ပြောဆိုကြရင်း မိတ်ဆွေဖြစ်ကြသူ၊ သူငယ်ချင်းတွေဖြစ်ကြသူများရှိသည်ကိုလည်း သူသိသည်။ အမျိုးသမီး သူနှင့်အနီးဆုံးစားပွဲသို့ရောက်ရန် ခြေလှမ်းသုံးလှမ်းအလိုမှာတော့ ဂုရော့သူနားထောင်ခဲ့ဘူးသော စကားဝိုင်းများမှ စကားလုံးများကို သတိရနေမိ၏။ သူက အမျိုးသမီးနှင့်ပါလာသော ခွေးကလေးကို လက်ဖျောက်တီး၍ခေါ်လိုက်သည်။ ခွေးလေးက ချဉ်းကပ်လာသောအခါ ခွေးရဲ့ဦးခေါင်းကို လက်ဖြင့်ကိုင်မည်ပြုရာ ခွေးကမာန်ဖီနေသောကြောင့် ရုတ်တရက် လန့်သွား၏။

ထိုအခါ အမျိုးသမီးက သူကကြည့်ကာ တဖန်မျက်လွှာချလျက်
- “ခွေးက မကိုက်ပါဘူးရှင်” ဟုပြောကာ မျက်နှာမှာ နီရဲသွား၏။
- “ဒါဆိုကျွန်တော် အရိုးအနည်းငယ်ကျွေးလိုးရမလား” ဟု သူကမေးရာ အမျိုးသမီးက ခေါင်းညိမ့်ပြ၏။ သူက ဆက်လက်၍ - “ခင်ဗျား ဒီမြို့ကိုရောက်တာ ဘယ်လောက်ကြာပြီလဲ” ဟုမေးရာ
- “ ငါးရက်ရှိပါပြီ” ဟုဖြေ၏။ သူက
- “ကျွန်တော်က ဒီမြို့ကိုရောက်တာ နှစ်ပတ်ကြာခဲ့ပြီ” ဟုပြောပြီး စကားဝိုင်းမှာ ငြိမ်သက်သွားပြန်သည်။ ခဏကြာတော့ သူမက
- “ အချိန်တွေကုန်တာက မြန်လိုက်တာ၊ ဒီမြို့လေးမှာ နေရတာ ပျင်းစရာကောင်းတယ် ” ဟုဆို၏။ ထိုအခါ သူက
- “ ဒီမြို့မှာ လာအပန်းဖြေပြီး ပျင်းတယ်လို့ပြောရတာကိုက ပြောလို့ကောင်းတယ်ဗျ၊ မြို့ခံလူတွေအတွက်တော့ ပျင်းစရာကောင်မှာ မဟုတ်ဘူးဗျ၊ အဲ….စပိန်ကနေ ဒီကမ်းခြေကို လာပြီးအပန်းဖြေကြတဲ့သူတွေဆိုရင် ဘယ်လိုပြောတယ်ထင်လဲ…ဟာ ပျင်းစရာကောင်းလိုက်တာ၊ ဟာ…ဖုန်မှုန့်တွေကလည်း ထူလိုက်တာနဲ့ ပြောကြတာ..”ဟု ဆိုသော် သူမကတော့ ရီနေသည်။ ထို့နောက် နှစ်ယောက်သား သူစိမ်းကဲ့သို့ စကားမပြောပဲ ငြိမ်နေကြပြန်၏။ ညစာစားသောက်ကြပြီးနောက် နှစ်ယောက်ယှဉ်လျက် မြစ်ကမ်းဘေးအတိုင်း လမ်းလျှောက်ကြရင်း စကားပြောကြရာ ဤတစ်ကြိမ်တွင် နှစ်ဦးစလုံးတွင် စကားပြောရသည်မှာ ပိုမိုလွတ်လပ်သလို၊ ပျော်ရွှင်ကြည်နူးသလို ခံစားကြရ၏။ ပင်လယ်ပြင်ကြီးရဲ့လှပပုံ၊ ပင်လယ်ရေတွေဟာ ဘာကြောင့်အပြာရောင်ဖြစ်လာပုံ၊ လမင်းရဲ့မျက်နှာပြင်မှ ရွှေဝါရောင်အလင်းတန်းများ ပင်လယ်ပြင်ပေါ်သို့ ဖြာကြနေပုံ၊ အလွန်ပူပြင်းသောနေ့တွေမှာ အသက်ရှူကြပ်ရပုံ စသည်ဖြင့် ပြောဆိုနေကြသည်။ ဂုရော့က စတင်၍ သူ့အကြောင်းကိုပြောပြပါတော့သည်။

- “ ကျွန်တော်က မော်စကိုမှာ မွေးတာပါ။ ဘာသာဗေဒနဲ့ ဘွဲ့ရခဲ့တယ်။ ဒါပေမယ့် အခုဘဏ်မှာအလုပ်လုပ်ပါတယ်။ အရင်တုန်းက အော်ပရာဇာတ်အဖွဲ့တစ်ခုမှာ သီချင်းဆိုဖို့ ကြိုးစားခဲ့ဘူးတယ်၊ ဒီအလုပ်ကို မလုပ်ဖြစ်ခဲ့ပါဘူး။ မော်စကိုမှာ အိမ်နှစ်လုံးရှိတယ်…” ဂုရော့ သူမထံမှသိရတာကတော့ “ သူမဟာ စိန့်ပီတာစပတ်မြို့သူတစ်ယောက်ဖြစ်ကြောင်း၊ အိမ်ထောင်ပြုတာကတော့ တခြားမြို့မှာဖြစ်ကြောင်း၊ အဲဒီမြို့မှာပဲ နှစ်နှစ်နေထိုင်ခဲ့ကြောင်း၊ အခု ရာလ်သာမြို့မှာ တစ်လခန့်နေအုံးမည်ဖြစ်ကြောင်း၊ တကယ်လို့ ခင်ပွန်းက အပန်ဖြေအနားယူချင်တယ်ဆိုရင် သူမရှိရာသို့ လိုက်လာလိမ့်မည်ဖြစ်ကြောင်း ” စသဖြင့် ဖြစ်၏။ သူမက ခင်ပွန်းဖြစ်သူ ဘယ်ဌာနမှာ အလုပ်လုပ်နေကြောင်းကိုလည်း ဂဃနဏ မပြောပြနိုင်သဖြင့် သူမကိုသူမ ရီချင်နေမိ၏။ ထိုနေ့တွင် ဂုရော့ သူမရဲ့နာမည်ကို သိခဲ့ရသည်။ သူမရဲ့နာမည်မှာ “အန်နာ”…

ဟိုတယ်က အခန်းသို့ပြန်ရောက်သော် ဂုရော့ သူမအကြောင်းကို စဉ်းစားနေမိ၏။ မနက်ဖြန် သူမနဲ့တွေ့သင့်မတွေ့သင့် ချီတုံချတုံဖြစ်နေရာမှ တွေ့မည်ဟု ဆုံးဖြတ်လိုက်တယ်။ အိပ်ရာပေါ်လဲရင်း သူမရဲ့ နူးညံ့သွယ်လျတဲ့လည်တိုင် ၊လှပတဲ့ ငွေရောင်မျက်လုံးတွေကို မြင်ယောင်နေမိသည်။ “ သူမမှာ စိတ်မချမ်းမြေ့ဖွယ်ရာ၊ ၀မ်းနည်းစရာ အဖြစ်အပျက်တစ်စုံတစ်ရာကို ခံစားနေခဲ့ရလား၊ ခံစားနေတာလား” လို့တွေးတောနေရင်း အိပ်ပျော်သွားတော့၏။


အန်တွန် ပါဗလိုဗစ်(ခ်ျ) ချက်ဟော့(ဗ်)
မြန်မာပြန် - ကိုလုံး
ဆက်ရန်

5 comments:

ဇနိ September 23, 2007 at 2:29 AM  

((တက္ကသိုလ်ဒုတိယနှစ်မှာ ဂုရော့ကအိမ်ထောင်ပြုခဲ့တယ်။))
အင်း တို့ဆရာများ အသက်ဘယ်လောက်ရှိနေပါလိမ့်။
တက္ကသိုလ်သာ နှစ်ခု၊သုံးခုပြောင်းပြီးတာဝန်ထမ်းတယ်။
အရင်အတိုင်းပဲထင်ပါရဲ့။
မျှော်နေတယ်။ ဆက်ပြန်ပါဦး။

မောင်ဖြူ September 23, 2007 at 4:17 PM  

ကို tmn ရေ
ဖတ်လို့ကောင်းတယ်ဗျာ။ ဆက်ရန်မျှော်နေမယ်။

Hlaing Htun September 24, 2007 at 9:31 PM  

ဆက်ရန်ကို မျှော်လင့်လျှက်ပါဗျိုး... ကိုမောင်ဖြူပြောသလို ဖတ်လို့ကောင်းတယ်။

NA September 25, 2007 at 10:45 AM  

ကိုလုံး ဘာသာပြန်အတွက် ကျေးဇူးပါဗျာ

Unknown October 27, 2007 at 3:03 PM  

Ko Sin ka der le ya ter pe lar
kg tel byar
lay sar per tel
sat lote

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP