စက်ဘီးငှားမယ်

>> Friday, April 27, 2007

လမ်းဘေးမှာရပ်ထားတဲ့ အငှားစက်ဘီးလေး

ဂျာမနီနိုင်ငံက မြို့တွေမှာ စက်ဘီးငှားတဲ့ စနစ်လေးက စိတ်ဝင်စားစရာပါ။ ငှားလို့ရမယ့် စက်ဘီးဟာ လမ်းဘေးမှာ ဂဏန်းတွဲနဲ့ ဖွင့်ရတဲ့ အီလက်ထရောနစ်သော့နဲ့ ခတ်ပြီး ရပ်ထားပါလိမ့်မယ်။ စက်ဘီး ငှားချင်ရင်တော့ ပထမဆုံး ကုမ္ပဏီဖုံးနံပါတ်ကို ခေါ်ပြီး မှတ်ပုံတင်စာရင်းသွင်းထားရပါမယ်။ စက်ဘီးကို စီးချင်တဲ့ အခါမှာတော့ လမ်းဘေးမှာတွေ့တဲ့ နီးရာစက်ဘီးက ဂဏန်းပြဒိုင်ခွက်ကို ကြည့်လိုက်ပါ၊ အစိမ်းရောင် လင်းလက်နေရင် အဲဒီစက်ဘီးက အားပါတယ်၊ ငှားလို့ရတယ်။ ဒိုင်ခွက်က ဖုံးနံပါတ်ကို မိမိလက်ကိုင်ဖုံးနဲ့ ခေါ်ဆိုပြီး စက်ဘီးရဲ့ ကုဒ်နံပါတ်ကို ထည့်သွင်းပေးရပါမယ်။ အဲဒီအခါမှာ စက်ဘီးကို ခတ်ထားတဲ့ အီလက်ထရောနစ်သော့ကို ဖွင့်ဖို့ ဂဏန်းတွဲကို ကုမ္ပဏီက မိမိဖုံးဆီ ပြန်ပို့ပေးပါလိမ့်မယ်။ ဒါဆိုရင်တော့ စက်ဘီးကို စီးပြီး သွားလိုရာကို သွားလို့ရပါပြီ။ ပြန်အပ်မယ်ဆိုရင်တော့ အနီးဆုံးလမ်းဆုံမှာ လမ်းဘေးက စက်ဘီးစတန်း၊ ဒါမှမဟုတ် တန်းတစ်တန်းတန်းမှာ သော့ခေတ်ပြီး စက်ဘီးရဲ့ ဂဏန်းပြတဲ့ ဒိုင်ခွက်မှာ ပေါ်လာတဲ့ ဂဏန်းတွဲရယ် စက်ဘီးထားခဲ့တဲ့ နေရာရယ်ကို လက်ကိုင်ဖုံးကတဆင့် ကုမ္ပဏီဆီကို လှမ်းအကြောင်းကြားလိုက်ရုံပါပဲ။ စက်ဘီးငှားခက တစ်မိနစ်ကို ရှစ်ဆင့်လောက်၊ ဒါမှမဟုတ် တနေကုန် ငှားမယ်ဆိုရင် ၁၅ ယူရိုလောက် ကုန်ကျမယ်လို့ဆိုပါတယ်။

နည်းပညာအချက်အလက်တွေကို ဒီဝက်(ဘ်)ဆိုက်မှာ ဖတ်နိုင်ပါတယ် http://www.ccc.de/hackabike/

0 comments:

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP