ဆရာ နန္ဒာစိုး (ဆင်ဖြူကျွန်း) ရဲ့ “ကျွန်တော်တို့နဲ့ ကြမ်းပိုးတကောင်”

>> Saturday, November 22, 2008


ဆရာ နန္ဒာစိုး (ဆင်ဖြူကျွန်း) ရဲ့ “ကျွန်တော်တို့နဲ့ ကြမ်းပိုးတကောင်” ဆိုတဲ့ ဝတ္ထုတိုကို ကျနော် ဧရာဝတီအင်တာနက် မဂ္ဂဇင်းရဲ့ စာမျက်နှာမှာ ဖတ်ခဲ့ရတာပါ။ ကျနော်အဲဒီဝတ္ထုတိုကို ဖတ်တုန်းက အူတက်အောင်၊ မျက်ရည်ထွက်အောင် ရီခဲ့ရပါတယ်။ ဒီဝတ္ထုတိုလေးကို ဝေမျှဖို့လည်း စဉ်းစားပြီးသားပါ။ ဒီစာရှိတဲ့ ဧရာဝတီက လင့်ကိုလည်း ကျနော်မှတ်ထားပေမယ့် အခုသွားတော့ ပြန်ရှာမရပါဘူး။ ကျနော် ပီဒီအက်ဖ်လေးလုပ်ပြီး သိမ်းထားတာ ရှိလို့ သူငယ်ချင်းတွေ ဖတ်ရအောင် ဝေမျှတာပါ။ အလုပ်တွေက ပင်ပန်းလို့ စိတ်တွေ ဖိစီးနေရင် ဒီဝတ္ထုတိုလေးကို ဖတ်ဖြစ်အောင် ဖတ်လိုက်ပါလို့ ပြောပါရစေ။ ဒီစာအုပ်ကို ဝေမျှဖို့ ဘယ်သူ့ဆီကိုမှ ခွင့်မတောင်းလိုက်ရပါဘူး။ စာရေးဆရာ ဆရာ နန္ဒာစိုး (ဆင်ဖြူကျွန်း)ရယ်၊ ဧရာဝတီအင်တာနက် မဂ္ဂဇင်းကို အထူးကျေးဇူးတင်ပါတယ်။


Nandasoe

Mediafire ကနေလည်း download လုပ်နိုင်ပါတယ်။ [87.2KB]

6 comments:

ကိုပေါ November 22, 2008 at 4:06 PM  

အဲဒီဝတ္ထုကို ဧရာဝတီမှာ ဖတ်ရစဉ်က ကျနော်လည်း သိပ်ကြိုက်။ အဲသည်ဝတ္ထုက ဥတ္တရလမင်းလား၊ ဘာလားမသိ။ အဲသည်လို စာဖတ်အသင်းရဲ့ အကြိုက်ဆုံးဝတ္ထုတိုဆု ရဘူးတယ်ဆိုဘဲ။

ThuHninSee November 22, 2008 at 4:48 PM  

အဲဒီဝတ်ထုတို ဖတ်ဖူးတယ်။ အခု ထပ်ဖတ်သွားတယ်။

RePublic November 22, 2008 at 5:57 PM  

ကောင်းတယ် ကိုနိ ၊၊၀တ္တု တိုလေးကိုကြိုက်တယ်ဗျာ ၊၊
ကျေးဇူးပါ ၊၊ သိမ်းထားလိုက်ပီ ကိုနိ ၊၊

ကိုကြီးဝီ

khin oo may November 22, 2008 at 7:33 PM  

သနားပါတယ် ကိုဇနိရယ်။
ဆရာဝန်ကြီး ကို အကျိုးအကြောင်းပြောပြ ရင် ပြန်လုပ်ပေးမှာပါ။
နောက်တစ်ခု က စိတ်လဲဖြစ်နိုင်တယ်။ မကုတ်ရဘူးဆိုရင် ပိုကုတ်ချင်. ပိုယားချင် ဆိုတဲ့ သဘောနဲ့ကိုက်နေတာလည်းဖြစ်နိုင်တယ်။

တားမြစ် ထားသော... November 26, 2008 at 6:46 PM  

ဖတ်ဖူးတယ်။ ပြန်ဖတ်ပြီး ခံစားသွားတယ်။ ဖတ်ပြီးသားဆိုတော့ ဟာသထက် ကြမ်းပိုးတွေအကြောင်းကို ပိုတွေးမိပါတယ်။

ကိုက်တယ်ဗျ။ ကျွန်တော်တော့ ရေနွေးမကြိုရသေးဘူး။

သုခမိန်(E-Journal)

သစ်ထူးသွင် July 3, 2014 at 11:08 PM  

စောက်ရူးတွေ

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP