ပန်ထွေဖျော်

>> Saturday, November 29, 2008


တနေ့က မနက်စာကို ဒီလိုလေး လုပ်စားကြည့်တယ်။ ထမင်းပူပူလေးနဲ့ ပန်ထွေဖျော်လိုက်ဖက်တယ်ဆိုပြီး စိတ်ကူးပေါက်လို့ အလွယ်လေး လုပ်စားတာပါ။



ခရမ်းချဉ်သီးကိုပြုတ် အခွံနွှာထားတယ်။ ပုဇွန်ခြောက်၊ ကြက်သွန်ဖြူ၊ မြေပဲဆံကိုထောင်းထည့်၊ ကြက်သွန်နီ၊ ငရုပ်သီးလှော်၊ နံနံပင်နဲ့ ဆီအနည်းငယ်ပါထည့်ပြီး ဇွန်းနဲ့ခေါက်လိုက်တဲ့ ပန်ထွေဖျော်ပါ။ ထမင်းပူပူလေးနဲ့တွဲစားရင် မနက်စာက စားလို့အဆင်ပြေသွားနိုင်ပါတယ်။ အိမ်မှာဆိုရင်တော့ ခရမ်းချဉ်သီးကို မီးဖုတ်တယ်။ အဲလိုကတော့ ပိုမွှေးတာပေါ့။ အဆောင်ရောက်ကတည်းက ခရမ်းချဉ်သီးကို ပြုတ်ပြီးတော့ပဲ ပန်ထွေဖျော်လုပ်တော့တယ်။ အဲဒီနေ့ဆို သူငယ်ချင်းတွေ ထမင်းစားလို့မြိန်တယ်လို့ ပြောကြတယ်။




တရက်ကတော့ ထမင်းကို ဒီလိုလေးချက်ပြီး ငါးခြောက်သေးသေးလေးကြော်နဲ့ စားဖြစ်တယ်။ ပန်ထွေဖျော်လေးပါ အဲဒီနေ့က အတူတူလုပ်စားရမှာ။ ဒီလိုထမင်းနဲ့လည်း ပန်ထွေဖျော်က စားကောင်းမယ်ထင်တယ်။ မနက်အစောစာလည်းဖြစ် ထမင်းက အရသာရှိပြီးသားဆိုတော့ အသားဟင်းမလိုဘူးထင်လို့ပါ။

မဇနိ

16 comments:

khin oo may November 29, 2008 at 7:46 PM  

ငါကွ. နံ့ပါတ်၁

khin oo may November 29, 2008 at 7:47 PM  

kom: မဖတ်ဘဲ လက်မှတ်ထိုးလိုက်သညါ

khin oo may November 29, 2008 at 7:50 PM  

အခုမှ ဖတ်ပြီးစားလိုက်သည်။ နိနဲ့သှူုငယ်ချင်း ဖြစ်ပါရစေ။

nu-san November 29, 2008 at 8:27 PM  

ဒီအပတ်ပျင်းလို့ ဘာမှမချက်ရသေးတာ မဇနိဆီက ခရမ်းချဉ်သီး ပန်ထွေဖျော်ကို ကြည့်ပြီး လုပ်စားဦးမယ်.. ငါးသေးသေးလေးတွေလည်း ရှိတယ်.. အတော်ပဲ.. ဒီတပတ်အတွက် ဟင်းတခွက်ရပြီ.. :P ပန်ထွေဖျော်က စပ်မယ့်ပုံနော်.. ချဉ်စပ်လေး စားကောင်းမှာ.. ရှလွတ်... :D

Moe Cho Thinn November 29, 2008 at 8:28 PM  

အခုပဲ အိပ်ယာက နိုးသည်။
မနက်စာ လုပ်ထားတာတွေ့လို့ မြင်သာမြင်ရ မကြင်ရတဲ့အတွက် စောစောစီးစီး အသည်းကွဲသွားသည်။
နိနိနဲ့ အိမ်နီးချင်း ဖြစ်ပါရစေ။

မီယာ November 30, 2008 at 12:09 AM  

နိနိ အဲ့ဒီငါးလေးတွေကျွတ်အောင်ဘယ်လိုကြော်ရမလဲ သိချင်တယ်။ မကြော်တတ်လို့သိမ်းထားတာ ၂နှစ်လောက်ရှိတော့မယ်။ ပြောပြပါဦး။ ကျေးဇူး။

:P November 30, 2008 at 4:01 AM  

မဇနိရေ..
ထမင်းကိုဒီလိုလေးဖြစ်အောင် ဘယ်လိုချက်တာလဲ...
ဘာတွေထည့်ထားတာလဲ

Anonymous November 30, 2008 at 7:07 AM  

မမဂွိ အစကတည်းက သူငယ်ချင်းမမဖြစ်ပြီးသားလေ။ မဖတ်ဘဲနဲ့တောင် လက်မှတ်ထိုးတယ်ဆိုတော့ တော်တော်ခင်လို့ဖြစ်ရမယ်။

ချဉ်စပ်လေး အဟုတ် မမနုစံ။ လုပ်စားလိုက်နော်။

အသည်းတော့ မကွဲလိုက်ပါနဲ့ မမချွဲချွဲသင်းရယ်။ အိမ်နီချင်းဖြစ်အောင် ပြောင်းလာခဲ့ရမလား။

အမ မီယာရေ အဲဒီငါးလေးတွေကြော်တာ လွယ်တယ်ဗျ။ ဆီနဲနဲလေးပဲထည့် ပါတယ်ဆိုရုံလေး။ အဲဒါဆို ကြွပ်ကြွပ်လေးရတယ်။ ခဏမွှေပြီး ငရုပ်သီးကြိုက်ရင် ထည့် မွှေချ ချလိုက်နော်။

မုန်လာဥနီကို သေးသေးလေးတွေလှီးတာရယ်၊ ပဲစိမ်းရယ်၊ ရေပေါ်ဝဲရယ်၊ ပုဇွန်အသေးရယ်ကို ဆန်မှာ ရေလျှော့ထည့်ပြီး ခါတိုင်းထမင်းချက်သလို ချက်လိုက်တာပါ။ ရေပေါ်ဝဲကို အတုံးသေးသေးတုံးပြီး ဆားနဲ့နယ် ရေနဲ့ပြုပ်ပါတယ်။ ပုဇွန်ကိုလည်း ရေနဲ့ခဏပြုပ်တယ်။ ညှီတာ မကြိုက်လို့ ဆန်ထဲမထည့်ခင် နဲနဲပြုပ်လိုက်တာပါ။ ချက်စားကြည့်ပါ မမ sin dan lar။ ကြိုက်တတ်ရင် မှို၊ ကြက်သားတို့နဲ့လည်း ထည့်ချက်လို့ ရပါတယ်။

သက်ဝေ November 30, 2008 at 10:11 AM  

ဟော...
နိကလေး စိတ်ကြည်လင်လာပြီ...
ဟင်းတွေချက်နေသည်...
မစားရ၍ စိတ်မကောင်းပါ
အိမ်ချင်းနီးရန် ဆုတောင်းပါသည်...။

Anonymous November 30, 2008 at 11:30 AM  

နိနိရေ...
ပေါက် ပန်ထွေဖျော်ရင်တော့..
ဆီထည့်တတ်တဲ့အကျင့်မရှိဘူး..
နောက်တခါလုပ်စားရင်..နိနိနည်းနဲ့
လုပ်စားကြည့်မယ်..

RePublic November 30, 2008 at 1:17 PM  

မမကွိ ..ကျနော်ကျတော့ ပန်ထွေဖျော် မကျွေးဘူးလား ၊၊ ကိုကြီးဝီ ကျတော့မေ့နေတယ်ပေါ့ ၊၊ ကွိကွိ၊၊ မမကွိ က ဟင်းအချက်အပြုတ်နိုင်နင်းတယ်၊၊ သေသပ်စနစ်ကျတယ်ဗျာ ၊၊ ပုံလေးတွေကိုကြည့်ပီး ပြောလို့ရပါတယ်၊၊

Welcome November 30, 2008 at 1:38 PM  

ပါးစပ်ပျက်၊ အစားအသောက်ပျက်တဲ့ ဒီလို ရာသီ အချိန်မှာ ပန်ထွေဖျော်ကို အနှစ်သက်ဆုံးပါပဲ။

http://winzaw-mdy.blogspot.com/

လင်း November 30, 2008 at 2:14 PM  

ယောင်းယောင်းရယ် ဟင်းချက်ကောင်းလွန်းတယ်။
စားချင်လိုက်တာနော်

Anonymous November 30, 2008 at 7:19 PM  

မဇနိရေ ပန်ထွေဖျော်ဆိုတာ လုပ်စားကြည့်ဦးမှ ထင်တယ်။ ကြည့်ရတာ သွားရေကျစရာ။ ဗိုက်ဆာဆာနဲ့ပြန်သွားပါသည်။

ရွှေဂျမ်း December 1, 2008 at 3:06 AM  

ရန်ကုန်အိမ်မှာဆိုလည်း ပန်ထွေဖျော် ခဏခဏလုပ်စားတယ်။ လွမ်းပြီး စားချင်သွားပြီ။း(

Anonymous December 1, 2008 at 10:02 AM  

မြန်မာရောက်ရင် တကယ်ဖိတ်ကျွေးမယ်လို့ ပြောဖူးတယ်နော် မမနိ မှတ်မိလားးး

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP