ပန်းဂေါ်ဖီ

>> Monday, November 10, 2008






ဒီနေ့ညနေ ကျောင်းပြန်လာတော့ ဗိုက်ဆာနေပြီ။ ထမင်းက မချက်ခဲ့မိ။ ဆန်ဆေးထမင်းလေးချက်ထားနှင့်ပြီး မြန်မြန်ကျက်မည့်ဟင်းကို စဉ်းစားလိုက်ရတယ်။ ပန်းဂေါ်ဖီရှိနေတာနဲ့ သူ့ကိုကြော်စားမယ်ပေါ့။ ကြက်ဥနဲ့ပန်းပွင့်ကြော်တာမျိုး မကြိုက်ဘူးဆိုတော့ ခရမ်းချဉ်သီးလေးနဲ့ ကြော်ချက်လေးလုပ်လိုက်တာပါ။ ပဲသီး၊ ငရုပ်သီး၊ ပန်းပွင့်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူကို သင်ထား ရေဆေးထားပြီး ဆီမှာထည့်ကြော်တာပါပဲ။ အသားမထည့်တော့ ပုဇွန်ထည့်တယ်။ ရေစပ်စပ်လေးထည့်ပြီး ခဏပဲထားတာပါ။ ပန်းပွင့်ဆတ်တောက်တောက်လေးမှ အရသာရှိတာမို့ မြန်မြန်ချ၊ ပူပူလေးနဲ့ ထမင်းစားလိုက်တော့လည်း မဆိုးပါဘူး။
မဇနိ

5 comments:

RePublic November 10, 2008 at 3:48 PM  

မမကွိ ကို သိရလို့ နှုတ်ဆက်ဖို့လာတာဗျာ ၊၊ ပန်းဂေါ်ဖီကြော်နဲ့ တိုးတယ် ၊၊စားချင်စရာဗျာ ၊၊ ပုံကိုကြည့်ပြီး သွားရေကျသွားတယ်မမကွိ ရာ ၊၊

ကိုကြီးဝီ

:P November 10, 2008 at 3:57 PM  

ပါဝင်ပစ္စည်းတွေ အကုန်အိမ်မှာအဆင်သင့်ရှိနေတယ်..
မနက်ဖြန် ချက်စားမယ်

Welcome November 10, 2008 at 4:07 PM  

အစ်မ KOM ဆီက မီနူးသိပ်မကြိုက်လို့ ပုဇွန်ပန်းကော်ဖီ ကို လာလွေးသွားပါကြောင်း၊ နောက် ဘာချက်အုန်းမလဲ အစ်မဇနိ
အားပေးလျက်ပါ...

http://winzaw-mdy.blogspot.com

khin oo may November 10, 2008 at 4:12 PM  

အစ်မလက်ရာနဲ့ ဘာ မှ မဆိုင်ဘူး။ ကိုဂီက အစ်မဟင်း ကို စိတ်ထဲ ကစားသွားပြီးညီမ ဟင်း ကိုတော့သားရေကျ သွားတယ် ဆိုဘဲ။ :P

PAUK November 10, 2008 at 5:29 PM  

နိနိရေ..
အခုမှပြန်ရောက်တယ်..
ဗိုက်ဆာလာတာနဲ့အတော်ပဲ..
စားနေပြီ..

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP