ကျိန်စာ

>> Monday, November 5, 2007

မင်းလည်းသိ ငါလည်းသိ
ဒါကိုပဲ ကျိန်စာတွေမိနေသလိုမျိုး
ပြောမရ အန်မရ ခက်လှပါလားကွယ်။

ရိုးသားလှတဲ့ ဖြစ်စဉ်
ကလိမ့်စေ့ ငြမ်းဆင်တာ တစ်ခုမှလည်း မပါဘူး
မင့်နားမှာပေါက် ပြောလို့မခက်ရအောင်
မင့်ခံရတဲ့ ကျိန်စာပြေပါတော့လားကွယ်။

အနိုင်အရှုံးရှိလိုတဲ့ ကစားပွဲဆိုလည်း
ရိုးသားတဲ့ စည်းကမ်းတွေထားဖို့လိုတာပေါ့။

မဖက်ပြိုင်လိုသူတွေကိုမှ အလဲထိုး
တစ်ဖက်သတ်ကျိန်စာသင့်ပွဲတွေပေါ့။

ဒိုင်လူကြီးမရှိ
ဥပဒေမရှိ
စည်းမရှိ
ဘာမျှမရှိ အားလုံးနတ္ထိ။

ကျဆုံးလိုက်ကြစမ်း
ကျဆုံးလိုက်ကြစမ်းပါ
ရှုံးနိမ့်သူတို့အောင်ပွဲဆိုတာတွေကို
နှောင်းလူတွေ အက္ခရာတင်ရအောင်
ကျိန်စာတွေကို ဖယ်ရှားလိုက်ကြ။

ကျိန်စာတွေကို အသုံးချ
လိုတရ သဘောနဲ့
အောင်ပွဲ အောင်ပွဲလို့
ထပ်ခါတလဲလဲ ပြောနေပေမယ့်
အရာမထင်ခဲ့တာ စဉ်းစားစရာပါ။

ဒါကြောင့်
အောင်ပွဲဆိုတာ လက်တကမ်း
အမိအရ ဖမ်းနိုင်ဖို့
တို့တစ်တွေ ညီညွတ်စွာ
ကျိန်စာတွေကို တိုက်ဖျက်ကြစို့လား။

ဇနိ၊မောင်ဖြူ၊ကိုလုံး

0 comments:

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP