ရှောက်သီးသုပ်နဲ့ကြာဇံဟင်း

>> Sunday, November 16, 2008


မိုးတွေရွာနေတယ်။ ရာသီဥတုအေးလှတယ်။ မြန်မာအမတွေက အိမ်အသစ်ပြောင်းလို့ အိမ်သစ်တက်ပွဲလုပ်တယ်ဆိုပါတော့။ ဒါနဲ့ သူတို့လုပ်ကျွေးတဲ့ ရှောက်သီးသုပ်နဲ့ ကြာဇံဟင်းကို သွားစားတယ်။ နေ့လည်စာရော ညစာပါ စားလာခဲ့တာ။ ကြာဇံက နှစ်အိုးတောင်ချက်ထားတာဆိုတော့ အ၀စားခဲ့တယ်။ ပြန်ခါနီးလည်း ထပ်တီးလိုက်သေးတာ။ ကိုယ်က အငယ်ဆိုတော့ ဘာမှကူမလုပ်ရဘူး။ အစားပဲ စားရုံဆိုတော့ အရမ်းပျော်ပေါ့။ ရှောက်သီးသုပ်ကစပ် ကြာဇံဟင်းကပူ စပ်ပူ ပူစပ် ကောင်း၏။







မဇနိ

15 comments:

ThuHninSee November 16, 2008 at 11:34 AM  

စားချင်ပါဘိ..အခုနေသာ ရှောက်သီးသုပ် စားလိုက်ရရင်
အခိုးတွေပွင့်သွားမလားမသိ။

PAUK November 16, 2008 at 11:46 AM  

ငေးမောပြန်သွားပါသည်။။
ဒီတစ်သက် ရှောက်သီးသုတ်မသုတ်ဖူးသေးပါ။။
ကြိုးစားကြည့်ပါဦးမယ်လေ..။။

Welcome November 16, 2008 at 11:48 AM  

လိုက်ဖက်တယ်၊ ငန်းသွားတယ်၊ စားချင့်စဖွယ်မို့

http://winzaw-mdy.blogspot.com

Dr. Yi Yi Win November 16, 2008 at 12:09 PM  

အဟဲ အွန်လိုင်တက်တက်ချင်း စားစရာနဲ့ တည့်တည့်တိုးတယ်။ စားသွားပြီ နိနိ။

မီယာ November 16, 2008 at 12:41 PM  

ရှောက်သီးသုပ်က စားချင်စရာ။ လှည်းတန်းကကြာဇံ
ဟင်းခါးဆိုင်လေးတောင်သတိရတယ်။
ညနေစာလာစားလှည့်ပါ။
http://prosperandpeace.blogspot.com/2008/11/blog-post_15.html

khin oo may November 16, 2008 at 3:28 PM  

မြန်မာဆန်လိုက်တာနော်။
ကြာဇံဟင်းကလည်းရှယ်ဘဲ။
ကိုနိဘို့တော့ပါဆယ် မထုတ်ခဲ့ဘူး။ မမတို့ဘို့ရော ဘယ်မှာလဲ။

khin oo may November 16, 2008 at 3:29 PM  

ကလစ်လုပ်လိုက်တာနဲ့ ဂလုဖြစ်သွားတယ်။

Moe Cho Thinn November 16, 2008 at 6:42 PM  

စားစရာတွေလဲ မျက်စိနဲ့ ငမ်းရ၊ စားရတာ ကြာပါပြီ။ အမကတော့ practical သမားမို့ လက်တွေ့ စားရ သောက်ရတာကိုသာ အလိုရှိတော်မူသည် နိနိ..ဂလု။

ရှောက်သီးသုပ်ဆိုလို့ တနေ့က ထမင်းစားတုန်း မာယာမဂ္ဂဇင်းက ကိုအေးဝင်းက ဖုန်းဆက်တယ်။ ထမင်းစားနေတာဆိုတော့ ဘာနဲ့လဲ တဲ့။ ရှောက်သီးသုပ်လဲ ပါတယ် အကိုရေ ဆိုတော့ အားပါး ကောင်းလိုက်တာ ငပိလေးထည့်သုတ်တာပေါ့နော် တဲ့။ ဟိုက်.. အဲဒီတော့မှ ငပိမထည့်မိတာ သတိရတယ်။ စားပြီးလို့ ကုန်ခါတောင် နီးပြီ။ သူကလဲ ကိုယ်ဆွေးအောင် ထပ်ပြောတယ်။ ရှောက်သီးသုတ်မှာ ပှုဇွန်ငပိလေးက အဓိက ဆိုပဲ။ :(

လင်း November 17, 2008 at 4:44 AM  

အားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ရှောက်သီးသုတ် စားချင်တယ်။ ကြာဆံဟင်းလဲ စားချင်တယ်။ သိပ်မနှိပ်စက်ပါနဲ့  မနိနိရယ်။ လူထုကို သနားပါ။

nu-san November 17, 2008 at 6:38 AM  

မဇနိရေ.. ရုံးက ထမင်းစားချိန်လေး လာသွားရည်ကျရတယ်.. အမက ဒီနေ့ ကြာဇံချက်တော့ မဟုတ်ဘူး.. ကြာဇံဟင်းခါးလိုမျိုး ချက်လာတယ်.. မဇနိဆီက ရှောက်သီးသုပ်နဲ့ဆို ကွက်တိပဲ.. အဲဒါကြောင့် ရှောက်သီးသုပ်ပန်းကန်ကြီးကြည့်ပြီး သွားရည်ကျနေရတယ်.. ညကျမှ သုပ်စားဦးမယ်.. ညီမလေးတို့ဆီမှာ ရှောက်သီးရတယ်နော်.. ဒီမှာက ရှောက်သီးသုပ်စားချင်ရင် သံပယိုသီးကို သုပ်စားရတယ်.. (သနားပါတယ်နော်... :P)

တန်ခူး November 17, 2008 at 7:52 AM  

နိနိရေ… မှောင်မှောင်ရှောက်သီးသုတ်သည်လေးတွေ သတိရသွားတယ်… အစာအိမ်ဖြစ်ကတည်းက ဝေးခဲ့ရတဲ့ရှောက်သီးသုတ်လေ… ခုတွေ့ ရင်ခု သွားရည်ယိုတုန်း…

May Moe November 17, 2008 at 7:58 AM  

အချဉ် မကြိုက်ဘူး But ရှောက်သီးသုတ်တော့ကြိုက်တယ် မြင်တိုင်းသွားရည်ကျတယ် ဂလု :D

ရွှေဂျမ်း November 17, 2008 at 8:13 AM  

ရှောက်သီးသုပ်လေးကို လွမ်းလိုက်တာ အရမ်းပဲး(

RePublic November 17, 2008 at 5:52 PM  

ကိုကြီးဝီ က အားလုံးကြိုက်တယ် ၊၊ အမဲသားတော့ မစားဝူးဗျ ၊၊အဲဒါပါပဲ မမကွိ ၊၊ ကွိကွိ

Unknown November 19, 2008 at 6:01 AM  

မြန်မာပြည်တုန်းက ရှောက်သီးသုတ်နဲ့ ကြာဇံဟင်းကို မန္တလေး ဈေးချိုမှာ သွားသွားစားတာ လွမ်းမိတယ်ဗျာ။

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP