မနက်ဖြန်

>> Saturday, November 17, 2007

အာမခံချက် တစုံတရာဘာမျှပေးမထားတဲ့
မနက်ဖြန်တွေကို မျှော်လင့်
အခွင့်အရေးတွေများ မျက်စိလည်လမ်းမှား
ရောက်လာမလားဆိုတဲ့ အတွေးနဲ့ပေါ့…။
အသစ်စက်စက် အခွင့်အရေးတွေကို တမ်းတရင်း
ပြန်ဆက်လို့မရအောင် ကြေမွသွားတဲ့ရင်ခွင်ကြီးက
မာန်မာနတွေတက်နေလိုက်သေး
မရောက်ရှိသေးတဲ့ မနက်ဖြန်ကတော့
တန်ဘိုးကြီးမားလှတဲ့ အခွင့်အရေးအသစ်တွေကို
ချက်ချင်းဆိုသလို ပေးတော့မလိုနဲ့…။
ပါးပါးလေးကျန်တော့တဲ့
ရှင်သန်နေထိုင်မှုဘ၀ကို
အလွန်ထုထည်ကြီးမားသယောင် ဖန်ဆင်းရင်း
ခပ်တင်းတင်းလေးနဲ့…
မနက်ဖြန်တွေကို လိုက်လံခူးဆွတ်ဖို့ ကြိုးစားရတာ
အရူးအမူးပါပဲ…။
မောင်လုံး

1 comments:

မောင်ဖြူ November 18, 2007 at 11:09 AM  

မနက်ဖြန်ဆိုသောလက်များကို ကမ်းလင့်ရင်း
မဝေးတော့သောအနာဂတ်နေရက်များဆီသို့
မျက်စိမှိတ်ပြီးသာလျှောက်ပေတော့ ကိုမောင်လုံးရေ..
ခရီးဆုံးရင်တော့ ရွာတွေ့မှာပါ။ ရွာတိုင်းမှာတော့ စုန်းကဝေတစ်ယောက်ယောက်ရှိနေတတ်တယ်။

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP