လွမ်းအိပ်မက်

>> Monday, November 5, 2007

လေလှိုင်းထဲကအိပ်မက်
မပျောက်ပြယ်ခဲ့ပါဘူး ကောင်မလေးရယ်…။
အနေဝေး ခဲ့ကြပေမယ့် အချိန်တိုင်း
တွေးမိနေတာက မင်းရဲ့အကြောင်းတွေပါ…။
ဟိုတစ်ချိန်က ပြောခဲ့တဲ့ စကာလေးတွေ
ပြန်လည်ကြားယောင်ရင်း အလွမ်းစိတ်ကို ဖြေသိမ့်ခဲ့တယ်…။
ဒါပေမယ့် အဲဒီအလွမ်းတွေကတော့
မင်းရဲ့အမည်နာမကို တမ်းတမ်းတတ ရေရွတ်နေတယ်…။
မင်းနဲ့ဝေးသွားတဲ့ ငါ့ရင်ထဲမှာ ဆက်တိုက်ဆိုသလို
အလွမ်းမီးတွေ လောင်မြိုက်ခဲ့တာပါ…။
လေတွေတိုက်ခဲ့တဲ့ မှောင်မိုက်တဲ့ညတွေထဲမှာ
ငါတစ်ယောက်ထဲ အထီးကျန် လမ်းပျောက်ခဲ့ရတော့
မင်းနဲ့ချစ်နေဖို့ ရင်ထဲမှာ မျှော်လင့်နေမိနေပြီ…။

ပီတာမောင်လုံး

1 comments:

Anonymous November 21, 2007 at 10:25 AM  

အိုဘယ်ပီတာမောင်လုံး.....
မျှော်လင့်နေယုံနဲ့ တော့
ဘာမှဖြစ်လာမှာမဟုတ်ဘူးနော်.....

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP