ရီပင် အိလျယ ရယ်ဖိမိုဗိ(ခ်ျ)

>> Monday, November 12, 2007


ရီပင် အိလျယ ရယ်ဖိမိုဗိ(ခ်ျ) (၅-သြဂုတ်-၁၈၄၄-ယူကရိန်း၊ ၂၉-စက်တင်ဘာ-၁၉၃၀-ဖင်လန်) က ရုရှားအကျော်အမော် ပန်းချီဆရာပါ။ ပေါထရိတ်(portrait) ဆရာကြီးပါ။ သမိုင်းဝင်ဖြစ်စဉ်တွေရော၊ နေစဉ်အဖြစ်အပျက်တွေပါ ရေးဆွဲပါတယ်။ ၁၃ နှစ်သားကစပြီး ချုဂူရက်(ဗ်)မြို့မှာ ဘူနာကော့(ဗ်)ဆီမှာ ပန်းချီပညာသင်ယူပါတယ်။ ၁၈၆၃ ရောက်တော့ စိန့်ပီတာစဘတ်မြို့ အနုပညာကျောင်းကို ၀င်ခွင့်ရပြီး ၁၈၆၉ခုနှစ်မှာ အောင်မြင်စွာ သင်ယူခဲ့ပြီး လူငယ်ရွှေတံဆိပ်ဆုကို အိအော်(ဗ်) နှင့်သူငယ်ချင်းများ ပန်းချီကားနဲ့ ရခဲ့ပါတယ်။ ၁၈၇၂ခု မှာ ရွှေတံဆိပ်ဆုကြီးတစ်ခုရခဲ့ပါသေးတယ်။ ၁၈၇၀ မှာ ဗော်လဂါမြစ်ကမ်းတစ်လျောက် ခရီလှည့်သွားတော့ ပန်းချီကားတွေအများကြီးရေးဆွဲခဲ့ပါတယ်။ သူရေးဆွဲခဲ့တဲ့ ဗော်လဂါမြစ်မှ လှေသမားများ ဆိုတဲ့ ပန်းချီကားကိုကြည့်ရင်း ဆွဲတင်ရတဲ့လှေကြီးနဲ့ ဗော်လဂါမြစ်မှ လှေသမားတွေရဲ့ ခက်ခဲကြမ်းတမ်းလှတဲ့ဘ၀ကို ကြည့်ရှုသူများ စာနာခံစားစေနိုင်ပါတယ်။ Ivan Terrible & Ivan ပန်းချီးကားကလည်း နာမည်ကြီးပါပဲ။ သူရဲ့ပန်းချီးကားတွေကို ကြည့်ရှုခံစားကြပါဦး။


ရီပင် အိလျယ ရယ်ဖိမိုဗိ(ခ်ျ) ကိုယ်တိုင်ရေးပုံတူ


Ivan Terrible & Ivan
ဗော်လဂါမြစ်မှ လှေသမားများ
















ဒီနေရာနဲ့ ဒီမှာလည်း သွားပြီး ပန်းချီကားတွေခံစားလို့ရပါတယ်။ ကျေးဇူးတင်ပါတယ်။

0 comments:

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP